ပညာအလိမ္မာ ၂၂:၁-၂၉

  • ချမ်း​သာ​ကြွယ်ဝ​တာ​ထက် နာ​မည်​ကောင်း​ရှိ​တာ ပိုမြတ် ()

  • ငယ်​စဉ် လေ့ကျင့်​ပေး​ခြင်း​က ရေ​ရှည်​အကျိုး​ရှိ ()

  • အပြင်​က ခြင်္သေ့​ကို လူ​ပျင်း ကြောက်​နေ (၁၃)

  • ဆုံးမ​ခြင်း​က မိုက်​မဲ​မှု​ကို ဖယ်​ရှား (၁၅)

  • အလုပ်​ကျွမ်း​ကျင်​သူ ဘု​ရင့်​အမှု​ထမ်း​ရ (၂၉)

၂၂  ချမ်း​သာ​ကြွယ်​ဝ​ဖို့​ထက် နာမည်​ကောင်း​ရ​ဖို့ ရွေး​ချယ်​သင့်​တယ်။+ ရွှေ​ငွေ​တွေရ​တာ​ထက် ရို​သေလေး​စား​ခံ​ရ​တာ ပို​ကောင်း​တယ်။  ၂  သူ​ဌေး​နဲ့ ဆင်း​ရဲ​သား​မှာ တူ​ညီ​ချက်​က​တော့နှစ်​ယောက်​စ​လုံး​ကို ယေဟောဝါ ဖန်​ဆင်း​တယ်​ဆို​တဲ့ အချက်​ပဲ။+  ၃  အမြော်​အမြင်​ရှိ​သူ​က အန္တရာယ်​ကို ကြို​မြင်​ပြီး ပုန်း​နေ​တတ်​တယ်။ အတွေ့​အကြုံ​မရှိ​သူ​က​တော့ သွား​မြဲသွား​နေ​လို့ ဆိုး​ကျိုး​တွေ​ပဲ ခံ​ရ​တတ်​တယ်။  ၄  နှိမ့်​ချ​မယ်၊ ယေဟောဝါ​ကို ကြောက်​ရွံ့​ရို​သေမယ်​ဆို​ရင်စည်း​စိမ်၊ ဂုဏ်​ကျက်​သရေ၊ အသက်​ဆို​တဲ့ အကျိုး​ကျေး​ဇူး​တွေ ရ​လိမ့်​မယ်။+  ၅  ကောက်​ကျစ်​သူ​ရဲ့ လမ်း​မှာ ဆူး​ငြောင့်​ခ​လုတ်​တွေ၊ ထောင်​ချောက်​တွေ ရှိ​နေ​တယ်။ ကိုယ့်​အသက်​ကို တန်​ဖိုး​ထား​သူ​က​တော့ အဲ​ဒါ​တွေ​ကို ဝေး​ဝေး​ရှောင်​တတ်​တယ်။+  ၆  က​လေး​ကို သူ​သွား​သင့်​တဲ့​လမ်း​အတိုင်း လေ့ကျင့်​ပေး​ပါ။+ အသက်​ကြီး​လာရင်​တောင် အဲဒီ​လမ်း​ကို သူ​စွန့်​ခွာ​မှာ မဟုတ်​ဘူး။+  ၇  သူ​ဌေး​ဟာ ဆင်း​ရဲ​သား​ကို အုပ်​စိုး​ရ​တယ်။ ချေး​ငှား​ယူ​သူ​ဟာ ချေး​ငှား​ပေး​သူ​ရဲ့ ကျွန်​ပဲ။+  ၈  မဖြောင့်​မတ်​မှု​မျိုး​စေ့​ကို ကြဲ​တဲ့​သူ​ဟာ ဘေး​ဒုက္ခ​ကို​ပဲ ရိတ်​သိမ်း​ရ​လိမ့်​မယ်။+ သူ့​ရဲ့​ဒေါသ​ကြိမ်​လုံး ကျိုး​သွား​လိမ့်​မယ်။+  ၉  ရက်ရော​တဲ့​သူ​ဟာ ဆင်း​ရဲ​သား​ကို စား​စ​ရာ မျှ​ဝေ​ပေး​တဲ့​အတွက်ကောင်း​ချီး​ခံစား​ရ​လိမ့်​မယ်။+ ၁၀  အထင်​သေး​တတ်​သူ​ကို မောင်း​ထုတ်​လိုက်​ပါ။ အငြင်း​ပွား​မှု​တွေ ပျောက်​သွား​လိမ့်​မယ်။ ငြင်း​ခုံ​မှု​တွေ၊ စော်​ကား​မှု​တွေ​လည်း ရပ်​စဲ​သွား​လိမ့်​မယ်။ ၁၁  ဖြူ​စင်​တဲ့​စိတ်​ကို နှစ်​သက်​သူ၊ အပြော​အဆို ရည်​မွန်​သူ​ဟာရှင်​ဘု​ရင်​နဲ့ မိတ်ဆွေ​ဖွဲ့​ရ​လိမ့်​မယ်။+ ၁၂  ယေဟောဝါ​က အသိ​ပညာ​ရှိ​သူ​ကို ကြည့်​ရှု​စောင့်​ရှောက်​ပေး​တယ်။ သစ္စာ​ဖောက်​သူ​ရဲ့ စကား​တွေ​ကို​တော့ ပယ်​ချ​တယ်။+ ၁၃  လူ​ပျင်း​က “အပြင်​မှာ ခြင်္သေ့​ရှိ​တယ်။ လူ​ထု​ရင်​ပြင်​မှာ ငါ့​ကို ကိုက်​သတ်​လိမ့်​မယ်” လို့​ပြော​တတ်​တယ်။+ ၁၄  