ရောမ ၇:၁-၂၅

  • ပညတ်​တ​ရား​လက်​အောက်​က လွတ်​မြောက်​ခြင်း​အကြောင်း ပုံ​ဥ​ပမာ (၁-၆)

  • ပညတ်​တ​ရား​ကြောင့် အပြစ်​အကြောင်း​သိလာ (၇-၁၂)

  • အပြစ်​နဲ့ တိုက်​ခိုက်​နေ​ရ (၁၃-၂၅)

 ညီအစ်​ကို​တို့၊ လူ​ဟာ အသက်​ရှင်​နေ​သရွေ့  ပညတ်​တ​ရား​အောက်​မှာ ရှိ​မှန်း ခင်​ဗျား​တို့ မသိ​ဘဲ​နေ​မှာ မဟုတ်​ဘူး။  (ပညတ်​သိ​တဲ့​သူ​တွေ​ကို  ကျွန်​တော် ပြော​နေ​တာ မို့လို့​ပါ။) ၂  ဥ​ပမာ၊  ဇနီး​ဟာ  ခင်​ပွန်း​ဖြစ်​သူ​အသက်​ရှင်​နေ​သရွေ့ ဥ​ပဒေ​အရ ခင်​ပွန်း​နဲ့ ပေါင်း​ဖက်​ရ​မယ်။ ခင်​ပွန်း​သေဆုံး​ရင်​တော့ ခင်​ပွန်း​ရဲ့​ပညတ်​ အောက်​က​နေ လွတ်​သွား​ပြီ။+ ၃  တ​ကယ်​လို့ ဇနီး​က ခင်​ပွန်း​အသက်​ရှင်​နေ​တုန်း တ​ခြား​ယောက်ျား​နဲ့ အိမ်​ထောင်​ပြု​ရင် ဖောက်​ပြန်​တဲ့​မိန်း​မလို့ အခေါ်​ခံ​ရ​လိမ့်​မယ်။+ ခင်ပွန်း  သေဆုံး​ရင်​တော့  ခင်ပွန်း​ရဲ့​ပညတ်အောက်​က​နေ ကင်း​လွတ်​သွား​ပြီဖြစ်​လို့  နောက်​အိမ်​ထောင်​ပြု​ရင်​လည်း ဖောက်​ပြန်​တဲ့​မိန်း​မလို့ မပြော​နိုင်​ပါ​ဘူး။+ ၄  ညီ​အစ်​ကို​တို့၊ ခင်​ဗျား​တို့​လည်း ပညတ်​တ​ရား​အောက်​မှာ  ရှိ​ခဲ့​တယ်။ အခု​တော့  ခ​ရစ်​တော်ရဲ့  ပူ​ဇော်​သက္ကာ​ကြောင့် ပညတ်​တ​ရား​အောက်​က​နေ ကင်း​လွတ်​သွား​ပြီဖြစ်​လို့ သေရာ​က​နေ အသက်​ပြန်​ရှင်​လာ​တဲ့+ ခ​ရစ်​တော်ရဲ့ ပိုင်​ဆိုင်​သူ​တွေ၊+ ဘု​ရား​သခင့်​ဘုန်း​တော် ထင်​ရှား​စေ​မယ့်​အကျင့်​ကို ကျင့်​တဲ့​သူ​တွေ ဖြစ်​သွား​ပြီ။+ ၅  သွေး​သား​ဆန္ဒ​အတိုင်း ကျွန်​တော်​တို့ အသက်​ရှင်​ခဲ့​တုန်းက​ မှား​ယွင်း​တဲ့ လို​အင်​ဆန္ဒ​ဟာ ခန္ဓာ​ကိုယ်​ကို အပြစ်​ကျူး​လွန်​စေ​မှန်း ပညတ်​တ​ရား​က ရှင်း​ရှင်း​လင်း​လင်း သိ​ရှိ​စေ​တယ်။ အဲ​ဒီ​အပြစ်​က သေခြင်း​ဆီ ပို့​ဆောင်​ပေး​တယ်။+ ၆  အခု​တော့ ကျွန်​တော်​တို့  ပညတ်​တ​ရား  အောက်​က​နေ  လွတ်​မြောက်​လာ​ပြီဖြစ်​လို့+ ပညတ်​တ​ရားရဲ့ အချုပ်​အနှောင်​ကနေ လွတ်​မြောက်​လာ​ပြီ။ ဒါ​ကြောင့် မော​ရှေ​ရေးခဲ့​တဲ့ ပညတ်​ဟောင်း​အတိုင်း မဟုတ်​ဘဲ+  စွမ်း​အား​တော်  လမ်း​ညွှန်​တဲ့​အတိုင်း+ ဘု​ရား​သခင်​ဆီ​မှာ ကျွန်​ခံ​နိုင်ကြ​ပြီ။ ၇  ဒါ​ဆို ဘယ်​လို​ပြော​ရ​မလဲ။ ပညတ်​တ​ရား​မှာ အပြစ်​အနာ​အဆာ​ရှိ​တယ်​ဆို​တဲ့ သဘော​လား။ လုံး​ဝ မဟုတ်​ပါ​ဘူး။ ပညတ်​တ​ရား​သာ မရှိ​ခဲ့ရင် အပြစ်​ဆို​တာ ဘာ​မှန်း  ကျွန်​တော်​သိ​မှာ  မဟုတ်​ဘူး။+ ဥ​ပမာ၊ “လို​ချင်​တပ်​မက်​စိတ် မရှိ​နဲ့”+ ဆိုတဲ့  ပညတ်​သာ​မရှိ​ရင် တပ်မက်​စိတ်​အကြောင်း  ကျွန်​တော်​သိ​မှာ​ မဟုတ်​ဘူး။ ၈  ဒါ​ပေမဲ့  ပညတ်​ကြောင့်​  အပြစ်​က အခွင့်​ရ​သွား​ပြီး ကျွန်​တော့်​ဆီ​မှာ  တပ်​မက်​စိတ်​အမျိုး​မျိုး ဖြစ်ပေါ်​စေ​တယ်။ ပညတ်​မရှိ​ခင်​တုန်း​က  အပြစ်​ဟာ အသေဖြစ်​နေ​တယ်။+ ၉  ပညတ်​မရှိ​ခင်​တုန်း​က ကျွန်​တော် ရှင်​သန်​ခဲ့​ဖူး​တယ်။ ပညတ်​ရောက်​လာ​တဲ့အခါ အပြစ်​ဟာ  အသက်​ဝင်​လာ​တယ်။  ကျွန်​တော်​က​တော့  သေဆုံး​သွား​တယ်။+ ၁၀  အ​သက်​ရှင်​ခြင်း​ဆီ ပို့​ဆောင်​ပေး​ရ​မယ့် ပညတ်​ဟာ+  သေခြင်း​ဆီ  ပို့​ဆောင်​ပေး​မှန်း ကျွန်​တော် သိ​လိုက်​ရ​တယ်။ ၁၁  ပညတ်​ကြောင့် အပြစ်​က အခွင့်​ရ​သွား​ပြီး ကျွန်​တော့်​ကို ဖြား​ယောင်း​တယ်၊  ပညတ်​အား​ဖြင့် ကျွန်တော့်​ကို  သတ်​လိုက်​တယ်။ ၁၂  ဒါ​ကြောင့် ပညတ်​တ​ရား​ကိုယ်​နှိုက်​ဟာ သန့်​ရှင်း​မြင့်မြတ်​ပါ​တယ်။ ပညတ်​ချက်​ဟာ​ သန့်​ရှင်း​မြင့်မြတ်​တယ်၊ ဖြောင့်​မှန်​တယ်၊ ကောင်းမြတ်​ပါ​တယ်။+ ၁၃  ဒါ​ဆို​ရင် ကောင်းမြတ်​တဲ့​အရာ​က ကျွန်​တော့်​ကို သေစေ​တာ​လား။ လုံး​ဝ မဟုတ်​ပါ​ဘူး။ အပြစ်​က​သာ သေစေ​တာ​ပါ။ အပြစ်​က မိမိ​ရဲ့ သဘော​သဘာ​ဝ​ကို ဖော်​ပြဖို့ ကောင်းမြတ်​တဲ့​အရာ​အား​ဖြင့် ကျွန်​တော့်​ကို သေစေ​တာ​ပါ။+ ဒီ​နည်း​နဲ့ အပြစ်​ဟာ သိပ်​ဆိုး​ရွား​မှန်း ပညတ်​ချက်​ကြောင့် ပို​ထင်​ရှား​လာ​တယ်။+ ၁၄  ပညတ်​တ​ရား​ကို ဘု​ရား​သခင်​ဆီ​က ရခဲ့​မှန်း ကျွန်​တော်​တို့ သိ​တယ်။ ကျွန်​တော်​က​တော့ အပြစ်​ရဲ့​လက်​ထဲ ရောင်း​စား​ခံ​ရ​သူ၊ အပြစ်​ရှိ​သူ​ပါ။+ ၁၅  ကိုယ်​ဘာ​လုပ်​နေ​မှန်း ကိုယ်​နား​မလည်​ဘူး​ကိုး။ ကိုယ်​လုပ်​ချင်​တာ​ကို မလုပ်​ဘဲ ကိုယ်​မုန်း​တဲ့​အရာ​ကို​မှ လုပ်​မိ​နေ​တာ​ကိုး။ ၁၆  ဒါ​ပေမဲ့ ကိုယ်​မလုပ်​ချင်​တာ​ကို​မှ လုပ်​မိ​တယ်​ဆို​ရင် ပညတ်​တ​ရား ကောင်းမြတ်​မှန်း ကျွန်​တော် ဝန်​ခံ​လိုက်​တာ​ပဲ။ ၁၇  ဒါ​ဆို​ရင် မကောင်း​တာ​လုပ်​တဲ့​သူ​ဟာ ကျွန်​တော် မဟုတ်​တော့​ဘူး။ ကျွန်​တော့်​ဆီ​မှာ ကိ​န်း​အောင်း​နေ​တဲ့ အပြစ်​က လုပ်​နေ​တာ။+ ၁၈  ကျွန်​တော့်​ဆီ​မှာ တစ်​နည်း​အား​ဖြင့် ကျွန်​တော့်​ကိုယ်​ခ​န္ဓာ​ထဲ​မှာ ကောင်း​တာ​တစ်​ခု​မှ မရှိ​မှန်း သိ​ပါ​တယ်။ ဘာ​လို့​လဲ​ဆို​တော့ ကျွန်​တော့်​မှာ ကောင်း​တာ​လုပ်​ချင်​တဲ့ ဆန္ဒ​တော့ ရှိ​ပါ​ရဲ့၊ ခက်​တာ​က လုပ်​နိုင်​စွမ်း​မရှိ​ဘူး  ဖြစ်​နေ​တယ်။+ ၁၉  လုပ်​ချင်​တဲ့​ကောင်း​မှု​ကို မလုပ်​ဘဲ မလုပ်​ချင်​တဲ့ မကောင်း​မှု​ကို​မှ လုပ်​မိ​နေ​တယ်။ ၂၀  မလုပ်​ချင်​တာ​ကို လုပ်​မိ​တယ်​ဆို​ရင် လုပ်​တဲ့​သူ​ဟာ ကျွန်​တော် မဟုတ်​တော့​ဘူး။ ကျွန်​တော့်​ဆီ​မှာ ကိ​န်း​အောင်း​နေ​တဲ့ အပြစ်​က လုပ်​နေ​တာ။ ၂၁  ဒါ​ကြောင့် ကိုယ်​တွေ့​သိ​လိုက်​ရ​တဲ့ တ​ရား​တစ်​ခု​က မှန်​တာ​ကို လုပ်​ချင်​တဲ့​အခါ မကောင်း​တာ​လုပ်​ချင်​စိတ်​က ကျွန်​တော့်​ဆီ​မှာ ရှိ​နှင့်​နေ​တယ်​ဆို​တဲ့ အချက်​ပဲ။+ ၂၂  ကျွန်​တော်​က ဘု​ရား​သခင်​ရဲ့ ပညတ်​ကို စိတ်​ထဲ​မှာ နှစ်​နှစ်​ကာ​ကာ မြတ်​နိုး​ပါ​တယ်။+ ၂၃  ဒါ​ပေမဲ့ ကျွန်​တော့်​ကိုယ်​ခ​န္ဓာ​ထဲ​မှာ  တ​ခြား​တရား​တစ်​ခု​က စိတ်​ထဲ​က​တ​ရား​ကို တိုက်​ခိုက်​တဲ့​အတွက်+ ကိုယ်​ခ​န္ဓာ​ထဲ​မှာ​ရှိ​နေ​တဲ့ အပြစ်​တ​ရားရဲ့ ဖမ်း​ဆီး​ချုပ်​နှောင်​မှု​အောက်  ကျွန်​တော်  ရောက်​သွား​တာ​ကို+  မြင်​လိုက်​တယ်။ ၂၄  ကျွန်​တော့်​အဖြစ် ဆိုး​လိုက်​တာ။ ဒီ​လို​အဖြစ်​မျိုး​နဲ့ သေဆုံး​စေ​မယ့် ကိုယ်​ခ​န္ဓာ​က​နေ လွတ်​မြောက်​အောင် ဘယ်​သူ ကယ်​တင်​ပေး​မလဲ။ ၂၅  သခင်​ယေရှု​ခ​ရစ်​အား​ဖြင့် ကျွန်​တော့်​ကို ကယ်​တင်​တဲ့ ဘုရား​သခင်​ကို ကျေး​ဇူး​တင်​ပါ​တယ်။ ကျွန်​တော်​ဟာ စိတ်​က​တော့ ဘု​ရား​သခင့်​ပညတ်​ရဲ့​ကျွန် ဖြစ်​နေ​ပေမဲ့ ကိုယ်​ခ​န္ဓာ​က​တော့ အပြစ်​ရဲ့​ကျွန် ဖြစ်​နေ​တယ်။+

အောက်ခြေမှတ်ချက်များ