မဿဲ ၃:၁-၁၇

  • နှစ်ခြင်း​ပေး​သူ​ယောဟန် ဟော​ပြော (၁-၁၂)

  • ယေရှု နှစ်ခြင်း​ခံ (၁၃-၁၇)

 နောက်​ပိုင်း​မှာ နှစ်ခြင်း​ပေး​သူ ယောဟန်​က+ ယုဒ​တော​ကို လာ​ပြီး၊ ၂  “နောင်တ​ရ​ကြ​ပါ။ ကောင်းကင်​နိုင်ငံ နီး​နေ​ပြီ”+ လို့ ဟော​တယ်။+ ၃  ယောဟန်​နဲ့​ပတ်​သက်​ပြီး ပရောဖက် ဟေရှာယ​က+ ‘ယေဟောဝါ* ဘုရားရဲ့ လမ်း​ကို အသင့်​ပြင်​ကြ။ လမ်း​တွေ ဖြောင့်​ဖြူး​အောင် လုပ်​ကြ’ ဆို​ပြီး တော​ထဲ​မှာ လူ​တစ်​ယောက် ကြွေး​ကြော်​နေ​တယ်”+ လို့ ဟော​ခဲ့​ဖူး​တယ်။ ၄  ယောဟန်​က ကုလားအုတ်​မွေး​နဲ့ ရက်​တဲ့ အဝတ်​ကို ဝတ်​ပြီး သား​ရေ​ခါး​ပတ် ပတ်​တယ်။+ ကျိုင်း​ကောင်​နဲ့ တော​ထဲ​က ပျား​ရည်​ကို စား​လေ့​ရှိ​တယ်။+ ၅  ဂျေရု​ဆလင်​မြို့၊ ယုဒ​နယ်၊ ဂျော်ဒန်​မြစ်​ဝှမ်း တစ်​လျှောက်​မှာ နေ​တဲ့ လူ​တွေ လာ​တဲ့​အခါ၊+ ၆  ယောဟန်​က ဂျော်​ဒန်​မြစ်​မှာ နှစ်ခြင်း​ပေး​တယ်။+ သူတို့​လည်း လူ​အများ​ရှေ့​မှာ ကိုယ့်​အပြစ်​ကို ဝန်ခံ​ကြ​တယ်။ ၇  နှစ်ခြင်း​ပေး​တဲ့ နေ​ရာ​ကို ဖာ​ရိ​ရှဲ​တွေ၊* ဇဒ္ဒုကဲ​တွေ*+ အတော်​များများ ရောက်​လာ​တာ​ကို မြင်​တော့ ယောဟန်​က “မြွေဆိုး​အမျိုး​တို့၊+ ရောက်​လာ​တော့​မယ့် အမျက်​တော်​က​နေ လွတ်​အောင် ပြေး​ဖို့ ခင်ဗျား​တို့​ကို ဘယ်သူ​ကများ သတိ​ပေး​လိုက်​ပါ​လိမ့်။+ ၈  တကယ် နောင်​တ​ရ​တယ်​ဆို​ရင် လုပ်ရပ်​နဲ့ သက်​သေပြကြ။ ၉  ‘ငါ​တို့​ဟာ အာဗြဟံ​ရဲ့ သား​မြေး​တွေ’+ ဆို​ပြီး အထင်​မကြီး​ကြ​နဲ့။ ဒီ​မှာ ကျွန်​တော် ပြော​မယ်၊ ဘုရား​သခင်​က ဒီ​ကျောက်​ခဲ​တွေ​ကို​တောင် အာဗြဟံ​ရဲ့ သား​မြေး​တွေ ဖြစ်​အောင် လုပ်​နိုင်​တယ်။ ၁၀  ပုဆိန်​က သစ်ပင်ရင်း​မှာ ရှိ​နေ​တယ်။ အသီး​ကောင်း မ​သီး​တဲ့ အပင် ရှိ​သမျှ​ဟာ ခုတ်​လှဲ​ပြီး မီး​ထဲ ပစ်​ချ​ခံ​ရ​မယ်။+ ၁၁  ကျွန်တော်​က​တော့ ခင်ဗျား​တို့ ပြတဲ့ နောင်တ​ကြောင့် ရေ​နဲ့ နှစ်ခြင်း​ပေး​တယ်။+ ဒါ​ပေမဲ့ ကျွန်တော့်​နောက်​မှာ လာ​နေ​သူ​ဟာ ကျွန်တော့်​ထက် ကြီးမြတ်​တယ်။ သူ့​ဖိနပ်​ကို ချွတ်​ပေး​ဖို့​တောင် ကျွန်တော် မထိုက်​တန်​ဘူး။+ သူ​က ခင်ဗျား​တို့​ကို သန့်​ရှင်း​သော စွမ်းအား​တော်​နဲ့​ရော+ မီး​နဲ့​ပါ နှစ်ခြင်း​ပေး​လိမ့်​မယ်။+ ၁၂  စပါး​လှေ့​တဲ့ ဂေါ်ပြား​ကို သူ​ကိုင်​နေ​ပြီ။ ကောက်​နယ်​တလင်း​ကို ပြောင်​အောင် ရှင်း​တော့​မယ်။ ဂျုံ​စပါး​တွေ​ကို ကျီ​ထဲ စု​သိမ်း​ပြီး အဖျင်း​တွေ​ကို​တော့ မငြိမ်း​နိုင်​တဲ့ မီး​နဲ့ ရှို့လိမ့်​မယ်”+ လို့ ပြော​တယ်။ ၁၃  ယေရှု​က ယောဟန်​ဆီ​မှာ နှစ်​ခြင်း​ခံ​ဖို့ ဂါလိလဲ​ပြည်​က​နေ ဂျော်ဒန်​မြစ်​ကို ရောက်​လာ​တယ်။+ ၁၄  ဒါ​ပေမဲ့ ယောဟန်​က “ကျွန်တော့်​ဆီ​မှာ နှစ်ခြင်း​ခံ​ဖို့ လာ​တာ​လား။ ကျွန်တော်​က​သာ ခင်ဗျား​ဆီ​မှာ နှစ်ခြင်း​ခံ​ရ​မှာ​ပါ” ဆို​ပြီး တား​တယ်။ ၁၅  ယေရှု​က “မတား​ပါ​နဲ့။ ဘုရား​သခင် လုပ်​စေ​ချင်​တာ မှန်​သမျှ လုပ်​ဆောင်​သင့်​ပါ​တယ်။ ကျွန်တော့်​ကို အခု နှစ်ခြင်း​ပေး​ပါ” လို့ ပြော​တဲ့​အတွက် ယောဟန်​လည်း မတား​တော့​ဘူး။ ၁၆  ယေရှု နှစ်ခြင်း​ခံ​ပြီး ရေ​ထဲ​က​နေ ပေါ်​လာ​တာ​နဲ့ ကောင်းကင် ပွင့်​လာ​ပြီး+ ဘုရား​သခင့် စွမ်းအား​တော်​က ချိုး​ငှက်​သဏ္ဌာန်​နဲ့ ယေရှု​အပေါ် ဆင်း​သက်​တာ​ကို သူ​မြင်​ရ​တယ်။+ ၁၇  ဒါ့​ပြင် “သူ​ဟာ ငါမြတ်​နိုး​တဲ့+ ငါ့​ရဲ့ ချစ်​သား​ပဲ”+ ဆို​တဲ့ အသံ ကောင်း​ကင်​က​နေ ထွက်​လာ​တာ​ကို​လည်း+ ကြား​ရ​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။