ရောမ ၁၁:၁-၃၆

  • အစ္စရေး တစ်​မျိုး​လုံး​ကို ပစ်​ပယ်​တာ​မဟုတ် (၁-၁၆)

  • သံ​လွင်​ပင် ပုံ​ဥ​ပမာ (၁၇-၃၂)

  • ဘု​ရား​သခင်​ရဲ့ ဉာဏ်​ပညာ အလွန်​ကြွယ်​ဝ (၃၃-၃၆)

၁၁  ဒါ​ဆို​ရင် ကျွန်​တော် မေး​ဦး​မယ်။ လူ​မျိုး​တော်​ကို ဘု​ရား​သခင် ပစ်​ပယ်​လိုက်​တာ​လား။+ လုံးဝ​ မဟုတ်​ပါ​ဘူး။  ကျွန်​တော်​ကိုယ်​တိုင်​က အစ္စရေး​တစ်​ယောက်​ပါ။ အာ​ဗြ​ဟံ​ရဲ့​မျိုး​နွယ်၊ ဗင်​ယာ​မိန် မျိုး​နွယ်​စု​က​ပါ။ ၂  ဘု​ရား​သခင်​က   ကိုယ်​တိုင်   ဦးဆုံး​အသိ​အမှတ်​ပြု​ခဲ့​တဲ့ လူ​မျိုး​တော်​ကို မပစ်​ပယ်​ပါ​ဘူး။+ ဧ​လိ​ယ​က  အစ္စရေးတွေ​အ​ကြောင်း ဘု​ရား​သခင်​ဆီ တိုင်​ကြား​ပြီး အသနား​ခံ​ချိန်​မှာ ဘာ​တွေ​ပြော​ခဲ့​သလဲ​ဆို​တာ ကျမ်း​စာ​မှာ ခင်​ဗျား​တို့ မဖတ်​ဖူး​ကြ​ဘူး​လား။ ၃  “ယေဟောဝါ* ဘုရား၊ ပရော​ဖက်​တွေ​ကို သူ​တို့ ကွပ်​မျက်​လိုက်​ကြ​ပြီ။ ပူ​ဇော်ရာ​ပလ္လင်တွေ​ကို ဖြို​ဖျက်​လိုက်​ကြ​ပြီ။ ကျွန်​တော်​တစ်​ယောက်​ပဲ ကျန်​တော့​တယ်။ အခု​ဆို ကျွန်​တော့်​အသက်​ကို​ပါ သတ်​ပစ်​ဖို့  ရှာ​ကြံ​နေ​ကြ​ပြီ”+  လို့ သူ​ပြော​တော့၊ ၄  ဘု​ရား​သခင် ဘာ​ပြန်​ပြော​ခဲ့​သလဲ။ “ဗာ​လ​ရှေ့​မှာ ဒူး​မထောက်​တဲ့​သူ အယောက် ၇,၀၀၀ ရှိ​သေး​တယ်”+ လို့ ပြော​ခဲ့​တယ်။ ၅  အလား​တူ​ပဲ၊ အခု​အချိန်​မှာ​လည်း မဟာ​က​ရု​ဏာ​တော်​ကြောင့် ရွေး​ချယ်​ခံ​ရ​တဲ့ ကျန်​ကြွင်း​သူ​တစ်​စု ရှိ​နေ​တယ်။+ ၆  မဟာ​က​ရု​ဏာ​တော်​ကြောင့်+ ရွေး​ချယ်​ခံ​ရ​တာ​ဆို​ရင် သူ​တို့​ရဲ့​အကျင့်​ကြောင့် ရွေး​ချယ်​ခံ​ရ​တာ မဟုတ်​တော့​ဘူး။+ ဟုတ်​ခဲ့ရင် ဒီ​ကရု​ဏာ​ကို မဟာ​က​ရု​ဏာ​တော်လို့ မဆို​နိုင်​ဘူး။ ၇  အဲ​ဒီ​တော့ ဘာ​ဖြစ်​လဲ။ အစ္စရေးတွေ​က သူ​တို့ သိပ်​လို​ချင်​တဲ့​အရာ​ကို မရ​လိုက်​ဘူး။ ရွေး​ချယ်​ခံ​ရ​သူ​တွေ​က​တော့ ရ​လိုက်​တယ်။+ ကျန်​တဲ့​သူ​တွေ​က​တော့ စိတ်​နှ​လုံး ထုံ​ထိုင်း​သွား​ပြီ။+ ၈  “ဘုရား​သခင်​က သူ​တို့​ရဲ့ စိတ်​ကို အိပ်​မော​ကျ​စေ​တယ်။+ သူ​တို့​ကို မမြင်​နိုင်​တဲ့​မျက်​စိ၊ မကြား​နိုင်​တဲ့​နား​တွေ ပေး​တယ်။ အခု​ချိန်​အထိ သူ​တို့ အဲ​ဒီ​လို​ဖြစ်​နေ​တုန်း​ပဲ”+ ဆို​တဲ့ ကျမ်း​စ​ကား​အတိုင်း​ပါ​ပဲ။ ၉  ဒါ​ဝိဒ်​က​လည်း “သူ​တို့​ရဲ့​စား​ပွဲ​ဟာ သူ​တို့​အတွက် ကျော့​ကွင်း၊ ထောင်​ချောက်၊ ဆူး​ငြောင့်​ခ​လုတ် ဖြစ်​ပါ​စေ။ သူ​တို့ ဒဏ်​ခတ်​ခံ​ရ​ပါ​စေ။ ၁၀  သူ​တို့​ရဲ့​မျက်​စိ​တွေ မမြင်​နိုင်​အောင် ကွယ်​သွား​ပါ​စေ။ သူ​တို့​ရဲ့​ကျော​ကုန်း​ဟာ အမြဲကိုင်း​နေ​ပါ​စေ”+ လို့​ပြော​ခဲ့​တယ်။ ၁၁  ဒါ​ဆို ကျွန်​တော် မေး​ဦး​မယ်။ သူ​တို့​က  ခ​လုတ်​တိုက်​ပြီး ပြန်​မထ​နိုင်​အောင် လဲ​ကျ​သွား​တာ​လား။ လုံး​ဝ မဟုတ်​ပါ​ဘူး။ ဒါ​ပေမဲ့ သူ​တို့ ခြေ​လှမ်း​မှား​တဲ့​အတွက် လူ​မျိုး​ခြား​တွေ ကယ်​တင်​ခြင်း​ရ​ဖို့ လမ်း​စ​ပွင့်​သွား​တယ်။ ဒါ​ဟာ သူ​တို့​ရဲ့ မနာ​လို​စိတ်​ကို ဆွ​ဖို့​ပဲ။+ ၁၂  သူ​တို့ ခြေ​လှမ်း​မှား​တာ​က လော​က​အ​တွက် ကောင်း​ချီး​ဖြစ်​သွား​ရင်၊ သူ​တို့ ဆုတ်​ယုတ်​တာ​က လူ​မျိုး​ခြား​တွေ​အ​တွက်​ ကောင်း​ချီး​ဖြစ်​သွား​ရင်+ စု​သိမ်း​ခံ​ရ​မယ့်​အရေ​အတွက်​ဟာ သူ​တို့​နဲ့​သာ ပြည့်​သွား​ခဲ့ရင် ပို​လို့​တောင် ကောင်း​ချီး ဖြစ်​စေ​မှာ​ပဲ။ ၁၃  အခု၊ လူ​မျိုး​ခြား​ဖြစ်​တဲ့ ခင်​ဗျား​တို့​ကို ကျွန်​တော် ပြော​မယ်။ ကျွန်​တော်​က လူ​မျိုး​ခြား​တွေ​နဲ့​ဆိုင်​တဲ့ တမန်​တော်​ဖြစ်​တဲ့​အတွက်+ ကျွန်​တော့်ရဲ့ အမှု​ဆောင်​လုပ်​ငန်း​ကို ဂုဏ်​ယူ​ပါ​တယ်။+ ၁၄  ကျွန်​တော်​က လူ​မျိုး​ချင်း​တွေ​ကို မနာ​လို​စိတ်​ပေါ်​လာ​အောင် တစ်​နည်း​နည်း​နဲ့ ဆွ​ဖို့ ကြိုး​စား​တယ်။ သူ​တို့​ထဲ​က​တ​ချို့​ကို