မဿဲ ၂၃:၁-၃၉

  • ကျမ်း​တတ်​နဲ့ ဖာ​ရိ​ရှဲ​တွေ​ကို မတု​ပကြ​နဲ့ (၁-၁၂)

  • ကျမ်း​တတ်​နဲ့​ဖာ​ရိ​ရှဲ​တွေ အဖြစ်​ဆိုး (၁၃-၃၆)

  • ဂျေရု​ဆ​လင်​မြို့​အတွက် ငို​ကြွေး (၃၇-၃၉)

၂၃  အဲဒီ​နောက် ယေရှု​က လူ​အုပ်​နဲ့ တ​ပည့်တွေ​ကို အခု​လို​ပြော​တယ်– ၂  “ကျမ်း​တတ်​နဲ့ ဖာ​ရိ​ရှဲ​တွေ​ဟာ မော​ရှေ ရ​တဲ့ အခွင့်​အာ​ဏာ​မျိုး​ကို ရ​ယူ​ထား​ကြ​တယ်။ ၃  ဒါ​ကြောင့် သူတို့ ပြော​သမျှ​ကို လိုက်​နာ​ပါ။ ဒါ​ပေမဲ့ သူတို့ လုပ်​သလို လိုက်​မလုပ်​ပါ​နဲ့။ သူတို့​က ပြော​ပေမဲ့ ကိုယ်​တိုင် မလုပ်​ဘူး။+ ၄  လေး​လံ​တဲ့ ဝန်​တွေ ထုပ်​ပိုး​ပြီး တခြား​သူ​ရဲ့ ပခုံး​ပေါ် တင်​တတ်​တယ်။+ ကိုယ်​တိုင်​ကျ​တော့ လက်​ဖျား​နဲ့​တောင် မထိ​ချင်​ဘူး။+ ၅  လူ​မြင်​ကောင်း​အောင်​ပဲ သူတို့ လုပ်​တတ်​တယ်။+ အဆောင်​လက်​ဖွဲ့​တွေ​ကို* အကြီး​ကြီး လုပ်​ပြီး​တပ်​ကြ​တယ်။+ ဝတ်​လုံ​အမြိတ်​တွေ​ကို​လည်း အရှည်​ကြီး ထား​တတ်​တယ်။+ ၆  စား​သောက်​ပွဲ​ဆို​ရင် အထင်​ပေါ်​ဆုံး နေ​ရာ​မှာ၊ တရား​ဇ​ရပ်​ဆို​ရင် ရှေ့ဆုံး​ခုံ​မှာ ထိုင်​ချင်​တယ်။+ ၇  စျေး​မှာ ရို​ရို​သေသေ နှုတ်​ဆက်​တာ​ကို ခံချင်​တယ်။ ဆရာ* လို့ အခေါ်​ခံ​ချင်​တယ်။ ၈  ခင်ဗျား​တို့​က​တော့ ဆရာ​လို့ အခေါ်​မခံ​ကြ​နဲ့။ ခင်​ဗျား​တို့​မှာ ဆ​ရာ​တစ်​ယောက်​ပဲ ရှိ​တယ်။+ ခင်​ဗျား​တို့​အား​လုံး​ဟာ ညီ​အစ်​ကို​တွေ​ပဲ။ ၉  ပြီး​တော့ ကမ္ဘာ​မြေပေါ်​မှာ ဘယ်​သူ့​ကို​မှ အဖလို့ မခေါ်​နဲ့။ ခင်​ဗျား​တို့​မှာ ကောင်း​ကင်​အဖ တစ်ပါး​ပဲ ရှိ​တယ်။+ ၁၀  ခေါင်း​ဆောင်​လို့​လည်း အခေါ်​မခံ​ကြ​နဲ့။ ခင်​ဗျား​တို့​မှာ ခ​ရစ်​တော်​ဆို​တဲ့ ခေါင်း​ဆောင်​တစ်​ယောက်​ပဲ ရှိ​တယ်။ ၁၁  ခင်ဗျား​တို့​ထဲ​က အကြီးမြတ်​ဆုံး ဖြစ်​သူ​ဟာ​ အ​စေ​ခံ ဖြစ်​ရ​မယ်။+ ၁၂  ကိုယ့်​ကိုယ်​ကိုယ် ချီး​မြှောက်​တဲ့​သူ​ဟာ နှိမ့်​ချ​ခံ​ရ​မယ်။+ နှိမ့်​ချ​တဲ့​သူ​က​တော့ ချီး​မြှောက်​ခံ​ရ​မယ်။+ ၁၃  “သူ​တော်​ကောင်း ယောင်​ဆောင်​တဲ့ ကျမ်း​တတ်​နဲ့ ဖာ​ရိ​ရှဲ​တို့၊ အဖြစ်​ဆိုး ကြုံ​ရ​လိမ့်​မယ်။ ခင်​ဗျား​တို့​က