ဖိလိပ္ပိ ၁:၁-၃၀

  • နှုတ်​ခွန်း​ဆက်​စ​ကား (၁၊ ၂)

  • ဘု​ရား​သခင်​ကို ကျေး​ဇူး​တင်။ ပေါ​လု​ရဲ့​ဆု​တောင်း​ချက် (၃-၁၁)

  • အခက်​အခဲ​များ​ကြား သတင်း​ကောင်း တိုးပွား (၁၂-၂၀)

  • အသက်​ရှင်​နေ​တာ ခ​ရစ်​တော်​အတွက်၊ သေရင်​လည်း အကျိုး​ရှိ (၂၁-၂၆)

  • သတင်း​ကောင်း ဟော​ပြော​သူ​တွေ​ပီ​ပီ ကျင့်​ကြံ​ပြုမူ​ကြ (၂၇-၃၀)

 ခရစ်​တော်​ယေရှု​ရဲ့ ကျွန်​တွေ​ဖြစ်​တဲ့ ကျွန်​တော်​ပေါ​လု​နဲ့ တိမောသေက ခ​ရစ်​တော်​ယေရှု​ရဲ့ တ​ပည့်တွေ​ဖြစ်​တဲ့ ဖိ​လိပ္ပိ​မြို့​က+ သန့်​ရှင်း​သူ​တွေ၊ ကြီး​ကြပ်​မှူး​တွေ၊  အသင်း​တော်​အမှု​ထမ်း​တွေ​ဆီ+ စာ​ရေး​လိုက်​ပါ​တယ်။ ၂  အဖဘု​ရား​သခင်​နဲ့ သခင်​ယေရှု​ခရစ်​ဆီ​က မဟာ​က​ရု​ဏာ​နဲ့ ငြိမ်​သက်​ခြင်း​ကို ခင်​ဗျား​တို့ ခံ​စား​ရ​ပါ​စေ။ ၃  ခင်​ဗျား​တို့​ကို​ သတိ​ရ​ပြီး တိုးလျှိုး​အသနား​ခံ​ပေး​တဲ့​အခါ​တိုင်း  ဘု​ရား​သခင်​ကို ကျေး​ဇူး​တင်​ချီး​မွမ်း​မိ​တယ်။ ၄  ခင်​ဗျား​တို့​အား​လုံး​အတွက်  ဝမ်း​မြောက်​ဝမ်း​သာ​နဲ့ တိုး​လျှိုး​အသနား​ခံ​ပေး​ပါ​တယ်။+ ၅  ခင်​ဗျား​တို့​ဟာ​ သတင်း​ကောင်း​ကို  လက်​ခံ​တဲ့​နေ့​က​စပြီး  အခု​ချိန်​အထိ သတင်း​ကောင်း​အတွက် ပါ​ဝင်​ပေး​ဆက်​နေ​ကြ​လို့​ပါ။ ၆  ဘုရား​သခင်​က  ခင်​ဗျား​တို့​ဆီ​မှာ အစ​ပြု​လုပ်​ဆောင်​ခဲ့​တဲ့  မွန်မြတ်​တဲ့​အလုပ်​ကို  ခ​ရစ်​တော်​ယေရှု​ရဲ့​နေ့ မရောက်​ခင်+ အပြီး​ဆောင်​ရွက်​လိမ့်​မယ်​ဆို​တာ  ကျွန်​တော်  ယုံ​ကြည်​တယ်။+ ၇  ခင်​ဗျား​တို့​ကို သိပ်​ချစ်​တဲ့​အတွက် ခင်​ဗျား​တို့​အား​လုံး​နဲ့​ပတ်​သက်​ပြီး ကျွန်​တော် အဲ​ဒီ​လို​သဘော​ထား​တာ  သင့်​လျော်​ပါတယ်။  ခင်​ဗျား​တို့​ဟာ ကျွန်​တော် အကျဉ်း​ကျ​နေ​ချိန်​မှာ​ရော+  သတင်း​ကောင်း ဟော​ပြော​ခွင့်​ကို ခု​ခံ​ကာ​ကွယ်​ပြီး တ​ရား​ဥ​ပဒေ​အရ အတည်​ဖြစ်​အောင် လုပ်​နေ​ချိန်​မှာ​ပါ+ ကူ​ညီ​ပေး​ခဲ့​ကြ​တယ်။ ဒါ​ကြောင့် ခင်​ဗျား​တို့​ရော ကျွန်​တော်​ပါ မဟာ​က​ရု​ဏာ​ကို