ကယ်​တင်​ခြင်း ရ​စေ​ဖို့​ပါ။ ၁၅  သူ​တို့ ငြင်း​ပယ်​ခံ​လိုက်​ရ​တာ​က+ လော​က​ကို ဘု​ရား​သခင်​နဲ့ ပြန်​လည်​သင့်မြတ်​စေ​တယ်​ဆို​ရင် သူ​တို့ လက်​ခံ​မှု​သာ​ရခဲ့ရင် သေဆုံး​တဲ့​အဖြစ်​က​နေ ရှင်​သန်​နေ​တဲ့​အဖြစ်​ကို ကူး​ပြောင်း​ကြ​သွား​မယ်  မဟုတ်​လား။ ၁၆  ဦး​ဆုံး* ဆက်​သတဲ့ မုန့်​ညက်​တစ်​ပိုင်း​က သန့်​ရှင်း​ရင် မုန့်​ညက်​တစ်​ပုံ​လုံး​လည်း သန့်​ရှင်း​တယ်။ အမြစ်​က သန့်​ရှင်း​ရင် အကိုင်း​အခက်​တွေ​လည်း သန့်​ရှင်း​တယ်။ ၁၇  ဒါ​ပေမဲ့ ဘု​ရား​သခင်​က သံ​လွင်​ပင်​ကိုင်း​တ​ချို့​ကို ခုတ်​ဖြတ်​ပြီး သံ​လွင်​ပင်​အရိုင်း​ဖြစ်​တဲ့  ခင်​ဗျား​ကို  ကိုင်း​ဆက်​လိုက်​တဲ့​အခါ ခင်​ဗျား​လည်း သံလွင်​အမြစ်​ရဲ့  အဆီ​အနှစ်​တွေ​ကို​ မျှဝေ​ခံစား​နေ​ရ​တယ်။ ၁၈  ဒါ​ကြောင့်​အ​ကိုင်း​အခက်​တွေ​အပေါ် မမောက်​မာ​ပါ​နဲ့။ မောက်​မာ​ခဲ့ရင်+ ခင်​ဗျား​က အမြစ်​ကို  ထောက်​မနေ​တာ  မဟုတ်​ဘူး၊ အမြစ်​က​သာ ခင်ဗျား​ကို ထောက်​မနေ​တယ်​ဆို​တာ  သတိ​ရ​ပါ။ ၁၉  “ငါ့​ကို ကိုင်း​ဆက်​ဖို့ အကိုင်း​အခက်​တွေ​ကို ခုတ်​ဖြတ်​လိုက်​တာ​ပဲ”+ ဆို​ပြီး  ခင်​ဗျား ပြော​လိမ့်​မယ်။ ၂၀  ဟုတ်​ပါ​တယ်။ သူ​တို့​က ယုံ​ကြည်​ခြင်း​မရှိ​လို့ ခုတ်​ဖြတ်​ခံ​ရ​တာ။+ ခင်​ဗျား​က​တော့  ယုံ​ကြည်​ခြင်း​ရှိ​လို့  ရပ်​တည်​နေ​တာ။+ ဒါ​ကြောင့် မာ​န​မကြီး​ကြ​နဲ့။ သတိ​ရှိ​နေ​ကြ​ပါ။ ၂၁  ဘုရား​သခင်​က သံ​လွင်​ပင်​ရဲ့  မူ​လ​အကိုင်း​အခက်​တွေ​ကို  မချန်​ထား​ဘူး​ဆို​ရင် ခင်ဗျား​ကို​လည်း ချန်​ထား​မှာ  မဟုတ်​ဘူး။ ၂၂  ဘု​ရား​သခင်​ရဲ့ သနား​ကြင်​နာ​ခြင်း​နဲ့+ ဒဏ်​ခတ်​ခြင်း​အကြောင်း စဉ်း​စား​ကြည့်​လိုက်​ပါ။ လဲ​ကျ​သွား​သူ​တွေ  ဒဏ်​ခတ်​ခံ​လိုက်​ရ​တယ်။+ ခင်​ဗျား​က​တော့ ဘု​ရား​သခင်​ရဲ့ သနား​ကြင်​နာ​မှု​ရ​ဖို့ ကြိုး​စား​နေ​သရွေ့ သနား​ကြင်​နာ​မှု​ကို ခံ​စား​ရ​မယ်။ မဟုတ်​ရင်​တော့ ခင်​ဗျား​လည်း ခုတ်​ဖြတ်​ခံ​ရ​မှာ​ပဲ။ ၂၃  ဒါ​ပေမဲ့ သူ​တို့​ ယုံ​ကြည်​ခြင်း ရှိ​လာ​မယ်​ဆို​ရင်  ပြန်​ပြီး  ကိုင်း​ဆက်​ခံ​ရ​လိမ့်​မယ်။+ ဘု​ရား​သခင်​က သူ​တို့​ကို ပြန်​ပြီး​ကိုင်း​ဆက်​ပေး​ဖို့ တတ်​စွမ်း​နိုင်​တယ်။ ၂၄  ခင်​ဗျား​ကို သံ​လွင်​ပင်​အရိုင်း​က​နေ ခုတ်​ယူ​ပြီး​တဲ့​နောက် သံ​လွင်​ပင်​အယဉ်​မှာ သဘာ​ဝ​နဲ့​ဆန့်​ကျင်​ပြီး ကိုင်း​ဆက်​ထား​တယ်​ဆို​ရင် မူ​လ​အကိုင်း​အခက်​ဖြစ်​တဲ့ သူ​တို့​ကို မူ​လ​သံ​လွင်​ပင်​မှာ ပြန်​ပြီး​ကိုင်း​ဆက်​ဖို့​ဆို​တာ ပို​လို့​တောင် ဖြစ်​နိုင်​တာ​ပေါ့။ ၂၅  ညီ​အစ်​ကို​တို့၊ မြင့်မြတ်လှ​တဲ့ ဒီ​လျှို့ဝှက်​ချက်​ကို ခင်​ဗျား​တို့ သတိ​မမူ​မိ​တာ​မျိုး  မဖြစ်​စေ​ချင်​ဘူး။+  ဒီ​လို​မှ​မဟုတ်​ရင် ကိုယ့်​ကိုယ်​ကိုယ် ဟုတ်​လှ​ပြီလို့ ထင်​နေ​ကြ​မယ်။ အစ္စရေး​တ​ချို့​က​တော့ စိတ်​နှ​လုံး ထုံ​ထိုင်း​နေ​ကြ​တယ်။ စုသိမ်း​ခံ​ရ​မယ့် အရေ​အတွက်​ဟာ လူ​မျိုး​ခြား​တွေ​နဲ့ ပြည့်​သွား​တဲ့​အချိန်​အထိ သူ​တို့ အဲ​ဒီ​လို​ဖြစ်​နေ​လိမ့်​မယ်။ ၂၆  ဒီ​နည်း​နဲ့ အစ္စရေး​အား​လုံး+ ကယ်​တင်​ခံ​ရ​မယ်။ ကျမ်း​စာ​မှာ  “ကယ်​တင်​ရှင်​က ဇိအုန်​တောင်​က​နေ ရောက်​လာ​ပြီး+ ဘုရား​တ​ရား​မဲ့​တဲ့ လုပ်​ရပ်တွေ​ကို ယာကုပ်​အမျိုး​က​နေ ဖယ်​ရှား​မယ်။ ၂၇  သူ​တို့​ရဲ့​အပြစ်​တွေ​ကို ငါ​ဖယ်​ရှား​လိုက်​တဲ့​အချိန်​မှာ+ သူ​တို့​နဲ့ ငါ ပဋိ​ညာ​ဉ်​ဖွဲ့​မယ်”+ လို့ရေး​ထား​တဲ့​အတိုင်း​ပါ​ပဲ။ ၂၈  သူ​တို့​က သတင်း​ကောင်း​ကို လက်​မခံ​တဲ့​အတွက် ဘု​ရား​သခင်​ရဲ့  ရန်​သူ​ဖြစ်​နေ​တာ​တော့  မှန်​ပါ​တယ်။ အဲ​ဒီ​လို​ဖြစ်​လို့​လည်း ခင်ဗျား​တို့ အကျိုး​ရခဲ့​တာ​ပါ။ ဒါ​ပေမဲ့​ ဘုရား​သခင်​က  ဘိုး​ဘေး​တွေ​ကို​ပေး​ထား​တဲ့ ကတိ​ကြောင့် သူ​တို့​ထဲ​က​တ​ချို့​ကို မိတ်​ဆွေ​အဖြစ် ရွေး​ချယ်​ခဲ့​တယ်။+ ၂၉  ဘုရား​သခင်​က ဆု​လက်ဆောင်​ပေး​ခဲ့​တာ၊ ရွေး​ချယ်​ခေါ်​ယူ​ခဲ့​တာ​နဲ့​ပတ်​သက်​ပြီး စိတ်​ပြောင်း​သွား​မှာ မဟုတ်​ဘူး။ ၃၀  ခင်ဗျား​တို့​ဟာ တစ်​ချိန်​က ဘု​ရား​သခင်​ကို မနာ​ခံ​ခဲ့ကြ​ဘူး။+ ဒါ​ပေမဲ့ သူ​တို့​ရဲ့​မနာ​ခံ​မှု​ကြောင့်+ ဘု​ရား​သခင်​ရဲ့​က​ရု​ဏာ​ကို ခင်ဗျား​တို့ အခု ခံ​စား​နေ​ရ​တယ်။+ ၃၁  အခု သူ​တို့​လည်း အဲ​ဒီ​လို​ပဲ နာ​ခံ​မှု​မရှိ​ကြ​ဘူး။ ဒါ​ဟာ ခင်​ဗျား​တို့​ခံ​စား​ရ​တဲ့ က​ရု​ဏာ​တော်​ကို အခု သူ​တို့ ပြန်​ခံ​စား​ရ​ဖို့ ဖြစ်​တယ်။ ၃၂  ဘု​ရား​သခင်​က လူ​အား​လုံး​ကို မနာ​ခံ​မှု​ရဲ့ အကျဉ်း​သား​တွေလို့ မြင်​တယ်။+ ဒါ​ကြောင့် သူ​တို့​အား​လုံး​ကို က​ရု​ဏာ​ပြတယ်။+ ၃၃  ဘု​ရား​သခင်​ရဲ့  ကောင်း​ချီး၊  ဉာဏ်​ပညာ၊  အသိ​ပညာ​တွေ​ဟာ ကြွယ်ဝ​များ​ပြား​လိုက်​တာ။  တရား​စီ​ရင်​ချက်​တွေ​ကို  စိ​စစ်​လို့​မကုန်​နိုင်​ဘူး။ နည်း​လမ်း​တော်တွေ​ကို ခြေ​ရာ​ခံ​လိုက်​လို့ မမီ​နိုင်​ဘူး။ ၃၄  ကျမ်း​စာ​ထဲ​မှာ “ယေဟော​ဝါ​ရဲ့* စိတ်​တော်​ကို ဘယ်​သူ​သိ​သလဲ။ ဘယ်​သူ​က ဘုရား​သခင်​ရဲ့​အကြံ​ပေး  ဖြစ်​ဖူး​လို့​လဲ။”+ ၃၅  “ဘုရား​သ​ခင်​က ကျေး​ဇူး​ဆပ်​ရ​အောင် ဘယ်​သူ​က​များ ဘုရား​ကို အရင်​ကျေး​ဇူး​ပြု​ဖူး​လို့​လဲ”+ ဆို​ပြီး ရေး​ထား​တယ်။ ၃၆  ဘာ​ဖြစ်​လို့​လဲ​ဆို​တော့ အရာ​ခပ်​သိမ်း​ဟာ ဘုရား​သခင်​ဆီ​က​အရင်း​ခံ​ပြီး ဘု​ရား​သခင်​ကြောင့် ဖြစ်​တည်​နေ​တယ်၊ ဘု​ရား​သခင်​အတွက် ဖြစ်​တည်​နေ​တယ်။ ဘု​ရား​သခင့်​ဘုန်း​တော် ထာ​ဝ​ရ ထင်​ရှား​ပါ​စေ။ အာ​မင်။*

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “သီး​ဦး​သီး​ဖျား​အဖြစ်။”
ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”