ယေရမိ ၁၇:၁-၂၇
၁၇ “ယုဒရဲ့အပြစ်ကို သံကလောင်တံနဲ့ ရေးမှတ်ထားတယ်။
သူတို့ရဲ့နှလုံးသားပေါ်မှာ၊ ယဇ်ပလ္လင် ဦးချိုအတက်တွေပေါ်မှာ
စိန်သွားနဲ့ ရေးထွင်းထားတယ်။
၂ သူတို့ရဲ့သားတွေက စိမ်းလန်းတဲ့ သစ်ပင်နားမှာ၊ ကုန်းမြင့်တွေပေါ်မှာ၊တောင်တန်းတွေ ပေါ်မှာ ရှိတဲ့+ယဇ်ပလ္လင်တွေနဲ့ ကိုးကွယ်ရာသစ်တိုင်တွေ*+ အကြောင်းပဲ တွေးနေကြတယ်။
၃ နယ်မြေတစ်လျှောက်လုံးမှာ မင်းလုပ်ခဲ့တဲ့ အပြစ်တွေကြောင့်
မင်းရဲ့ပစ္စည်းဥစ္စာတွေ၊ အဖိုးတန်ရတနာတွေ၊အထွတ်အမြတ်နေရာတွေကို+ လုယက်ပစ္စည်းအဖြစ် ငါပေးပစ်မယ်။+
၄ ငါပေးတဲ့အမွေကို မင်း ဆုံးရှုံးရလိမ့်မယ်။ ဒါဟာ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ။+
မင်းမသိတဲ့ပြည်က ရန်သူတွေဆီမှာ ငါကျွန်ခံစေမယ်။+
ငါ့ဒေါသကို မီးလိုတောက်အောင် မင်း ဆွပေးတယ်။*+
အဲဒီမီးဟာ အမြဲ တောက်လောင်နေလိမ့်မယ်။”
၅ ယေဟောဝါ ပြောတာက–
“လူတွေကို ယုံကြည်ကိုးစားတဲ့သူ၊+လူ့အစွမ်းတန်ခိုးကို အားကိုးတဲ့သူ၊+ယေဟောဝါဆီကနေ စိတ်နှလုံးလမ်းလွဲသွားတဲ့သူ ကျိန်စာသင့်ပါစေ။
၆ သူဟာ ကန္တာရမှာ ထီးတည်းရှိနေတဲ့ သစ်ပင်နဲ့ တူလိမ့်မယ်။
ကောင်းမွန်ရာတွေ ခံစားရမှာ မဟုတ်ဘူး။
တောကန္တာရထဲက ခြောက်သွေ့တဲ့နေရာတွေမှာ၊လူမနေနိုင်တဲ့ ဆားငန်မြေမှာ နေထိုင်ရလိမ့်မယ်။
၇ ယေဟောဝါကို ယုံကြည်ကိုးစားသူ၊ယေဟောဝါကို ယုံကြည်အားထားသူကတော့ ကောင်းချီးခံစားရမယ်။+
၈ သူဟာ မြစ်နားမှာ စိုက်ပြီး ရေရှိရာဘက်ကို အမြစ်ဖြာတဲ့သစ်ပင်နဲ့ တူလိမ့်မယ်။
နေပူရှိန်ကို ခံရမှာ မဟုတ်ဘူး။
အရွက်တွေ အမြဲစိမ်းလန်းနေလိမ့်မယ်။+
မိုးခေါင်တဲ့နှစ်မှာ စိုးရိမ်စရာမလိုဘူး။
အသီးမသီးဘဲ မနေဘူး။
၉ စိတ်နှလုံးဟာ အရာအားလုံးထက် စဉ်းလဲတယ်။* ထင်ရာစိုင်းတတ်တယ်။*+
စိတ်ရဲ့သဘောကို ဘယ်သူ သိနိုင်သလဲ။
၁၀ ငါယေဟောဝါက လူတစ်ယောက်စီကို သူ့လမ်းစဉ်တွေ၊ လုပ်ရပ်တွေရဲ့ အကျိုးဆက်ကို ပြန်ဆပ်ပေးဖို့+
စိတ်နှလုံးကို စစ်ကြောပြီး+ အနက်ရှိုင်းဆုံးခံစားချက်တွေကို* စစ်ဆေးတယ်။
၁၁ မသမာနည်းနဲ့ ချမ်းသာနေတဲ့သူဟာ သူတစ်ပါးရဲ့ဥတွေကို ဝပ်တဲ့ ခါငှက်နဲ့တူတယ်။+
