ယောရှု ၆:၁-၂၇

  • ယေရိခေါ​မြို့ရိုး ပြိုကျ (၁-၂၁)

  • ရာခပ်​နဲ့ မိသားစု အသက်ချမ်းသာ​ရ (၂၂-၂၇)

 ယေရိခေါ​မြို့မှာ​တော့ အစ္စရေးတွေကို ကြောက်​လို့ မြို့တံခါး​ကို လုံလုံခြုံခြုံ ပိတ်​ထားတယ်။ မြို့ထဲ​ဝင်ထွက်​တဲ့​သူ တစ်ယောက်​မှ မရှိဘူး။+ ၂  ယေဟောဝါ​က ယောရှု​ကို “အခု ယေရိခေါ​မြို့၊ ယေရိခေါ​မင်းကြီး​နဲ့ ခွန်အားကြီး စစ်သည်​တွေကို မင်း​လက်ထဲ ငါ​အပ်​ပြီ။+ ၃  မင်း​တို့​စစ်သည်​တွေ​က မြို့​ကို တစ်ရက် တစ်ကြိမ်၊ ခြောက်ရက် လှည့်ပတ်​ချီတက်​ရမယ်။ ၄  ပုရောဟိတ်​ခုနစ်​ယောက်​က သိုး​ချို​တံပိုး​ကိုယ်စီ ကိုင်ပြီး ပ​ဋိ​ညာ​ဉ်​သေတ္တာ​ရှေ့​က​နေ သွားရမယ်။ ခုနစ်​ရက်​မြောက်​နေ့​မှာ​တော့ မြို့​ကို ခုနစ်ကြိမ် လှည့်ပတ်​ချီတက်​ရမယ်။ ပုရောဟိတ်​တွေ​က တံပိုးမှုတ်​ရမယ်။+ ၅  တံပိုး​သံ​ကြား​တာ​နဲ့ စစ်သည်​အားလုံး စစ်​ငြာ​သံ​ပေး​ရမယ်။ အဲဒီအခါ မြို့ရိုး လုံးဝ​ပြိုကျ​သွားမယ်။+ စစ်သည်​တွေ​လည်း မြို့ထဲ​ကို တစ်​ဟု​န်​ထိုး ဝင်​တိုက်​ရမယ်” ဆို​ပြီး မိန့်မှာ​တယ်။ ၆  နုန်​ရဲ့​သား ယောရှုက ပုရောဟိတ်တွေကို ခေါ်ပြီး “ခင်ဗျားတို့​က ပ​ဋိ​ညာ​ဉ်​သေတ္တာ​ကို ထမ်း​ရမယ်။ သိုး​ချို​တံပိုး​ကိုယ်စီ ကိုင်​ထားတဲ့ ပုရောဟိတ်​ခုနစ်​ယောက်​က ယေဟောဝါရဲ့ သေတ္တာတော်​ရှေ့​က​နေ+ သွား​ပါ” လို့​ပြောတယ်။ ၇  စစ်သည်​တွေကိုလည်း+ “ခင်ဗျားတို့​က​တော့ မြို့​ကို လှည့်ပတ်​ချီတက်​ရမယ်။ လက်နက်ကိုင်​ထားတဲ့ ခင်ဗျားတို့​က ယေဟောဝါရဲ့ သေတ္တာတော်​ရှေ့​က​နေ ချီတက်​ပါ” လို့​ပြောတယ်။ ၈  ယောရှု​ပြောတဲ့​အတိုင်း တံပိုး​ကိုယ်စီ ကိုင်​ထားတဲ့ ပုရောဟိတ်​ခုနစ်​ယောက်​က ယေဟောဝါ​ရှေ့​က​နေ သွား​ပြီး တံပိုးမှုတ်​ကြ​တယ်။ ယေဟောဝါရဲ့ ပ​ဋိ​ညာ​ဉ်​သေတ္တာ​ကို ထမ်း​တဲ့​သူတွေက နောက်ကနေ လိုက်​ကြ​တယ်။ ၉  ရှေ့ဆုံး​မှာ လက်နက်ကိုင်​စစ်သည်​တွေ ချီတက်​တယ်။ သူတို့​နောက်မှာ ပုရောဟိတ်​တွေ​က တံပိုး​ဆက်တိုက်​မှုတ်​ရင်း လိုက်​လာတယ်။ ပ​ဋိ​ညာ​ဉ်​သေတ္တာ ထမ်း​တဲ့​သူတွေလည်း ပါတယ်။ သူတို့​နောက်မှာ နောက်​ရံ​တပ်သား​တွေ လိုက်ပါ​လာတယ်။ ၁၀  ယောရှုက