ရောမ ၁၀:၁-၂၁

  • ဘု​ရား​သခင်​ရှေ့ ဖြောင့်​မတ်​သူ ဖြစ်​နိုင်​ပုံ (၁-၁၅)

    • လူ​သိ​ရှင်​ကြား ကြေ​ညာ (၁၀)

    • ယေဟောဝါ​ကို ဆု​တောင်း​တာ​က ကယ်​တင်​ခြင်း​ရ​စေ (၁၃)

    • သတင်း​ကောင်း ကြေ​ညာ​သူ​တွေရဲ့ခြေ​ လှပတင့်​တယ် (၁၅)

  • သတင်း​ကောင်း​ကို ငြင်း​ပယ်​ကြ (၁၆-၂၁)

၁၀  ညီအစ်​ကို​တို့၊  ကျွန်​တော်​က​  အစ္စ​ရေး​လူ​မျိုး​ကို ကယ်​တင်​ခြင်း​ရ​စေ​ချင်​တဲ့ စေ​တ​နာ​နဲ့ ဘု​ရား​သခင်​ဆီ  တိုး​လျှိုး​အသနား​ခံ​ပေး​ပါ​တယ်။+ ၂  သူ​တို့​ဟာ ဘု​ရား​သခင်​အတွက် စိတ်​ထက်​သန်​သူ​တွေ​ဆို​တာ+  ကျွန်​တော် တပ်​အပ်​ပြော​နိုင်​ပါ​တယ်။ ဒါ​ပေမဲ့ တိကျ​မှန်​ကန်​တဲ့ အသိ​ပညာ​အတိုင်း မဟုတ်​ဘူး။ ၃  ဘု​ရား​သခင်​ရဲ့ ဖြောင့်​မတ်​တဲ့ စံ​နှုန်း​တွေ​ကို+  မသိ​ဘဲ  ကိုယ့်​နည်း​ကိုယ့်​ဟန်​နဲ့  ဖြောင့်​မတ်​ဖို့ ရှာ​ကြံ​နေ​တဲ့​အတွက်+ ဘု​ရား​သခင်​ရဲ့ ဖြောင့်​မတ်​တဲ့ စံ​နှုန်း​တွေ​ကို သူ​တို့​မ​လိုက်​နာ​ကြ​ဘူး။+ ၄  ပညတ်​တ​ရား​ဟာ ခရစ်​တော်​ကြောင့် အဆုံး​တိုင်​သွား​ပြီ။+ ဒါ​ကြောင့် ယုံ​ကြည်​ခြင်း​ရှိ​သူ​အား​လုံး ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခံ​ရ​ပြီ။+ ၅  ပညတ်​တ​ရား  စောင့်​ထိန်း​ခြင်း​ကြောင့် ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခံ​ရ​တာ​နဲ့​ပတ်​သက်​ပြီး မော​ရှေ​က “ပညတ်​တွေ​ကို လိုက်​နာ​သူ​ဟာ ပညတ်​တွေ​အား​ဖြင့် အသက်​ရှင်​ရ​လိမ့်​မယ်”+ လို့ရေးခဲ့​တယ်။ ၆  ဒါ​ပေမဲ့ ယုံ​ကြည်​ခြင်း​ကြောင့် ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခံ​ရ​တာ​နဲ့ ပတ်​သက်​ပြီး “ခ​ရစ်​တော်​ကို ပြန်​ခေါ်​လာ​ဖို့ ‘ဘယ်​သူ​က ကောင်း​ကင်​ကို တက်​မှာ​လဲ။’+ ၇  ဒါ​မှ​မဟုတ် ခ​ရစ်​တော်​ကို သေရာ​က​နေ ထ​မြောက်​လာ​စေ​ဖို့ ‘ဘယ်​သူ​က တွင်း​နက်​ကြီး​ထဲ ဆင်း​မှာ​လဲ’+ ဆို​ပြီး စိတ်​ထဲ​မ​တွေး​ပါနဲ့”+  လို့​လည်း  ရေး​ထား​တယ်။ ၈  ကျမ်း​စာ​က ဘာ​ပြော​သလဲ။ “တရား​စ​ကား​ဟာ ခင်​ဗျား​တို့​ရဲ့ နှုတ်​ထဲ​မှာ၊ နှလုံး​သား​ထဲ​မှာ၊  အနီး​အနား​မှာ​ပဲ ရှိတယ်”+ လို့​ပြော​တယ်။ “တ​ရား​စကား” ဟာ ကျွန်​တော်​တို့ ဟော​ပြော​နေ​တဲ့ ယုံ​ကြည်​ခြင်း​နဲ့​ဆိုင်​တဲ့ သတင်း​စကား​ပဲ။ ၉  ဒါ​ကြောင့်  ယေရှု​ဟာ သခင်​ဖြစ်​တဲ့​အကြောင်း လူ​သိ​ရှင်​ကြား ကြေ​ညာ​မယ်​ဆို​ရင်၊+ ယေရှု​ကို သေရာ​က​နေ ဘု​ရား​သခင် အသက်​ပြန်​ရှင်​စေ​ပြီဆို​တာ စိတ်​ထဲ​မှာ ယုံ​ကြည်​မယ်​ဆို​ရင် ခင်​ဗျား​တို့ ကယ်​တင်​ခံ​ရ​လိမ့်​မယ်။ ၁၀  ဘာ​လို့​လဲ​ဆို​တော့ လူ​တစ်​ယောက်​က စိတ်​ထဲ​မှာ ယုံ​ကြည်​မှ​သာ ဖြောင့်​မတ်​သူ​လို့ သတ်​မှတ်​ခံ​ရ​မှာ။ ယုံ​ကြည်​ကြောင်း လူ​သိ​ရှင်​ကြား ကြေ​ညာ​မှ​သာ+ ကယ်​တင်​ခြင်း​ရ​မှာ​ပါ။ ၁၁  “သခင်​ကို ယုံ​ကြည်​တဲ့​သူ​ဟာ စိတ်​ပျက်​ရ​မှာ မဟုတ်​ဘူး”+ လို့ ကျမ်း​စာ​မှာ ပြော​ထား​တယ်။ ၁၂  ဂျူး​လူ​မျိုးနဲ့ ဂရိ​လူ​မျိုး​ဆို​ပြီး ခွဲ​ခြား​တာ မရှိ​တော့​ဘူး။+ အရာ​အား​လုံး​ကို အုပ်​စိုး​တဲ့​အရှင်​ဟာ တစ်​ပါး​တည်း​ပဲ။ အဲ​ဒီ​အရှင်​က ဆု​တောင်း​သူ​တိုင်း​ကို ရက်ရက်ရောရော ကောင်း​ချီး​ပေး​တယ်။ ၁၃  ဘာ​လို့​လဲ​ဆို​တော့ “ယေဟောဝါ​ရဲ့* နာ​မည်​ကို​ခေါ်​ပြီး ဆု​တောင်း​သူ​တိုင်း ကယ်​တင်​ခံ​ရ​မယ်”+ လို့ ကျမ်း​စာ​မှာ ရေး​ထား​လို့​ပဲ။ ၁၄  ဒါ​ပေမဲ့ မယုံ​ကြည်​တဲ့​အရှင်​ဆီ သူ​တို့ ဘယ်​လို​လုပ် ဆု​တောင်း​မှာ​လဲ။ မကြား​ဖူး​တဲ့​အရှင်​ကို ဘယ်​လို​လုပ် ယုံ​ကြည်​မှာ​လဲ။ ဟော​မယ့်​သူ​မရှိ​ရင် ဘယ်​လို​လုပ် ကြား​မှာ​လဲ။ ၁၅  