သက်တမ်းတစ်ဝက်မှာပဲ စည်းစိမ်တွေကို ထားခဲ့ရလိမ့်မယ်။
နောက်ဆုံးတော့ အသိတရားမဲ့သူ ဖြစ်သွားလိမ့်မယ်။”
၁၂ အစကတည်းက ချီးမြှောက်ထားတဲ့ ဘုန်းကြီးတဲ့ရာဇပလ္လင်ဟာ ကျွန်တော်တို့ရဲ့ သန့်ရှင်းရာဌာနတော်ပဲ။+
၁၃ အစ္စရေးတို့ရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ယေဟောဝါ၊ကိုယ်တော့်ကို စွန့်ပစ်သူတိုင်း အရှက်ကွဲရလိမ့်မယ်။
ကိုယ်တော့်ကို စွန့်ခွာသွားတဲ့ အယူဖောက်ပြန်သူတွေရဲ့ နာမည်ကို မြေမှုန့်ပေါ်မှာ ရေးမှတ်လိမ့်မယ်။+
သူတို့ဟာ အသက်ရေရဲ့ပင်ရင်း ယေဟောဝါဘုရားကို စွန့်ပစ်ကြလို့ပဲ။+
၁၄ ယေဟောဝါဘုရား၊ ကျွန်တော့်ကို ကုသပေးပါ။ ဒါဆိုရင် ရောဂါပျောက်ကင်းသွားမှာပါ။
ကျွန်တော့်ကို ကယ်တင်ပါ။ ဒါဆိုရင် ကယ်တင်ခံရမှာပါ။+
ကိုယ်တော့်ကို ချီးမွမ်းပါတယ်။
၁၅ “ယေဟောဝါရဲ့ နှုတ်ထွက်စကားတွေ ဘယ်ရောက်သွားပြီလဲ။+
အဲဒီစကားတွေအတိုင်း ဖြစ်လာပါစေ” လို့
ကျွန်တော့်ကို ပြောနေကြတယ်။
၁၆ ကျွန်တော်ဟာ သိုးထိန်းလို နောက်တော်ကို လိုက်မြဲလိုက်နေပါတယ်။ ထွက်မပြေးပါဘူး။
ဘေးဒုက္ခရောက်မယ့်နေ့ကိုလည်း မတောင့်တပါဘူး။
ကျွန်တော်ပြောသမျှ ကိုယ်တော် အသိဆုံးပါ။
ရှေ့တော်မှာ ကျွန်တော် ပြောခဲ့တာပါ။
၁၇ ကျွန်တော် ထိတ်လန့်အောင် မလုပ်ပါနဲ့။
ဘေးဆိုးကျရောက်တဲ့နေ့မှာ ကိုယ်တော်ဟာ ကျွန်တော့်ခိုလှုံရာပါ။
၁၈ ညှဉ်းပန်းနှိပ်စက်သူတွေ အရှက်ကွဲပါစေ။+
ကျွန်တော်တော့ အရှက်မကွဲပါရစေနဲ့။
သူတို့တွေ ထိတ်လန့်သွားပါစေ။
ကျွန်တော်တော့ မထိတ်လန့်ပါရစေနဲ့။
သူတို့အပေါ် ဘေးဆိုးကျရောက်စေပါ။+
သူတို့ကို ခြေမွှပြီး အကုန်အစင် ဖျက်ဆီးလိုက်ပါ။
၁၉ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– “ယုဒဘုရင်တွေဝင်ထွက်နေတဲ့ ပြည်သူ့မြို့တံခါးနဲ့ ဂျေရုဆလင်မြို့တံခါးတွေဆီ သွားပြီး ရပ်နေပါ။+
၂၀ ပြီးတော့ သူတို့ကို ပြောရမှာက ‘ဒီမြို့တံခါးတွေကနေ ဝင်ထွက်နေတဲ့ ယုဒရှင်ဘုရင်တို့၊ ယုဒလူအပေါင်းတို့၊ ဂျေရုဆလင်မြို့သူမြို့သားအပေါင်းတို့၊ ယေဟောဝါရဲ့စကားကို နားထောင်ကြ။