စစ်သည်​တွေကို “မ​အော်​ကြ​နဲ့။ စကား မပြော​မိ​စေ​နဲ့။ ‘အော်​ကြ’ လို့ အမိန့်​မပေး​မချင်း စကားတစ်ခွန်း​မှ မပြော​ကြ​နဲ့။ ကျုပ်​အမိန့်ပေး​မှ​ပဲ အော်​ကြ” လို့​မှာ​ထားတယ်။ ၁၁  ပြီးတော့ ယေဟောဝါရဲ့ သေတ္တာ​တော်ကို ထမ်း​ပြီး မြို့​ကို တစ်ပတ် ပတ်​ခိုင်း​တယ်။ ပြီးမှ စခန်း​ကို ပြန်လာပြီး ညအိပ်​ကြ​တယ်။ ၁၂  နောက်​တစ်နေ့​မနက်​မှာ ယောရှုက စောစောထ​တယ်။ ပုရောဟိတ်​တွေ​လည်း ယေဟောဝါရဲ့ သေတ္တာ​တော်ကို ထမ်း​လာကြတယ်။+ ၁၃  ယေဟောဝါရဲ့ သေတ္တာတော် ရှေ့ဆုံး​မှာ လက်နက်ကိုင်​စစ်သည်​တွေ ချီတက်​တယ်။ သူတို့​နောက်မှာ ပုရောဟိတ်​ခုနစ်​ယောက်​က ကိုယ်စီ​ကိုင်​ထားတဲ့ တံပိုး​ကို မပြတ်​မှုတ်​ရင်း လိုက်​လာတယ်။ ယေဟောဝါရဲ့ သေတ္တာ​တော်ကို ထမ်း​တဲ့​သူတွေလည်း ပါတယ်။ သူတို့​နောက်ကနေ နောက်​ရံ​တပ်သား​တွေ လိုက်ပါ​လာတယ်။ ၁၄  ဒုတိယ​နေ့​မှာ​လည်း မြို့​ကို တစ်ပတ်​ပတ်​ပြီး ချီတက်​တယ်။ ပြီးမှ စခန်း​ကို ပြန်​လာကြတယ်။ အဲဒီအတိုင်း ခြောက်ရက်​လုံး ချီတက်​ကြ​တယ်။+ ၁၅  ခုနစ်​ရက်​မြောက်​နေ့ ရောက်တဲ့အခါ အ​ရု​ဏ်​တက်​တာ​နဲ့ ထပြီး ခါ​တိုင်း​လိုပဲ မြို့​ကို လှည့်ပတ်​ပြီး ချီတက်​ကြ​တယ်။ အဲဒီ​နေ့​မှာ​တော့ ခုနစ်ကြိမ်​ပတ်ပြီး ချီတက်​ကြ​တယ်။+ ၁၆  ခုနစ်ကြိမ်​မြောက် ချီတက်​ချိန်မှာ ပုရောဟိတ်​တွေ တံပိုးမှုတ်​တဲ့​အ​ခါ ယောရှုက စစ်သည်​တွေကို “ကြွေးကြော်​ကြ။+ ဒီ​မြို့​ကို ခင်ဗျားတို့​လက်ထဲ ယေဟောဝါ​ဘုရား အပ်​လိုက်​ပြီ။ ၁၇  မြို့​နဲ့ မြို့​ထဲမှာ​ရှိသမျှ​ဟာ ဖျက်ဆီး​ပစ်ရ​မယ့်​အရာတွေ​ပဲ။+ ဒါတွေ​အားလုံးကို ယေဟောဝါ ပိုင်​တယ်။ ပြည့်တန်ဆာ​ရာခပ်​က+ ကျုပ်​တို့ လွှတ်​လိုက်တဲ့ သူလျှို​တွေကို ဝှက်ထား​ပေး​တဲ့​အတွက် သူနဲ့ သူ့​အိမ်မှာ​ရှိတဲ့​သူတွေကို​တော့ အသက်ချမ်းသာ​ပေး​ရမယ်။+ ၁၈  ဖျက်ဆီး​ပစ်ရ​မယ့်​အရာတွေနဲ့ ဝေး​ဝေး​နေကြ။+ တပ်မက်စိတ်​ဝင်​ပြီး ယူ​မိမှာ စိုး​ရတယ်။ ယူ​မိရင်+ အစ္စရေး​တပ်စခန်း​ဟာ ဖျက်ဆီး​ဖို့ သတ်မှတ်​ထားရာ ဖြစ်သွားပြီး ဘေးဒုက္ခ​ရောက်​သွားမယ်။+ ၁၉  ရွှေ၊ ငွေ၊ ကြေး​ထ​ည်၊ သံ​ထ​ည်​တွေကတော့ ယေဟောဝါ​အတွက် သန့်ရှင်းမြင့်မြတ်​ရာ​ဖြစ်လို့+ ယေဟောဝါရဲ့ ဘဏ္ဍာတိုက်​ထဲ ထည့်​ရမယ်။+ အခု၊ ကြွေးကြော်​ကြ” လို့​အမိန့်​ပေးတယ်။ ၂၀  စစ်သည်​တွေ​လည်း တံပိုးမှုတ်သံ ကြားတဲ့​အ​ခါ အော်​ကြ​တယ်။+ အဲဒီလို​အော်​ပြီး စစ်​ငြာ​သံ ပေး​လိုက်တာနဲ့ မြို့ရိုး လုံးဝ ပြိုကျ​သွား​တော့​တယ်။+ အဲဒီအခါ စစ်သည်​တွေ တစ်​ဟု​န်​ထိုး ချီ​တက်ပြီး မြို့​ကို သိမ်းပိုက်​လိုက်​ကြ​တယ်။ ၂၁  မြို့​ထဲမှာရှိတဲ့ ယောက်ျား၊ မိန်းမ၊ လူငယ်၊ လူကြီး၊ နွား၊ သိုး၊ မြည်း​တွေကို ဓား​နဲ့ ကွပ်မျက်​ကြ​တယ်။+ ၂၂  အဲဒီနောက် ယောရှုက ပြည်​ကို​ထောက်လှမ်း​ခဲ့တဲ့ သူလျှို​နှစ်ယောက်ကို “ပြည့်တန်ဆာ​ရာခပ်​ရဲ့ အိမ်​ကို သွား​ကြ။ သူ့ကို ကတိ​ပေးထားတဲ့​အတိုင်း သူနဲ့​အတူ သက်ဆိုင်သူ​အားလုံးကို ခေါ်ထုတ်​လာကြ”+ လို့​ပြောတယ်။ ၂၃  လူငယ်​သူလျှို​တွေ​လည်း သွား​ပြီး ရာခပ်​နဲ့ မိဘ၊ မောင်နှမ၊ သက်ဆိုင်သူ​အားလုံးကို ခေါ်ထုတ်​လာတယ်။ သူတို့​တစ်မိသားစု​လုံးကို+ အစ္စရေး​တပ်စခန်း အပြင်ဘက်​အထိ ဘေးရန်ကင်း​ကင်း ခေါ်​လာကြတယ်။ ၂၄  အဲဒီနောက် မြို့​နဲ့​မြို့​ထဲမှာ​ရှိသမျှကို မီးရှို့​လိုက်တယ်။ ရွှေ၊ ငွေ၊ ကြေး​ထ​ည်၊ သံ​ထ​ည်​အားလုံးကို​တော့ ယေဟောဝါရဲ့ အိမ်တော်​ထဲက ဘဏ္ဍာတိုက်​အတွက် ပေးအပ်​ကြ​တယ်။+ ၂၅  ပြည့်တန်ဆာ​ရာခပ်​က ယေရိခေါ​မြို့​ကို ထောက်လှမ်း​ဖို့ ယောရှု​လွှတ်​လိုက်တဲ့ သူလျှို​တွေကို ဝှက်ထား​ပေးခဲ့တဲ့​အတွက်+ သူနဲ့ အိမ်သူအိမ်သား​တွေ၊ သက်ဆိုင်သူ​တွေ အသက်ချမ်းသာ​ရခဲ့တယ်။+ ရာခပ်​ဟာ ဒီနေ့​အထိ အစ္စရေးတွေ​နဲ့အတူ နေထိုင်​တုန်းပဲ။+ ၂၆  အဲဒီ​အချိန်မှာ ယောရှုက “ယေရိခေါ​မြို့​ကို ပြန်​တည်ဆောက်​တဲ့​သူ​ဟာ ယေဟောဝါ​ဘုရား​ရှေ့မှာ ကျိန်စာသင့်​ပါ​စေ။ မြို့​ကို အုတ်မြစ်​ချတဲ့အခါ သူ့ရဲ့​သားဦး သေဆုံး​ပါ​စေ။ မြို့တံခါး​တွေကို တပ်ဆင်​တဲ့​အ​ခါ သားထွေး သေဆုံး​ပါ​စေ” ဆို​ပြီး ကျိန်ဆို​တယ်။*+ ၂၇  ယေဟောဝါဟာ ယောရှု​နဲ့အတူ ရှိတဲ့အတွက်+ မြေတစ်ပြင်လုံးမှာ ယောရှု​ရဲ့​ဂုဏ်သတင်း ပျံ့နှံ့​သွားတယ်။+

အောက်ခြေမှတ်ချက်များ

“လူတွေကို ကျိန်ဆို​စေတယ်” လည်း​ဖြစ်နိုင်။