ဗျာဒိတ် ၁၃:၁-၁၈

  • ခေါင်းခုနစ်လုံးရှိတဲ့ သားရဲ ပင်လယ်ထဲကနေ တက်လာ (၁-၁၀)

  • ချိုနှစ်ချောင်းရှိတဲ့ သားရဲ မြေကြီးထဲက တက်လာ (၁၁-၁၃)

  • ခေါင်းခုနစ်လုံးရှိတဲ့ သားရဲရဲ့ ရုပ်တု (၁၄၊ ၁၅)

  • သားရဲရဲ့ အမှတ်တံဆိပ်နဲ့ ကိန်းဂဏန်း (၁၆-၁၈)

၁၃  အဲဒီနောက် နဂါးက ပင်လယ်သဲသောင်ပြင်ပေါ်မှာ ရပ်နေတယ်။ အဲဒီအခါ ချိုဆယ်ချောင်းနဲ့ ခေါင်းခုနစ်လုံးရှိတဲ့ သားရဲတစ်ကောင်+ ပင်လယ်ထဲကနေ+ တက်လာတာကို ကျွန်တော် မြင်တယ်။ သားရဲက ချိုတွေပေါ်မှာ သရဖူဆယ်ခု ဆောင်းထားတယ်။ ခေါင်းတွေမှာတော့ ဘုရားသခင်ကို စော်ကားတဲ့ နာမည်တွေ ရှိတယ်။ ၂  ကျွန်တော် မြင်ရတဲ့ အဲဒီသားရဲဟာ ကျားသစ်နဲ့ တူတယ်။ သူ့ခြေထောက်က ဝက်ဝံခြေထောက်၊ သူ့ပါးစပ်က ခြင်္သေ့ပါးစပ်နဲ့ တူတယ်။ အဲဒီသားရဲက နဂါးဆီကနေ+ တန်ခိုး၊ ပလ္လင်နဲ့ ကြီးမားတဲ့အခွင့်အာဏာကို ရတယ်။+ ၃  သားရဲရဲ့ ခေါင်းတစ်လုံးဟာ သေလောက်တဲ့ဒဏ်ရာ ရထားတာကို ကျွန်တော် မြင်တယ်။ ဒါပေမဲ့ သေလောက်တဲ့ အဲဒီဒဏ်ရာ ပျောက်ကင်းသွားတယ်။+ မြေတစ်ပြင်လုံးမှာရှိတဲ့လူတွေက အံ့သြကြည်ညိုပြီး သားရဲနောက်ကို လိုက်ကြတယ်။ ၄  သားရဲကို အခွင့်အာဏာ ပေးအပ်ထားတဲ့နဂါးကို လူတွေ ကိုးကွယ်ကြတယ်။ “ဒီသားရဲနဲ့ တူတာ ဘယ်သူ ရှိလို့လဲ။ သူနဲ့ ဘယ်သူ စစ်ပြိုင်နိုင်လို့လဲ” လို့ပြောပြီး သားရဲကိုလည်း ကိုးကွယ်ကြတယ်။ ၅  သားရဲက ကြီးကျယ်တဲ့စကားတွေ၊ ဘုရားသခင်ကို စော်ကားတဲ့စကားတွေ ပြောနိုင်တဲ့အစွမ်းသာမက ၄၂ လတိုင်တိုင်+ စိတ်ကြိုက်လုပ်ပိုင်ခွင့် အာဏာကိုလည်း ရထားတယ်။ ၆  သားရဲက ဘုရားသခင်ကို စော်ကားပြောဆိုရုံမက+ ဘုရားရဲ့နာမည်၊ စံမြန်းရာအရပ်နဲ့ ကောင်းကင်မှာနေထိုင်သူတွေကိုပါ+ စော်ကားပြောဆိုတော့တယ်။ ၇  သားရဲက သန့်ရှင်းသူတွေကို တိုက်ခိုက်အောင်မြင်နိုင်တဲ့အခွင့်၊+ လူမျိုးနွယ်၊ လူစု၊ ဘာသာစကား အမျိုးမျိုးပြောတဲ့သူတွေ အားလုံးအပေါ် အုပ်စိုးခွင့်အာဏာကိုလည်း ရထားတယ်။ ၈  ကမ္ဘာမြေပေါ် နေထိုင်သူအားလုံးက သားရဲကို ကိုးကွယ်ကြလိမ့်မယ်။ လူ့လောကအစပြုချိန်* ကတည်းက သူတို့ထဲက တစ်ယောက်မှ အသတ်ခံခဲ့ရတဲ့ သိုးသငယ်ရဲ့+ အသက်စာလိပ်မှာ+ နာမည်စာရင်း မဝင်ကြဘူး။ ၉  နားရှိတဲ့သူ ကြားပါစေ။+ ၁၀  သုံ့ပန်းဖြစ်ဖို့ လျာထားတဲ့သူဟာ သုံ့ပန်းဖြစ်မှာပဲ။ ဓားနဲ့ သတ်တဲ့သူဟာ* ဓားနဲ့ အသတ်ခံရမှာပဲ။+ သန့်ရှင်းသူတွေ+ ခံနိုင်ရည်နဲ့+ ယုံကြည်ခြင်းရှိဖို့ လိုတယ်။+ ၁၁  အဲဒီနောက် တခြားသားရဲတစ်ကောင် မြေကြီးထဲက တက်လာတာကို ကျွန်တော် မြင်တယ်။ အဲဒီသားရဲက သိုးသငယ်လို ချိုနှစ်ချောင်း ရှိပြီး နဂါးလို စပြီး စကားပြောတယ်။+ ၁၂  အဲဒီသားရဲက ပထမသားရဲရဲ့+ အခွင့်အာဏာရှိသမျှကို သူ့ရှေ့မှာတင် သုံးစွဲတယ်။ သေလောက်တဲ့ဒဏ်ရာ ပျောက်ကင်းသွားတဲ့ ပထမသားရဲကို ကမ္ဘာမြေနဲ့ ကမ္ဘာမြေပေါ်နေထိုင်သူတွေ ကိုးကွယ်လာအောင် သူလုပ်တယ်။+ ၁၃  အံ့ဖွယ်အမှုကြီးတွေ လုပ်ပြတယ်။ လူသားတွေရှေ့မှာ ကောင်းကင်ကနေ မြေကြီးပေါ်  မီးကျလာတဲ့အထိတောင် လုပ်ပြတယ်။ ၁၄  အဲဒီသားရဲက ပထမသားရဲရှေ့မှာ အံ့ဖွယ်အမှုတွေ လုပ်ပြပြီး ကမ္ဘာပေါ်နေထိုင်သူတွေကို လမ်းလွဲစေခဲ့တယ်။ တစ်ချိန်တည်းမှာ ကမ္ဘာပေါ်နေထိုင်သူတွေကို ပထမသားရဲရဲ့ ရုပ်တု ထုလုပ်ခိုင်းတယ်။+ ဓားဒဏ်ရာရပေမဲ့ မသေဘဲ ရှင်သန်နေသေးတဲ့ သားရဲပဲ။+ ၁၅  သားရဲက ပထမသားရဲရဲ့ ရုပ်တုကို အသက်သွင်းပေးခွင့် ရတယ်။ ဒါကြောင့် ပထမသားရဲရုပ်တုက စကားပြောနိုင်ရုံမက မိမိကို မကိုးကွယ်သူ အားလုံးကိုပါ သေစေနိုင်တယ်။ ၁၆  အဲဒီသားရဲက လူကြီးလူငယ်၊ ဆင်းရဲချမ်းသာ၊ ကျွန်နဲ့ လွတ်လပ်သူ ရှိရှိသမျှအားလုံးကို ညာလက်ပေါ်မှာဖြစ်စေ၊ နဖူးပေါ်မှာဖြစ်စေ အတင်းအကျပ် အမှတ်တံဆိပ် ရိုက်နှိပ်ခိုင်းတယ်။+ ၁၇  ဒါကြောင့် သားရဲရဲ့ နာမည်+ ဒါမှမဟုတ် အဲဒီနာမည်ရဲ့ ကိန်းဂဏန်းဖြစ်တဲ့+ အမှတ်တံဆိပ် ရိုက်နှိပ်ထားသူကလွဲလို့ တခြားလူတွေ ရောင်းဝယ်ခွင့် မရဘူး။ ၁၈  ဉာဏ်ပညာရှိသူဆိုရင် ဒါကို နားလည်လိမ့်မယ်– သားရဲရဲ့ ကိန်းဂဏန်းဟာ လူရဲ့ကိန်းဂဏန်းပဲဖြစ်လို့ ထိုးထွင်းသိမြင်နိုင်စွမ်းရှိတဲ့သူ တွက်ချက်ပါစေ။ အဲဒီကိန်းဂဏန်းဟာ ၆၆၆ ပဲ။+

အောက်ခြေမှတ်ချက်များ

အာဒံနဲ့ဧဝ သားသမီးရတဲ့အချိန်။
“ဓားနဲ့ အသတ်ခံရမယ့်သူဟာ” လည်းဖြစ်နိုင်။