ခံ​စား​ခဲ့ရ​တယ်။ ၈  ခ​ရစ်​တော်​ယေရှု​လို​ပဲ ကျွန်​တော်​လည်း ခင်​ဗျား​တို့​ကို ချစ်​ခင်​တွယ်​တာ​မှန်း၊  သိပ်​လွမ်း​ဆွတ်​တမ်း​တ​နေ​မှန်း  ဘုရား​သခင်  သိ​ပါ​တယ်။ ၉  ဘုရား​သခင်​ရဲ့ အလို​တော်​ကို တိ​ကျ​မှန်​ကန်​စွာ သိ​ကျွမ်း​လာ​ပြီး+ ကောင်း​ကောင်း ပိုင်း​ခြား​သိ​မြင်​လာ​တာ​နဲ့​အမျှ+ ခင်​ဗျား​တို့​ရဲ့​မေတ္တာ တိုး​သည်​ထက် တိုး​လာ​ဖို့ ကျွန်​တော် ဆု​တောင်း​နေ​တယ်။+ ၁၀  ပိုအ​ရေး​ကြီး​တဲ့​အရာတွေ​ကို ပိုင်း​ခြား​သိ​နိုင်​ကြ​ဖို့​လည်း+ ဆု​တောင်း​နေ​တယ်။ အဲ​ဒီ​လို​သာ​ဖြစ်​နေ​ရင် ခင်​ဗျား​တို့​ဟာ ခ​ရစ်​တော်ရဲ့​နေ့ ရောက်​တဲ့​အချိန်​အထိ အပြစ်​တင်​စ​ရာ​ရှိ​မှာ မဟုတ်​ဘူး။ သူ​တစ်​ပါး​ကို တိုက်​မိ​လဲ​စေ​မှာ မဟုတ်​ဘူး။+ ၁၁  ယေရှု​ခ​ရစ်ရဲ့ အကူ​အညီ​နဲ့  ဖြောင့်​မတ်​တဲ့​လုပ်​ရပ်တွေ  လုပ်​ဆောင်​နိုင်​ကြ​ဖို့​လည်း+  ဆု​တောင်း​တယ်။ ဒါ​မှ ဘု​ရား​သခင်​ကို ဘုန်း​ထင်​ရှား​စေ​ပြီး ဂုဏ်​တင်​ချီး​မွမ်း​မှု ဖြစ်​စေ​မှာ​ပါ။ ၁၂  ညီ​အစ်​ကို​တို့၊ ကျွန်​တော်​ကြုံ​နေ​ရ​တဲ့  အခြေ​အနေ​က သတင်း​ကောင်း​ပျံ့​နှံ့​ဖို့ အထောက်​အကူ​ဖြစ်​စေ​တယ်​ဆို​တာ  ခင်​ဗျား​တို့​ကို  သိ​စေ​ချင်​တယ်။ ၁၃  ခ​ရစ်​တော်​ကို ယုံ​ကြည်​လို့ ကျွန်​တော် အကျဉ်း​ကျ​နေ​မှန်း+ နန်း​တော်​စောင့်​တပ် တစ်​တပ်​လုံး​ရော ကျန်​တဲ့​လူ​တွေ​ပါ သိ​ကြ​တယ်။+ ၁၄  အဲ​ဒီ​အပြင် သခင့်​အမှု​ကို ဆောင်​နေ​တဲ့ ညီ​အစ်​ကို​တွေ​က ကျွန်​တော် အကျဉ်း​ကျ​နေ​တဲ့​အတွက် ယုံ​ကြည်​စိတ်​ချ​မှု ပိုရှိ​လာ​ပြီး ဘုရားသခင်ရဲ့ တရားစကားကို သတ္တိရှိရှိ၊ မကြောက်မရွံ့ ဟောပြောနေကြတယ်။ ၁၅  တ​ချို့​က မနာ​လို​စိတ်၊ ပြိုင်​ဆိုင်​ချင်​စိတ်​နဲ့ ခ​ရစ်​တော်​အကြောင်း ဟော​ပြော​နေ​တယ်။ တ​ချို့​ကျ​တော့ စေ​တ​နာ​စိတ်​နဲ့ ဟော​ပြော​နေ​တယ်။ ၁၆  စေ​တ​နာ​စိတ်​နဲ့  ဟော​ပြော​သူ​တွေ​က မေတ္တာ​ရှိ​လို့  ခ​ရစ်​တော်​အကြောင်း ဟော​ပြော​နေ​တာ။ သတင်း​ကောင်း ဟော​ပြော​ခွင့်​ကို  