ထွက်မြောက်ရာ ၂၈:၁-၄၃

  • ပုရောဟိတ်​ဝတ်စုံ (၁-၅)

  • သင်တိုင်း (၆-၁၄)

  • ရင်​ဖုံး (၁၅-၃၀)

    • ဥ​ရိမ်၊ သု​မိ​မ် (၃၀)

  • လက်​ပြတ်​ဝတ်ရုံ (၃၁-၃၅)

  • ရွှေ​စင်​ပြား​တပ်​ထားတဲ့ ခေါင်း​ပေါင်း (၃၆-၃၉)

  • တခြား​ပုရောဟိတ်​ဝတ်စုံ (၄၀-၄၃)

၂၈  “ပုရောဟိတ်​အဖြစ် အမှုဆောင်ဖို့+ မင်း​အစ်ကို​အာရုန်​နဲ့+ သူ့​သား နာ​ဒ​ပ်၊ အ​ဘိ​ဟု၊+ ဧ​လာ​ဇာ၊ ဧသ​မာ​တို့ကို+ အစ္စရေးတွေ​ထဲက​နေ ရွေးချယ်​ပါ။+ ၂  မင်း​အစ်ကို အာရုန်​အတွက် ခံ့ညားထည်ဝါ​ပြီး သန့်ရှင်း​တဲ့​အဝတ်​တွေ ချုပ်​ပေး​ရမယ်။+ ၃  အာရုန်​ကို သန့်ရှင်းမြင့်မြတ်​စေမယ့် အဝတ်​တွေ ချုပ်​ပေးဖို့ ငါ ဉာဏ်ပညာ​ပေးထား​သူတွေ၊+ လက်မှုပညာသည်​တွေကို မှာကြား​ပါ။ အာရုန်​က ငါ့ရဲ့​ပုရောဟိတ်​အဖြစ် အမှုဆောင်​ရမယ်။ ၄  “လက်မှုပညာသည်​တွေ​က ရင်​ဖုံး၊+ သင်တိုင်း၊+ လက်​ပြတ်​ဝတ်ရုံ၊+ လေးထောင့်ကွက်​ပေါ်အောင် ရက်​ထားတဲ့ ဝတ်လုံ​ရှည်၊ ခေါင်း​ပေါင်း၊+ ခါးပန်း​တွေကို+ ချုပ်​ပေး​ရမယ်။ ပုရောဟိတ်​တွေ​အဖြစ် အမှုဆောင်​နိုင်ဖို့ မင်း​အစ်ကို အာရုန်​နဲ့ သားတွေ​အတွက် သန့်ရှင်း​တဲ့​အဝတ်​တွေကို ချုပ်​ပေး​ရမယ်။ ၅  ရွှေ​ချည်၊ အပြာရောင်​ချည်၊ ခရမ်းရောင်​သိုးမွေး၊ ကြက်သွေးရောင်​ချည်၊ ချည်ချော​တွေကို သုံး​ရမယ်။ ၆  “သင်တိုင်း​ကို ရွှေ​ချည်၊ အပြာရောင်​ချည်၊ ခရမ်းရောင်​သိုးမွေး၊ ကြက်သွေးရောင်​ချည်၊ ချည်ချော​တွေ​နဲ့ အလှဆင်​ပြီး ရက်​ရမယ်။+ ၇  သင်တိုင်း​ရဲ့ အပေါ်​အနား​နှစ်ဖက်​မှာ ပခုံး​ကြိုး​ပြား​နှစ်ခု​ကို တပ်​ရမယ်။ ၈  သင်တိုင်း​ချ​ပ်​ရပ်နေ​အောင် ချည်​ပေးမယ့် ခါးစည်းကြိုး​ကို​လည်း+ သင်တိုင်း​ရက်​တဲ့​အတိုင်း ရွှေ​ချည်၊ အပြာရောင်​ချည်၊ ခရမ်းရောင်​သိုးမွေး၊ ကြက်သွေးရောင်​ချည်၊ ချည်ချော​တွေ​သုံးပြီး ရက်​ရမယ်။ ၉  “မ​ဟူ​ရာ​ကြောင်​ဝင်​ကျောက်+ နှစ်လုံး​ပေါ်​မှာ အစ္စရေး​မျိုးနွယ်​ရဲ့ နာမည်​တွေ ရေးထွင်း​ရမယ်။+ ၁၀  ကျောက်​တစ်လုံး​ပေါ်​မှာ နာမည်​ခြောက်ခု၊ နောက်​တစ်လုံး​ပေါ်​မှာ နာမည်​ခြောက်ခု​ကို မျိုးနွယ်​ကြီးစဉ်ငယ်လိုက် ရေးထွင်း​ရမယ်။ ၁၁  တံဆိပ်တုံး​မှာ​ရေးထွင်း​သလို​မျိုး အစ္စရေး​မျိုးနွယ်​ရဲ့ နာမည်​တွေကို