လူ​ကို​မစေ​လွှတ်​ဘဲ ဘယ်​လို​လုပ် ဟော​ပြော​မှာ​လဲ။+ “ကောင်း​ကျိုး​ချမ်း​သာ​နဲ့​ဆိုင်​တဲ့ သတင်း​ကောင်း​ကို ကြေ​ညာ​တဲ့​သူ​ရဲ့ ခြေ​ဟာ လှ​ပတင့်​တယ်​လိုက်​တာ”+ ဆို​ပြီး ကျမ်း​စာ​မှာ ရေး​ထား​တယ်။ ၁၆  ဒါ​ပေမဲ့ သတင်း​ကောင်း​ကို လူ​တိုင်း နာ​ယူ​ကြ​တာ​မဟုတ်​ဘူး။ ဟေရှာ​ယ​က “ယေဟောဝါ၊* ကျွန်​တော်​တို့​ပြော​တဲ့  သတင်း​ကို  ဘယ်​သူ​ယုံ​လို့​လဲ”+ ဆို​ပြီး ပြော​ခဲ့​တယ်။ ၁၇  ဒါ​ကြောင့် လူ​တစ်​ယောက်​က ကြား​နာ​ပြီး​မှ ယုံ​ကြည်​လာ​တာ။+ ခ​ရစ်​တော်​နဲ့​ဆိုင်​တဲ့ တ​ရား​စ​ကား​ကို ဟော​ပြော​တဲ့​သူ ရှိ​မှ​ပဲ သူ​ကြား​နာ​ရ​တာ။ ၁၈  ဒါ​ပေမဲ့ ကျွန်​တော် တစ်​ခု​မေး​မယ်။ အစ္စရေးတွေ မကြား​လိုက်​ရလို့​လား။ လုံး​ဝ​မဟုတ်​ဘူး။ “အဲ​ဒီ​အသံ​ဟာ မြေတစ်​ပြင်​လုံး​အထိ၊ အဲ​ဒီ​သတင်း​စ​ကား​ဟာ မြေကြီး​စွန်း​အထိ  ပျံ့​နှံ့​သွား​တယ်”+  ဆို​တဲ့ ကျမ်း​စ​ကား​ရှိ​တာ​ပဲ။ ၁၉  ကျွန်​တော် မေး​ဦး​မယ်။ အစ္စရေးတွေ မသိ​လိုက်​လို့​များ​လား။+ လုံး​ဝ​မဟုတ်​ပါ​ဘူး။ ဦး​ဆုံး၊ မော​ရှေ​က “ဘာ​မဟုတ်​တဲ့ လူ​မျိုး​ကို​သုံး​ပြီး မင်း​တို့​ရဲ့ မနာ​လို​စိတ်​ကို ငါ​ဆွ​ပေး​မယ်။ ဉာဏ်​ပညာ​မရှိ​တဲ့ လူ​မျိုး​ကို​သုံး​ပြီး မင်း​တို့​ကို ဒေါ​သထွက်​အောင် ငါ​ဆွ​မယ်”+ ဆို​ပြီး ဘု​ရားရဲ့​နှုတ်​ထွက်​စကား​ကို  ပြော​ခဲ့​တယ်။ ၂၀  အဲ​ဒီ​နောက် ဟေရှာယ​က​လည်း “ငါ့​ကို မရှာ​တဲ့​သူ​တွေ ငါ့​ကို​တွေ့​ကြ​တယ်။+ ငါ့​ကို မမေး​တဲ့​သူ​တွေ​ကို ငါ​အသိ​ပေး​မယ်”+ ဆို​ပြီး ရဲရဲရင့်ရင့်​ပြော​ခဲ့​တယ်။ ၂၁  အစ္စရေးတွေ​နဲ့​ပတ်​သက်​ရင်​တော့ “နာ​ခံ​မှု​မရှိ​သူ​တွေ၊ ခေါင်း​မာ​သူ​တွေ​ကို ငါ​တစ်​နေ့​လုံး လက်​ကမ်း​ထား​တယ်”+ လို့ သူ​ပြော​ခဲ့​တယ်။

အောက်ခြေမှတ်ချက်များ