ခု​ခံ​ကာ​ကွယ်​ဖို့+ ကျွန်​တော့်​ကို ဘု​ရား​သခင် ခန့်​အပ်​ထား​မှန်း သူ​တို့​သိ​နေ​လို့​ပဲ။ ၁၇  မနာ​လို​စိတ်၊ ပြိုင်​ဆိုင်​ချင်​စိတ်​နဲ့ ဟော​ပြော​သူ​တွေ​က​တော့ စိတ်​ရင်း​မှန်​နဲ့ မဟုတ်​ဘဲ  ငြင်း​ခုံ​ရန်​တွေ့​ချင်​စိတ်​နဲ့  ဟော​ပြော​နေ​တာ။  သူ​တို့​က  ကျွန်​တော့်​ကို အကျဉ်း​ကျ​နေ​ချိန်​မှာ ဒုက္ခ​ကြုံ​စေ​ချင်​လို့​ပဲ။ ၁၈  ဒါ​ကြောင့်  ဘာ​အကျိုး​ရ​သ​လဲ။ ဟန်​ဆောင်​ပြီး​ဖြစ်​စေ၊ စိတ်​ရင်း​မှန်​နဲ့​ဖြစ်​စေ ခ​ရစ်​တော်​အကြောင်း နည်း​အမျိုး​မျိုး​နဲ့​တော့ ဟော​နေ​တာ​ပဲ။ အဲ​ဒီ​အတွက် ဝမ်း​သာ​ပါ​တယ်။ နောင်​လည်း ဝမ်း​သာ​နေ​ဦး​မှာ​ပဲ။ ၁၉  ကျွန်တော့်​အ​တွက်​က​တော့ ခင်​ဗျား​တို့ တိုး​လျှိုး​အ​သ​နား​ခံ​ပေး​တာ၊+  သန့်​ရှင်း​သော စွမ်း​အား​တော်​အား​ဖြင့်  ယေရှု​ခ​ရစ် ကူညီ​မ​စ​ပေး​တာ​တွေ​ကြောင့်+ ကယ်​တင်ခံရ​မယ်​ဆို​တာ သိ​နေ​တယ်။ ၂၀  ကျွန်​တော်​က​ ဘာ​အကြောင်း​နဲ့​မှ အရှက်တ​ကွဲ​ဖြစ်​မှာ မဟုတ်​ဘူး​ဆို​တာ​ကို မျှော်​လင့်​တယ်၊ ယုံ​ကြည်​စိတ်​ချ​တယ်။ အရင်​တုန်း​က​လို​ပဲ အခုလည်း​ ရဲရဲ​ဝံ့​ဝံ့​ပြော​ဆို​ခွင့်* ကို​သုံး​ပြီး ခ​ရစ်​တော်​ကို ဂုဏ်​တင်​ချီး​မွမ်း​နေ​တယ်။ ကျွန်​တော်* သေသည်​ဖြစ်​စေ၊  ရှင်​သည်​ဖြစ်​စေ  ခ​ရစ်​တော်​ကို ဂုဏ်​တင်​ချီး​မွမ်း​မယ်။+ ၂၁  ကျွန်​တော် အသက်​ရှင်​နေ​တာ ခရစ်​တော်​အတွက်​ပါ။+ သေရင်​လည်း ကျွန်​တော့်​အတွက်  အကျိုး​ရှိ​ပါ​တယ်။+ ၂၂  ဒီ​ခ​န္ဓာ​နဲ့ အသက်​ဆက်​ရှင်​နေ​ရင်​တော့ သီး​ပွင့်​ဖြစ်​ထွန်း​အောင် ကျွန်​တော် လုပ်​ဆောင်​နိုင်​မှာ​ပေါ့။ ဒါ​ပေမဲ့ ဘာ​ကို​ရွေး​ချယ်​ရ​မှန်း မသိ​သေး​ဘူး။ ၂၃  ဒီ​နှစ်​ခု​မှာ ဘာ​ကို​ ရွေး​ရ​မှန်း​မသိ​ဖြစ်​ပြီး အခက်​တွေ့​နေ​တယ်။ ကျွန်​တော့်​ဆန္ဒ​က​တော့ လွတ်​မြောက်​ပြီး ခရစ်​တော်​နဲ့​အတူ ရှိ​ချင်​လှ​ပြီ။+ အဲ​ဒီ​လို​ဆို​ရင်  ပို​ကောင်း​တာ​ပေါ့။+ ၂၄  ဒါ​ပေမဲ့ ခင်ဗျား​တို့​အကျိုး​အတွက် ဒီ​ခန္ဓာ​နဲ့ အသက်​ဆက်​ရှင်​နေ​ဖို့​က ပို​လို​အပ်​နေ​တယ်။ ၂၅  ဒီ​အချက်​ကို  ယုံ​ကြည်​စိတ်​ချ​နေ​လို့ ကျွန်​တော်​က ခင်ဗျား​တို့​ရဲ့ တိုး​တက်​မှု​အ​တွက်၊  ယုံ​ကြည်​ခြင်း​ကြောင့် ခံ​စား​ရ​တဲ့ ခင်​ဗျား​တို့​ရဲ့ ရွှင်​လန်း​မှု​အတွက် ခင်ဗျား​တို့​အား​လုံး​နဲ့​အတူ ဆက်​ရှိ​နေ​ရ​မယ်​ဆို​တာ သိ​နေ​တယ်။ ၂၆  နောက်​တစ်​ကြိမ် ကျွန်​တော်​ပြန်​လာ​တဲ့​အခါ ခင်​ဗျား​တို့​ဟာ ခ​ရစ်​တော်​ယေရှု​ရဲ့ နောက်​လိုက်​တွေ ဖြစ်​နေ​တဲ့​အတွက် အကြီး​အကျယ် ရွှင်​လန်း​နိုင်​ကြ​မှာ​ပါ။ ၂၇  ခင်​ဗျား​တို့​နဲ့​တွေ့​ဖို့ ကျွန်​တော် လာ​သည်​ဖြစ်​စေ၊ မလာ​သည်​ဖြစ်​စေ ခရစ်​တော်​အကြောင်း သတင်း​ကောင်း ဟော​ပြော​သူ​တွေ​ပီ​ပီ ကျင့်​ကြံ​ပြု​မူ​နေ​ကြ​ပါ။+  ခင်​ဗျား​တို့  တစ်​စိတ်​တစ်​သဘော​တည်း+ အခိုင်​အမာ ရပ်​တည်​နေ​တယ်၊ သတင်း​ကောင်း​ကို အခြေ​ခံ​တဲ့ ယုံ​ကြည်​ခြင်း​ကို အမြဲ​ ထိန်း​သိမ်း​ထား​နိုင်​ဖို့ တ​ညီ​တ​ညွတ်​တည်း ကြိုး​စား​နေ​တယ်​ဆို​တဲ့ သတင်း​ကို ကျွန်​တော်​ကြား​ချင်​တယ်။ ၂၈  ဆန့်​ကျင်​သူ​တွေ​ကို ခင်​ဗျား​တို့ လုံး​ဝ မကြောက်​ဘူး​ဆို​တာ​လည်း ကြား​ချင်​တယ်။ အဲ​ဒါ​တွေ​ဟာ ဆန့်​ကျင်​သူ​တွေ ဖျက်​ဆီး​ခံ​ရ​မယ်၊+ ခင်ဗျား​တို့​တော့ ကယ်​တင်​ခံ​ရ​မယ်​ဆို​တဲ့ သက်​သေပဲ။+ ဒါ​ဟာ ဘု​ရား​သခင်​ဆီ​က​လာ​တဲ့ သက်​သေပဲ။ ၂၉  ဘာ​လို့​လဲ​ဆို​တော့ ခင်​ဗျား​တို့​ဟာ ခ​ရစ်​တော်​ကို ယုံ​ကြည်​ရ​တဲ့ အခွင့်​ထူး​သာ​မက ခရစ်​တော်​အတွက် ဆင်း​ရဲ​ဝေ​ဒ​နာ​ခံ​စား​ရ​တဲ့ အခွင့်​ထူး​ကို​လည်း ရ​ရှိ​ထား​ကြ​လို့​ပဲ။+ ၃၀  ခင်​ဗျား​တို့​ဟာ ကျွန်​တော့်​လို​ပဲ အခက်​အခဲ​ကို ကြိုး​စား​တိုက်​လှန်​နေ​တယ်။ အရင်​တုန်း​က ကျွန်​တော် ကြိုး​စား​ တိုက်​လှန်​ခဲ့​တာ ခင်​ဗျား​တို့ မြင်​တွေ့​ခဲ့​တယ်။+ အခု ကျွန်​တော် ကြိုး​စား​တိုက်​လှန်​နေ​မှန်း​ကို​လည်း ခင်​ဗျား​တို့​သိ​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “ကျွန်​တော့်​ကိုယ်​ခန္ဓာ။”