၂၁ ယေဟောဝါပြောတာက “ဥပုသ်နေ့မှာ ဝန်ထုပ်တွေ မသယ်ဖို့၊ ဂျေရုဆလင်မြို့တံခါးတွေကို ဖြတ်ပြီး မသယ်လာဖို့ သတိပြုကြပါ။+
၂၂ ဥပုသ်နေ့မှာ ဝန်ထုပ်တွေကို အိမ်ထဲကနေ မသယ်ထုတ်ရဘူး။ ဘာအလုပ်မှ မလုပ်ရဘူး။+ ဘိုးဘေးတွေကို ငါမိန့်မှာခဲ့တဲ့အတိုင်း ဥပုသ်နေ့ကို မြင့်မြတ်တဲ့နေ့အဖြစ် စောင့်ထိန်းပါ။+
၂၃ ဘိုးဘေးတွေကတော့ နားမထောင်ခဲ့ဘူး။ နားမစွင့်ခဲ့ဘူး။ မနာခံဘဲ ခေါင်းမာခဲ့ကြတယ်။* ဆုံးမတာကို လက်မခံခဲ့ကြဘူး။”’+
၂၄ “ငါယေဟောဝါ ပြောမယ်– ‘“မင်းတို့သာ ငါ့စကားကို မြေဝယ်မကျ နာခံမယ်ဆိုရင်၊ ဥပုသ်နေ့မှာ ဒီမြို့တံခါးတွေကို ဖြတ်ပြီး ဝန်ထုပ်တွေ မသယ်လာဘူးဆိုရင်၊ ဥပုသ်နေ့မှာ ဘာအလုပ်မှ မလုပ်ဘဲ မြင့်မြတ်တဲ့နေ့အဖြစ် စောင့်ထိန်းမယ်ဆိုရင်၊+
၂၅ ဒါဝိဒ်ရဲ့ရာဇပလ္လင်ပေါ်မှာ နန်းထိုင်တဲ့ ဘုရင်တွေ၊ မင်းညီမင်းသားတွေ၊+ ယုဒလူတွေ၊ ဂျေရုဆလင်မြို့သူမြို့သားတွေဟာ မြင်းရထားတွေ၊ မြင်းတွေစီးပြီး ဒီမြို့တံခါးတွေကနေ ဝင်ထွက်ရလိမ့်မယ်။+ ဒီမြို့မှာ လူတွေ အမြဲနေထိုင်ကြလိမ့်မယ်။
၂၆ လူတွေက ယုဒရဲ့မြို့တွေကနေ၊ ဂျေရုဆလင်ပတ်လည်ကနေ၊ ဗင်ယာမိန်နယ်မြေကနေ၊+ မြေနိမ့်ဒေသကနေ၊+ တောင်တန်းဒေသကနေ၊ နေဂပ်အရပ်ကနေ အကုန်အစင် မီးရှို့ရာအလှူ၊+ ပူဇော်သက္ကာ၊+ ကောက်နှံအလှူ၊+ လောဗန်၊ ကျေးဇူးတင်ချီးမွမ်းရာ ပူဇော်သက္ကာတွေကို ယေဟောဝါရဲ့ အိမ်တော်ဆီ ယူလာကြလိမ့်မယ်။+
၂၇ “‘“ဒါပေမဲ့ မင်းတို့က ဥပုသ်နေ့ကို မြင့်မြတ်တဲ့နေ့အဖြစ် မစောင့်ထိန်းဘူး၊ ငါ့ကိုမနာခံဘဲ ဥပုသ်နေ့မှာ ဂျေရုဆလင်မြို့တံခါးတွေကနေ ဝန်ထုပ်တွေ သယ်လာမယ်ဆိုရင် မြို့တံခါးတွေကို ငါမီးရှို့မယ်။ မငြိမ်းနိုင်တဲ့+ အဲဒီမီးဟာ ဂျေရုဆလင်ရဲ့ ခံတပ်မျှော်စင်တွေကို ဝါးမျိုသွားမယ်။”’”+
အောက်ခြေမှတ်ချက်များ
^ “မင်းဟာ ငါ့ဒေါသကြောင့် မီးလို စွဲလောင်နေတယ်” လည်းဖြစ်နိုင်။
^ ဒါမှမဟုတ်၊ “သစ္စာဖောက်တတ်တယ်။”
^ “ပြင်လို့မရ ဖြစ်တတ်တယ်” လည်းဖြစ်နိုင်။
^ မူရင်း၊ “ကျောက်ကပ်တွေကို။”
^ မူရင်း၊ “လည်ပင်းခိုင်မာခဲ့ကြတယ်။”