လုကာ ၁၀:၁-၄၂

  • တ​ပည့် ၇၀ ကို ယေရှု​စေ​လွှတ် (၁-၁၂)

  • နောင်​တ​မရ​တဲ့​မြို့​တွေ အဖြစ်​ဆိုး (၁၃-၁၆)

  • တ​ပည့် ၇၀ ပြန်​ရောက်​လာ (၁၇-၂၀)

  • နှိမ့်​ချ​သူ​တွေ​ကို ဖော်​ပြပေး​တဲ့​အတွက် အဖဘု​ရား​ကို ယေရှု​ချီး​မွမ်း (၂၁-၂၄)

  • ရှ​မာ​ရိ​လူ ပုံ​ဥပမာ (၂၅-၃၇)

  • မာ​သနဲ့ မာ​ရိ​ဆီ ယေရှု သွား​လည် (၃၈-၄၂)

၁၀  အဲဒီ​နောက် သခင်​ယေရှု​က နောက်​ထပ်​တ​ပည့် ၇၀ ကို​ခန့်​ပြီး သူ​သွား​မယ့်​မြို့​ရွာ​တွေ​ဆီ နှစ်​ယောက်​တစ်​တွဲ ကြို​လွှတ်​လိုက်​တယ်။+ ၂  ပြီး​တော့ အခု​လို​မှာ​တယ်– “စ​ပါး​ရိတ်​စ​ရာ အများ​ကြီး​ရှိ​တယ်။ လုပ်​သား​တွေ​က​တော့ နည်း​နေ​တယ်။ ဒါ​ကြောင့် လုပ်​သား​တွေ စေ​လွှတ်​ပေး​ဖို့ စ​ပါး​ရှင်​ဆီ ဆုတောင်း​ကြ​ပါ။+ ၃  ခင်​ဗျား​တို့ သွား​နိုင်​ပြီ။ ဝံ​ပု​လွေ​အုပ်​ထဲ သိုး​တွေ​လွှတ်​သလို ခင်​ဗျား​တို့​ကို ကျွန်​တော်​လွှတ်​တယ်။+ ၄  ငွေ​အိတ်၊ ရိက္ခာ​အိတ်၊ ဖိနပ်​တွေ မယူ​သွား​ပါ​နဲ့။+ လမ်း​မှာ ဘယ်​သူ့​ကို​မှ နှုတ်​မဆက်​ပါ​နဲ့။ ၅  အိမ်​ထဲ​ဝင်​တာ​နဲ့ ‘ဒီ​အိမ်​မှာ ငြိမ်သက်​ခြင်း​ရှိ​ပါ​စေ’ လို့ အရင်​ပြော​ပါ။+ ၆  အဲဒီ​အိမ်​မှာ ငြိမ်သက်​ခြင်း​လို​လား​သူ ရှိ​ရင် သူ့​အပေါ် ငြိမ်သက်​ခြင်း တည်​နေ​လိမ့်​မယ်။ မရှိ​ရင်တော့ ငြိမ်သက်​ခြင်း​က ခင်​ဗျား​တို့​အပေါ်​မှာ​ပဲ တည်​နေ​လိမ့်​မယ်။ ၇  ငြိမ်သက်​ခြင်း​လို​လား​သူ ရှိ​တဲ့​အိမ်​မှာ​ပဲ တည်း​ခို​ပါ။+ အလုပ်​လုပ်​သူ​ဟာ လုပ်​ခ​ရ​ထိုက်​တဲ့​အတွက်+ အိမ်​ရှင်​ကျွေး​မွေး​တာ​ကို စား​သောက်​ပါ။+ နောက်​တစ်​အိမ်​ကို မပြောင်း​ပါ​နဲ့။ ၈  “မြို့​တစ်​မြို့​ထဲ ဝင်​တဲ့​အခါ ခင်ဗျား​တို့​ကို လက်ခံ​ကြို​ဆို​ရင် သူတို့ တည်​ခင်း​တာ​ကို စား​ပါ။ ၉  လူ​နာ​တွေ​ကို ကုပေး​ပါ။ ‘ဘုရား​သခင့်​နိုင်​ငံ​တော် နီးနေ​ပြီ’+ လို့​ဟော​ပါ။ ၁၀  မြို့​တစ်​မြို့​ထဲ ဝင်​တဲ့​အခါ ခင်​ဗျား​တို့​ကို လက်မခံ​ရင်​တော့ လမ်း​မပေါ်​ထွက်​ပြီး၊ ၁၁  ‘ကျွန်​တော်​တို့​ခြေ​ထောက်​က ဖုန်​တွေ​ကို ခါ​လိုက်​ပြီ။*+ ဒါ​ပေမဲ့ ဘုရား​သခင့်​နိုင်​ငံ​တော် နီး​နေ​ပြီ ဆို​တာ​ကို​တော့ သိ​ထား​ကြ​ပါ’ လို့​ပြော​ပါ။ ၁၂  ကျွန်​တော် ပြော​မယ်။ တ​ရား​စီ​ရင်ရာ​နေ့​မှာ အဲဒီ​မြို့​ဟာ သော​ဒုံ​မြို့​ထက် ပို​ခံ​ရ​လိမ့်​မယ်။+ ၁၃  “ခေါ​ရာ​ဇိန်​မြို့​သား​တို့၊ အ​ဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်။ ဗက်ဇဲ​ဒ​မြို့​သား​တို့၊ အဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်။ ခင်​ဗျား​တို့​မြို့​မှာ ဖြစ်​ခဲ့​တဲ့ တန်ခိုး​ကြီး​လုပ်​ရပ်တွေ​သာ တိုင်​ရာ​နဲ့ ဆိုင်​ဒုန်​မြို့​မှာ ဖြစ်​ခဲ့ရင် ဟိုးအရင်​က​တည်း​က အဲဒီ​မြို့​သား​တွေ အထည်​ကြမ်း​ကို​ဝတ်၊ ပြာ​ပေါ်​ထိုင်​ပြီး နောင်​တ​ရ​နေ​လောက်​ပြီ။+ ၁၄  တရား​စီ​ရင်ရာ​နေ့​မှာ ခင်​ဗျား​တို့​ဟာ တိုင်​ရာ​နဲ့ ဆိုင်​ဒုန်​မြို့​သား​တွေ​ထက် ပို​ခံ​ရ​လိမ့်​မယ်။ ၁၅  က​ပေရ​နောင်​မြို့​သား​တို့၊ ခင်​ဗျား​တို့ မိုး​ထိ​အောင် ချီး​မြှောက်​ခံ​ရ​မယ်​လို့​များ ထင်​နေ​သလား။ မဟုတ်​ဘူး။ သင်္ချိုင်း​အထိ ဆင်း​သွား​ရ​မှာ။ ၁၆  “ခင်​ဗျား​တို့​ရဲ့​စကား​ကို နား​ထောင်​တာ​ဟာ ကျွန်​တော့်​စကား​ကို နား​ထောင်​တာ​ပဲ။+ ခင်​ဗျား​တို့​ကို အရေး​မလုပ်​တာ​ဟာ ကျွန်​တော့်​ကို အရေး​မလုပ်​တာ​ပဲ။ ကျွန်​တော့်​ကို အရေး​မလုပ်​တာ​ဟာ ကျွန်​တော့်​ကို စေ​လွှတ်​တဲ့​အရှင်​ကို အရေး​မလုပ်​တာ​ပဲ။”+ ၁၇  အဲဒီ​နောက် တ​ပည့် ၇၀ ပြန်​ရောက်​လာ​ပြီး “သခင်၊ သခင့်​နာ​မည်​ကို​သုံး​ပြီး နတ်​ဆိုး​တွေ​ကို​တောင် ကျွန်​တော်​တို့ အနိုင်​ရခဲ့​ပြီ”+ လို့ ဝမ်း​သာ​အား​ရ ပြော​ပြတယ်။ ၁၈  အဲဒီ​အခါ ယေရှု​က “စာ​တန်​ဟာ လျှပ်​စီး​လို ကောင်း​ကင်​က​နေ ကျ​သွား​တာ​ကို+ ကျွန်​တော်​မြင်​တယ်။ ၁၉  မြွေတွေ၊ ကင်း​မြီး​ကောက်​တွေ​ကို နင်း​ခြေ​နိုင်​တဲ့ တန်ခိုး​အာ​ဏာ၊ ရန်​သူ့​တန်ခိုး​အလုံး​စုံ​ကို နှိမ်​နင်း​နိုင်​တဲ့ တန်ခိုး​အာ​ဏာ ခင်​ဗျား​တို့​ကို ကျွန်​တော် အပ်​နှင်း​လိုက်​ပြီ။+ ခင်​ဗျား​တို့​ကို ဘာ​က​မှ အန္တရာယ်​ မပေး​နိုင်​ဘူး။ ၂၀  ဒါ​ပေမဲ့ နတ်​ဆိုး​တွေ​ကို အနိုင်​ရလို့ ဝမ်း​မသာ​ပါ​နဲ့။ ကောင်း​ကင်​မှာ နာ​မည်​စာ​ရင်း​ဝင်​လို့ ဝမ်း​သာ​ကြ​ပါ”+ လို့​ပြော​တယ်။ ၂၁  အဲဒီ​အချိန်​မှာ​ပဲ ယေရှု​က သန့်​ရှင်း​သော​စွမ်းအား​တော် ပြည့်​ပြီး ဝမ်း​သာ​အား​ရ​နဲ့ “မိုး​မြေကို​ပိုင်​စိုး​တဲ့ အဖ၊ ဒီ​အကြောင်း​အရာတွေ​ကို ဉာဏ်​ကြီး​ရှင်​တွေ၊ ပညာ​တတ်​တွေ​ကို+ လုံး​ဝ မဖော်​ပြဘဲ က​လေး​လို နှိမ့်​ချ​သူ​တွေ​ကို ဖော်​ပြပေး​တဲ့​အတွက် အဖကို လူ​အများ​ရှေ့​မှာ ချီး​မွမ်း​ပါ​တယ်။ တ​ကယ်​လည်း ဒါ​ဟာ အဖအလို​ရှိ​တဲ့​အတိုင်း​ပါ​ပဲ။+ ၂၂  အဖဘုရား​က ကျွန်​တော့်​ကို အရာ​ခပ်​သိမ်း အပ်​နှင်း​လိုက်​ပြီ။ သား​ဖြစ်​သူ ကျွန်​တော့်​အကြောင်း အဖဘုရား​က​လွဲ​လို့ ဘယ်​သူ​မှ မသိ​ဘူး။ အဖဘုရား​အကြောင်း​လည်း သား​ဖြစ်​သူ ကျွန်​တော်​နဲ့+ ကျွန်​တော် ဖော်​ပြချင်​သူ​တွေ​က​လွဲ​လို့ ဘယ်​သူ​မှ မသိ​ဘူး”+ လို့​ပြော​တယ်။ ၂၃  အဲဒီ​နောက် တ​ပည့်တွေ​ချည်း​ပဲ​ရှိ​နေ​ချိန်​မှာ ယေရှု​က “ခင်​ဗျား​တို့​မြင်​တဲ့​အရာ​ကို မြင်​ရ​သူ​တွေ​ဟာ ပျော်​ရွှင်​ချမ်း​မြေ့သူ​တွေ​ပဲ။+ ၂၄  ကျွန်​တော် ပြော​မယ်။ ပရော​ဖက်​တွေ၊ ဘု​ရင်တွေ​က ခင်ဗျား​တို့​မြင်​ရ​တာ​တွေ​ကို မြင်​ချင်​ပေမဲ့ မြင်​ခွင့်​မရခဲ့​ဘူး။+ ခင်​ဗျား​တို့​ကြား​ရ​တာ​တွေ​ကို ကြား​ချင်​ပေမဲ့ ကြား​ခွင့်​မရခဲ့​ဘူး” လို့​ပြော​တယ်။ ၂၅  တစ်​နေ့​မှာ ပညတ်​ကျမ်း နှံ့​စပ်​သူ​တစ်​ယောက်​က ယေရှု​ကို ပညာ​စမ်း​ချင်​တော့ “ဆ​ရာ၊ ထာ​ဝ​ရ​အသက်​ရ​ဖို့ ကျွန်​တော် ဘာ​လုပ်​ရ​မလဲ” လို့​မေး​တယ်။+ ၂၆  ယေရှု​က “ပညတ်​ကျမ်း​မှာ ဘာ​ရေး​ထား​သလဲ။ ခင်​ဗျား ဘယ်​လို​ဖတ်​ဖူး​သလဲ” လို့​ ပြန်​မေး​တဲ့​အခါ၊ ၂၇  သူ​က “‘ယေဟောဝါ* ဘုရား​ကို စိတ်​စွမ်း​ရှိ​သမျှ၊ ကိုယ်​စွမ်း​ရှိ​သမျှ၊ ခွန်​အား​ရှိ​သမျှ၊ ဉာဏ်​စွမ်း​ရှိ​သမျှ​နဲ့ ချစ်​ပါ။’+ ပြီး​တော့ ‘လူ​လူ​ချင်း​ကို ကိုယ်​နဲ့​ထပ်​တူ ချစ်​ပါ’+ လို့ ရေး​ထား​ပါ​တယ်” ဆို​ပြီး​ပြန်​ဖြေတယ်။ ၂၈  ယေရှု​က “ခင်​ဗျား​ဖြေတာ မှန်​တယ်။ အဲဒီ​အတိုင်း အမြဲလုပ်​ပါ။ အသက်​ရ​လိမ့်​မယ်”+ လို့​ပြော​လိုက်​တယ်။ ၂၉  ဒါ​ပေမဲ့ အဲဒီ​လူ​က သူ​ဖြောင့်​မတ်​တယ်​ဆို​တာ ပြချင်​တော့+ “ကျွန်​တော်​ချစ်​ရ​မယ့် လူ​သား​ချင်း​ဟာ ဘယ်​သူ​လဲ” လို့​မေး​တယ်။ ၃၀  ဒါ​နဲ့ ယေရှု​က “လူ​တစ်​ယောက်​က ဂျေရု​ဆ​လင်​မြို့​က​နေ ယေ​ရိ​ခေါ​မြို့​ကို ဆင်း​သွား​တဲ့​အခါ လမ်း​မှာ ဓား​ပြတွေ​နဲ့ တိုး​တယ်။ ဓား​ပြတွေ​က သူ့​အဝတ်​ပါ​မကျန် ချွတ်​ယူ​ကြ​တယ်။ သူ့​ကို ရိုက်​နှက်​ပြီး သေလု​မြော​ပါး ဖြစ်​တော့​မှ ပစ်​ထား​ခဲ့​ကြ​တယ်။ ၃၁  တိုက်​တိုက်​ဆိုင်​ဆိုင် ပု​ရော​ဟိတ်​တစ်​ယောက် အဲဒီ​လမ်း​အတိုင်း ဆင်း​လာ​တယ်။ သူ့​ကို​မြင်​တော့ လမ်း​တစ်​ဖက်​ကို ရှောင်​သွား​တယ်။ ၃၂  လေ​ဝိအမျိုး​သား​တစ်​ယောက်​လည်း အဲဒီ​နေ​ရာ​ကို ရောက်​လာ​ပြီး သူ့​ကို​မြင်​တော့ လမ်း​တစ်​ဖက်​ကို ရှောင်​သွား​တယ်။ ၃၃  ရှ​မာ​ရိ​လူ​တစ်​ယောက်​လည်း+ အဲဒီ​လမ်း​အတိုင်း ခ​ရီး​နှင်​လာ​တယ်။ သူ့​ကို​တွေ့​တဲ့​အခါ သနား​သွား​တယ်။ ၃၄  ဒါ​နဲ့ သူ့​အနား​သွား​ပြီး ဒဏ်​ရာတွေ​ကို ဆီ​နဲ့​ဝိုင် လိမ်း​ပေး​တယ်။ ပတ်​တီး​စည်း​ပေး​တယ်။ ပြီး​တော့ မြည်း​ပေါ်​တင်၊ ဧည့်​ရိပ်​သာ​ဆီ ခေါ်​သွား​ပြီး ပြု​စု​တယ်။ ၃၅  နောက်​တစ်​နေ့​မှာ ရှ​မာ​ရိ​လူ​က ဧည့်​ရိပ်​သာ​ပိုင်​ရှင်​ကို ဒေ​နာ​ရိ* နှစ်​ပြား​ထုတ်​ပေး​ပြီး ‘ဒီ​လူ​ကို ပြု​စု​ထား​ပေး​ပါ။ နောက်​ထပ်​ကုန်​ကျ​သမျှ​ကို ကျွန်​တော် ပြန်​လာ​တဲ့​အခါ ပေး​ပါ့​မယ်’ လို့​ မှာ​ခဲ့​တယ်။ ၃၆  ဒီ​တော့ အဲဒီ​လူ​သုံး​ယောက်​မှာ ဓား​ပြတိုက်​ခံ​ရ​သူ​ကို လူ​သား​ချင်း​ချစ်​တဲ့ မေတ္တာ​ပြတာ ဘယ်​သူ​လို့ ခင်​ဗျား​ထင်​သလဲ”+ လို့​မေး​တဲ့​အခါ၊ ၃၇  “သနား​စိတ်​နဲ့ ကူညီ​တဲ့​သူ​ပေါ့”+ လို့ သူ​ဖြေတယ်။ ယေရှု​က “ခင်ဗျား​လည်း သွား​ပြီး အဲဒီ​အတိုင်း လုပ်​ပါ”+ လို့​ပြော​တယ်။ ၃၈  ဒီ​လို​နဲ့ ခ​ရီး​ဆက်​ရင်း ရွာ​တစ်​ရွာ​ကို ရောက်​လာ​တယ်။ မာ​သလို့​ခေါ်​တဲ့+ အမျိုး​သမီး​က ယေရှု​ကို သူ့​အိမ်​မှာ ကြို​ဆို​ဧည့်​ခံ​တယ်။ ၃၉  သူ့​မှာ မာ​ရိလို့​ခေါ်​တဲ့ ညီ​မတစ်​ယောက် ရှိ​တယ်။ မာ​ရိ​က ယေရှု​ရဲ့​ခြေ​ရင်း​မှာ ထိုင်​ပြီး​သွန်​သင်​ပေး​သမျှ​ကို နား​ထောင်​နေ​တယ်။ ၄၀  မာ​သက​တော့ ဧည့်​ဝတ်​ပြု​ဖို့​အတွက် ဗျာ​များ​နေ​တယ်။ ဒါ​ကြောင့် ယေရှု​ဆီ လာ​ပြီး “သခင်၊ ညီ​မလေး​က ကျွန်​မကို ဒိုင်​ခံ​လုပ်​ခိုင်း​နေ​တာ။ ဒီ​အတိုင်း ကြည့်​နေ​တော့​မှာ​လား။ ကျွန်​မကို ဝိုင်း​ကူ​ဖို့ ပြော​ပေး​ပါ​ဦး” လို့​ပြော​တယ်။ ၄၁  အဲဒီ​အခါ ယေရှု​က “မာ​သက များ​များ​စား​စား မလုပ်​နိုင်​မှာ​ကို စိတ်​ပူ​ပြီး ဗျာ​များ​နေ​တာ​ကိုး။ ၄၂  တ​ကယ်​တော့ များ​များ​စား​စား မလို​ပါ​ဘူး။ တစ်​မျိုး​တည်း​ဆို​ရင်​လည်း ဖြစ်​ပါ​တယ်။ မာ​ရိ​က​တော့ အကောင်း​ဆုံး​ကို ရွေး​လိုက်​ပြီ။+ အဲဒါ​ကို သူ့​ဆီ​က​နေ ဘယ်​သူ​မှ လုယူ​လို့​မရ​ဘူး” လို့​ပြော​တယ်။

အောက်ခြေမှတ်ချက်များ

တာဝန်​ကျေ​ခဲ့​ပြီဆို​တာ​ကို ဖော်​ပြတဲ့ အပြု​အမူ​ဖြစ်။