ထင်​ရာ​စိုင်း​တဲ့* မိန်း​မရဲ့ နှုတ်​ခမ်း​ဟာ နက်​ရှိုင်း​တဲ့​တွင်း​ပဲ။+ ယေဟောဝါ ပြစ်​ဒဏ်​စီ​ရင်​တဲ့​သူ​က အဲဒီ​တွင်း​ထဲ ကျ​လိမ့်​မယ်။ ၁၅  က​လေး​ရဲ့​စိတ်​ထဲ​မှာ မိုက်​မဲ​မှု​ဟာ အမြစ်​တွယ်​နေ​တယ်။+ ကြိမ်​လုံး​သုံး​ပြီး ဆုံးမ​ရင်​တော့ အဲဒီ​မိုက်​မဲ​မှု​ကို ဖယ်​ရှား​နိုင်​လိမ့်​မယ်။+ ၁၆  စည်း​စိမ်​တိုး​လာ​ဖို့ နွမ်း​ပါး​သူ​ကို ဖြတ်​စား​လျှပ်​စား လုပ်​တဲ့​သူ၊+သူ​ဌေး​ကို လက်​ဆောင်​ပေး​တဲ့​သူ​ဟာဆင်း​ရဲ​မွဲ​တေ​သွား​လိမ့်​မယ်။ ၁၇  ဉာဏ်​ပညာ​ရှိ​သူ​ပြော​တဲ့ စကား​တွေ​ကို နား​စွင့်​ပြီး အသေအချာ နား​ထောင်​ပါ။+ ဒါ​မှ ငါ​သင်​ပေး​တာ​ကို သိ​နား​လည်​လာ​လိမ့်​မယ်။+ ၁၈  အဲဒီ​စကား​တွေ​ကို စိတ်​စွဲ​မှတ်​ထား​တာ ကောင်း​တယ်။+ ဒါ​မှ အဲဒီ​အကြောင်း​တွေ​ကို အမြဲပြော​ဆို​နိုင်​လိမ့်​မယ်။+ ၁၉  ယေဟောဝါ​ကို မင်း​ယုံ​ကြည်​အား​ထား​နိုင်​ဖို့အကြောင်း​အရာ အတော်​များ​များ အခု ငါ​ရှင်း​ပြလိုက်​ပြီ။ ၂၀  အကြံ​ဉာဏ်​တွေ၊ သွန်သင်​ချက်​တွေ​အကြောင်း​ကို​တော့မင်း​ဆီ ရေး​သား​ခဲ့​ပြီး​ပြီ။ ၂၁  ဒီ​လို​ရေးရ​တာ​က စစ်​မှန်​ပြီး စိတ်​ချ​ရ​တဲ့​စကား​တွေ​ကို သင်​ကြား​ပေး​ဖို့​ပဲ။ ဒါ​မှ မင်း​က စေ​လွှတ်​လိုက်​တဲ့​လူ​ဆီ ပြန်​သွား​ပြီး တိ​ကျ​မှန်​ကန်​တဲ့ သတင်း​ကို ပေး​နိုင်​မှာ။ ၂၂  ဆင်း​ရဲ​သား​ကို ဆင်း​ရဲလို့​ဆို​ပြီး မလု​ယက်​နဲ့။+ နိမ့်​ကျ​တဲ့​သူ​ကို မြို့​တံခါး​မှာ မဖိ​နှိပ်​နဲ့။+ ၂၃  ယေဟောဝါ​ကိုယ်​တိုင် သူတို့​ရဲ့​အမှု​ကို လျှောက်​လဲ​ပေး​ပြီး+ဖြတ်​စား​လျှပ်​စား လုပ်​သူ​တွေရဲ့ အသက်​ကို နုတ်​ယူ​မှာ ဖြစ်​လို့​ပဲ။ ၂၄  ဒေါသ​ကြီး​သူ​ကို မပေါင်း​နဲ့။ ဒေါသ​ထွက်​လွယ်​သူ​ကို မပတ်​သက်​နဲ့။ ၂၅  ပတ်​သက်​ရင် သူတို့​ရဲ့​လမ်း​စဉ်တွေ​ကို လိုက်​မိ​ပြီးကျော့​ကွင်း​မိ​သွား​လိမ့်​မယ်။+ ၂၆  အာ​မခံ​ပေး​တဲ့​အနေ​နဲ့ လက်​ဆွဲ​နှုတ်​ဆက်​သူ၊ချေး​ငှား​ပေး​ဖို့ အာ​မခံ​ပေး​သူ​တွေ​ထဲ​မှာ မင်း မပါ​စေ​နဲ့။+ ၂၇  မင်း​မှာ လျော်​ပေး​စ​ရာ ဘာ​မှ​မရှိ​ရင်မင်း​ရဲ့​အိပ်​ရာ​ကို သိမ်း​ယူ​သွား​လိမ့်​မယ်။ ၂၈  ရှေး​က​တည်း​က ဘိုး​ဘေး​တွေ​ ချ​ခဲ့​တဲ့နယ်​နိ​မိတ်​မှတ်​တိုင်​ကို မရွှေ့​နဲ့။+ ၂၉  အလုပ်​ကို ကျွမ်း​ကျင်​ပိုင်​နိုင်​တဲ့​သူ​ကို တွေ့​ဖူး​သလား။ အဲဒီ​လို​လူ​ဟာ သာ​မန်​လူ​တွေ​ရှေ့​မှာ မဟုတ်​ဘဲဘု​ရင့်​ရှေ့​တော်​မှာ ခစား​ရ​လိမ့်​မယ်။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “သူ​စိမ်း။” ပ ၂:၁၆ ကို​ကြည့်။