ကောင်းကင်​နိုင်ငံ​ရဲ့ တံခါး​ကို လူ​တွေ မဝင်​နိုင်​အောင် ပိတ်​ထား​ကြ​တယ်။ ကိုယ်​တိုင် မဝင်​ဘူး၊ ဝင်​မယ့်​သူ​တွေ​ကို​လည်း ဝင်​ခွင့်​မပေး​ဘူး။+ ၁၄  * ၁၅  “သူ​တော်​ကောင်း ယောင်​ဆောင်​တဲ့+ ကျမ်း​တတ်​နဲ့ ဖာ​ရိ​ရှဲ​တို့၊​ အ​ဖြစ်​ဆိုး ကြုံ​ရ​လိမ့်​မယ်။ ခင်​ဗျား​တို့​က လူ​တစ်​ယောက် ဘာ​သာ​ပြောင်း​ဝင်​လာ​အောင် ကုန်း​တစ်​တန်၊ ရေ​တစ်​တန် သွား​တတ်​ကြ​တယ်။ ဘာ​သာ​ပြောင်း​ဝင်​လာ​တဲ့​အခါ ကိုယ့်​ထက် နှစ်​ဆ ဂေဟင်နာ* ရောက်​ထိုက်​သူ ဖြစ်​စေ​ကြ​တယ်။ ၁၆  “မျက်​ကန်း​လမ်း​ပြတို့၊+ အဖြစ်​ဆိုး ကြုံ​ရ​လိမ့်​မယ်။ ‘ဗိမာန်​တော်​ကို တိုင်​တည်​ပြီး သစ္စာ​ဆို​ရင် အတည်​မဖြစ်​ဘူး။ ဗိမာန်​တော်​မှာ​ရှိ​တဲ့ ရွှေ​ကို​တိုင်​တည်​ပြီး သစ္စာ​ဆို​ရင်​တော့ အတည်​ဖြစ်​တယ်’+ လို့ ခင်​ဗျား​တို့ ပြော​တတ်​ကြ​တယ်။ ၁၇  အသိ​ဉာဏ်​မဲ့​တဲ့ မျက်​ကန်း​တို့၊ ဘယ်​ဟာ ပို​အရေး​ကြီး​သလဲ။ ရွှေ​လား။ ရွှေ​ဆက်​ကပ်​ထား​တဲ့ ဗိမာန်​တော်​လား။ ၁၈  ‘ပူ​ဇော်ရာ​ပလ္လင်​ကို တိုင်​တည်​ပြီး သစ္စာ​ဆို​ရင် အတည်​မဖြစ်​ဘူး။ ပူ​ဇော်ရာ​ပလ္လင်​ပေါ်​က အလှူ​ကို တိုင်​တည်​ပြီး သစ္စာ​ဆို​ရင်​တော့ အတည်​ဖြစ်​တယ်’ လို့ ခင်​ဗျား​တို့ ပြော​သေး​တယ်။ ၁၉  မျက်​ကန်း​တို့၊ ဘယ်​ဟာ ပို​အရေး​ကြီး​သလဲ။ အလှူ​လား။ အလှူ​ဆက်​ကပ်​ထား​တဲ့ ပူ​ဇော်ရာ​ပလ္လင်​လား။ ၂၀  ဒါ​ကြောင့် ပူ​ဇော်ရာ​ပလ္လင်​ကို တိုင်​တည်​ပြီး သစ္စာ​ဆို​တာ​ဟာ ပူ​ဇော်ရာ​ပလ္လင်​ကို​ရော ပလ္လင်​ပေါ်​မှာ ရှိ​တဲ့​အရာတွေ​ကို​ပါ တိုင်​တည်​ပြီး သစ္စာ​ဆို​တာ​ပဲ။ ၂၁  ဗိမာန်​တော်​ကို တိုင်​တည်​ပြီး သစ္စာ​ဆို​တာ​ဟာ ဗိမာန်​တော်​ကို​ရော ဗိမာန်​တော်​မှာ စံ​မြန်း​တဲ့​ဘု​ရား​ကို​ပါ တိုင်​တည်​ပြီး သစ္စာ​ဆို​တာ​ပဲ။+ ၂၂  ကောင်း​ကင်​ကို တိုင်​တည်​ပြီး သစ္စာ​ဆို​တာ​ဟာ ဘု​ရား​သခင်​ရဲ့ ရာဇ​ပလ္လင်​ကို​ရော ပလ္လင်​ပေါ် စံ​မြန်း​တဲ့ အရှင်​ကို​ပါ တိုင်​တည်​ပြီး သစ္စာ​ဆို​တာ​ပဲ။ ၂၃  “သူ​တော်​ကောင်း ယောင်​ဆောင်​တဲ့ ကျမ်း​တတ်​နဲ့ ဖာ​ရိ​ရှဲ​တို့၊ အဖြစ်​ဆိုး ကြုံ​ရ​လိမ့်​မယ်။ ခင်​ဗျား​တို့​က ပင်​စိမ်း၊ စမုန်​စ​ပါး၊ ဇီ​ရာ​ကို ဆယ်​ဖို့​တစ်​ဖို့+ ပေး​လှူ​ပေမဲ့ တ​ရား​မျှ​တ​တာ၊+ သနား​ကရု​ဏာ ပြတာ၊+ သစ္စာ​ရှိ​တာ​စ​တဲ့ ပညတ်​ကျမ်း​ထဲ​က ပို​အရေး​ကြီး​တဲ့ အချက်​တွေ​ကို​တော့ လျစ်​လျူ​ရှု​ထား​ကြ​တယ်။ ဆယ်​ဖို့​တစ်​ဖို့ ပေး​ရ​မှာ မှန်​ပေမဲ့ အဲဒီ​အချက်​တွေ​ကို​လည်း လျစ်​လျူ​မရှု​သင့်​ဘူး။+ ၂၄  မျက်​ကန်း​လမ်း​ပြတို့၊+ ခင်​ဗျား​တို့​ဟာ ခြင်​ကို+ စစ်​ထုတ်​ပေမဲ့ ကုလား​အုတ်​ကို​တော့+ မျို​ချ​နေ​ပါ​လား။ ၂၅  “သူ​တော်​ကောင်း ယောင်​ဆောင်​တဲ့ ကျမ်း​တတ်​နဲ့ ဖာ​ရိ​ရှဲ​တို့၊ အဖြစ်​ဆိုး ကြုံ​ရ​လိမ့်​မယ်။ ခင်​ဗျား​တို့​က အိုး​ခွက်​အပြင်​ဘက်​ကို ဆေး​ကြော​ပေမဲ့+ အတွင်း​မှာ​တော့ လော​ဘ​တွေ၊+ စိတ်​အလို​လိုက်​တာ​တွေ​နဲ့ ပြည့်​နေ​တယ်။+ ၂၆  မျက်​ကန်း ဖာ​ရိ​ရှဲ​တို့၊ အိုး​ခွက်​အတွင်း​ဘက်​ကို အရင် ဆေး​ကြော​ပါ။ ဒါမှ အပြင်​ဘက်​လည်း သန့်​ရှင်း​လာ​မှာ​ပေါ့။ ၂၇  “သူ​တော်​ကောင်း ယောင်​ဆောင်​တဲ့+ ကျမ်း​တတ်​နဲ့ ဖာ​ရိ​ရှဲ​တို့၊ အဖြစ်​ဆိုး ကြုံ​ရ​လိမ့်​မယ်။ ခင်​ဗျား​တို့​ဟာ ထုံး​ဖြူ သုတ်​ထား​တဲ့ သင်္ချိုင်း​ဂူ​နဲ့ တူ​တယ်။+ အပြင်​ဘက်​မှာ လှ​ပနေ​ပေမဲ့ အတွင်း​မှာ​တော့ လူ​သေအရိုး၊ မသန့်​ရှင်း​တာ​တွေ​နဲ့​ပဲ ပြည့်​နေ​တယ်။ ၂၈  အလား​တူ၊ ခင်​ဗျား​တို့​ဟာ အ​ပြင်​ပန်း​မှာ​တော့ ဖြောင့်​မတ်​သလို​လို​နဲ့ အတွင်း​မှာ​တော့ သူ​တော်​ကောင်း ယောင်​ဆောင်​တာ၊ မတ​ရား​တာ​တွေ​နဲ့​ပဲ ပြည့်​နေ​တယ်။+ ၂၉  “သူ​တော်​ကောင်း ယောင်​ဆောင်​တဲ့+ ကျမ်း​တတ်​နဲ့ ဖာ​ရိ​ရှဲ​တို့၊ အ​ဖြစ်​ဆိုး ကြုံ​ရ​လိမ့်​မယ်။ ခင်​ဗျား​တို့​က ပရော​ဖက်​တွေရဲ့ သင်္ချိုင်း​ဂူ​တွေ​ကို ဆောက်​ပြီး ဖြောင့်​မတ်​သူ​တွေရဲ့ သင်္ချိုင်း​ဂူ​တွေ​ကို အလှ​ဆင်​ကြ​တယ်။+ ၃၀  ‘ဘိုး​ဘေး​တွေ​လက်​ထက်​မှာ ကျုပ်​တို့ အသက်​ရှင်​ခဲ့ရင် ပရော​ဖက်​တွေ​ကို သွေး​မြေကျ​စေ​တဲ့​အမှု​မှာ ကျုပ်​တို့ ပါမှာ မဟုတ်​ဘူး’ လို့ ပြော​တတ်​ကြ​တယ်။ ၃၁  ခင်​ဗျား​တို့​ဟာ ပရော​ဖက်​တွေ​ကို သတ်​တဲ့​သူ​တွေရဲ့ သား​မြေး​ပဲ​ဆို​တာ ကိုယ်​တိုင် သက်သေခံ​နေ​တာ​ပဲ။+ ၃၂  ဒီ​တော့ ဘိုး​ဘေး​တွေ စ​ခဲ့​တဲ့​အမှု​ကို ခင်​ဗျား​တို့ လက်​စ​သတ်​ပေတော့။ ၃၃  “မြွေဆိုး​အမျိုး​တို့၊+ ခင်​ဗျား​တို့​က ဂေဟင်နာ*+ အရပ်​မှာ ပြစ်​ဒဏ်​စီ​ရင်​မခံ​ရ​ဘဲ လွတ်​နိုင်​ပါ့​မလား။ ၃၄  ဒါ​ကြောင့် ပရော​ဖက်​တွေ၊+ ပညာ​ရှိ​တွေ၊ သွန်သင်​သူ​တွေ​ကို+ ခင်​ဗျား​တို့​ဆီ ကျွန်​တော် စေ​လွှတ်​မယ်။ တ​ချို့​ကို ခင်​ဗျား​တို့ သတ်​ပစ်​မယ်။+ တ​ချို့​ကို သစ်​တိုင်​ပေါ် တင်​လိမ့်​မယ်။ တချို့​ကို တရား​ဇရပ်တွေ​မှာ ရိုက်​နှက်​မယ်။+ တချို့​ကို တစ်​မြို့​ပြီး​တစ်​မြို့ လိုက်​လံ​ညှဉ်း​ဆဲ​ကြ​လိမ့်​မယ်။+ ၃၅  ဒီ​တော့ ဖြောင့်​မတ်​တဲ့ အာဗေလ​က​အစ+ သန့်​ရှင်း​ရာ​ဌာန​နဲ့ ပူ​ဇော်ရာ​ပလ္လင်​ကြား​မှာ အသတ်​ခံ​ရ​တဲ့ ဗာ​ရခိရဲ့ သား ဇာ​ခ​ရိ​အဆုံး ကမ္ဘာ​ပေါ်​မှာ​ရှိ​တဲ့ ဖြောင့်​မတ်​သူ​မှန်​သမျှ သွေး​မြေကျ​ခဲ့​တဲ့ အပြစ်​ဟာ ခင်​ဗျား​တို့​အပေါ် ရောက်​လာ​လိမ့်​မယ်။+ ၃၆  ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ ဒီ​လူမျိုး​ဆက်​ဟာ အဲဒီ​အပြစ်​တွေ​အတွက် ပြစ်​ဒဏ်​ခံ​ရ​လိမ့်​မယ်။ ၃၇  “ဂျေရု​ဆ​လင်​မြို့၊ ဂျေရု​ဆ​လင်​မြို့၊ မင်း​ဟာ ပရော​ဖက်​တွေ​ကို သတ်​တဲ့​မြို့၊ ဘု​ရား လွှတ်​လိုက်​တဲ့​သူ​တွေ​ကို ခဲ​နဲ့​ပေါက်​တဲ့​မြို့​ပဲ။+ ကြက်​မက ကြက်​ပေါက်​လေး​တွေ​ကို အတောင်​အောက်​မှာ စု​သိမ်း​သလို မင်း​ရဲ့​သား​သမီး​တွေ​ကို စု​သိမ်း​ဖို့ ငါ​အကြိမ်​ကြိမ် ကြိုး​စား​သေး​တယ်။ ဒါ​ပေမဲ့ မင်း​က​မှ လက်မခံ​​တာ။+ ၃၈  မင်း​ရဲ့​အိမ်​တော်​ဟာ စွန့်​ပစ်​ခံ​ရ​လိမ့်​မယ်။+ ၃၉  ငါ​ပြော​မယ်။ ‘ယေဟောဝါ​ရဲ့* နာ​မည်​နဲ့ ရောက်​လာ​သူ ကောင်း​ချီး​ခံစား​ရ​ပါ​စေ’+ လို့ မင်း မပြော​မချင်း အခု​က​စ​ပြီး ငါ့​ကို လုံး​ဝ မြင်​ရ​မှာ မဟုတ်​ဘူး။”

အောက်ခြေမှတ်ချက်များ

ကျမ်း​ချက်​တွေ ရေး​ထည့်​ထား​တဲ့ ဘူး​ငယ်။ န​ဖူး​နဲ့ ဘယ်​လက်​မောင်း​မှာ ဂျူး​အမျိုး​သား​တွေ ချည်​ထား​လေ့​ရှိ။
မူ​ရင်း၊ “ရဗ္ဗိ။”
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။