အဲဒီ​ကျောက်​နှစ်လုံး​ပေါ်​မှာ ရေးထွင်း​ရမယ်။+ ပြီးတော့ ကျောက်​နှစ်​လုံးကို ရွှေ​ပြား​နဲ့ ကွ​ပ်​ရမယ်။ ၁၂  အစ္စရေး​လူမျိုး​ကို အမှတ်ရ​စေဖို့ သင်တိုင်း​ရဲ့ ပခုံး​ကြိုး​ပြား​တွေ​ပေါ်​မှာ ကျောက်​နှစ်လုံး တပ်​ရမယ်။+ အာရုန်​က သူတို့​နာမည်ကို ပခုံး​ကြိုး​ပြား​တွေ​ပေါ် ဆောင်​ထားတဲ့အတွက် ယေဟောဝါ​က သူတို့ကို အမှတ်ရနေ​လိမ့်မယ်။ ၁၃  ရွှေ​ပြား​အ​ကွ​ပ်​တွေ လုပ်​ရမယ်။ ၁၄  ရွှေ​စင်​ကြိုး​နှစ်​ပင်ကို ကျစ်​ပြီး+ ရွှေ​ပြား​အ​ကွ​ပ်​တွေ​နဲ့ ချိတ်ဆက်​ပေး​ရမယ်။+ ၁၅  “သင်တိုင်း​လိုပဲ တရားစီရင်ချက်​ရင်​ဖုံးကို​လည်း+ ရွှေ​ချည်၊ အပြာရောင်​ချည်၊ ခရမ်းရောင်​သိုးမွေး၊ ကြက်သွေးရောင်​ချည်၊ ချည်ချော​တွေ​နဲ့ အလှဆင်​ပြီး ရက်​ရမယ်။+ ၁၆  ရင်​ဖုံးကို ခေါက်​လိုက်တဲ့အခါ အလျား​တစ်ထွာ၊ အ​နံ​တစ်ထွာ​ရှိတဲ့ စတုရန်း​ပုံ​ဖြစ်​ရမယ်။ ၁၇  ရင်​ဖုံးပေါ်​မှာ ကျောက်မျက်​လေး​တန်း စီခြယ်​ရမယ်။ ပထမ​အတန်း​မှာ ပတ္တမြား၊ ဥ​ဿဖ​ရား၊ မြ၊ ၁၈  ဒုတိယ​အတန်း​မှာ စိမ်း​ပြာ​ကျောက်၊ နီ​လာ၊ နဂါးသွဲ့၊ ၁၉  တတိယ​အတန်း​မှာ လဲ့ရှမ်​ကျောက်၊* သင်္ဘော​မ​ဟူ​ရာ၊ ခရမ်း​စွဲ၊ ၂၀  စတုတ္ထ​အတန်း​မှာ ပြော​င်​ခေါင်းစိမ်း၊ မ​ဟူ​ရာ​ကြောင်​ဝင်၊ ကျောက်စိမ်း ရှိ​ရမယ်။ အဲဒီ​ကျောက်မျက်​တွေကို ရွှေ​နဲ့​ကွ​ပ်​ရမယ်။ ၂၁  ကျောက်မျက်​တွေ​က အစ္စရေး​မျိုးနွယ် ၁၂ နွယ်​ကို ကိုယ်စား​ပြုတယ်။ ကျောက်မျက်​တစ်လုံး​စီ​မှာ တစ်နွယ်စီ​ရဲ့​နာမည်ကို ရေးထွင်း​ရမယ်။ ၂၂  “ရွှေ​စင်​ကြိုး​လုံး​လေး​တွေကို ကျစ်​ပြီး ရင်​ဖုံး​ပတ်လည်​မှာ တပ်​ရမယ်။+ ၂၃  ရွှေ​ကွင်း​နှစ်​ကွင်း လုပ်ပြီး ရင်​ဖုံး​ရဲ့​ထောင့်​နှစ်ဖက်​မှာ တပ်​ရမယ်။ ၂၄  ရွှေ​စင်​ကြိုး​နှစ်​ပင်ကို ရင်​ဖုံး​ထောင့်​က ရွှေ​ကွင်း​နှစ်​ကွင်း​မှာ ချိတ်​ရမယ်။ ၂၅  ရွှေ​စင်​ကြိုး​နှစ်​ပင်​ရဲ့ ကျန်​တဲ့​အစွန်း​နှစ်ခု​ကို ရွှေ​ပြား​အ​ကွ​ပ်​နှစ်ခု​နဲ့ ချိတ်​ပြီး သင်တိုင်း​ရဲ့​ရှေ့​ခြမ်း ပခုံး​ကြိုး​ပြား​တွေ​ပေါ် တပ်​ရမယ်။ ၂၆  ရွှေ​ကွင်း​နှစ်​ကွင်း လုပ်ပြီး သင်တိုင်း​နဲ့​ကပ်လျက်​ရှိတဲ့ ရင်​ဖုံး​ရဲ့​အတွင်းဘက် အောက်​အနား​စွန်း​နှစ်ဖက်​မှာ တပ်​ရမယ်။+ ၂၇  နောက်ထပ်​ရွှေ​ကွင်း နှစ်​ကွင်း လုပ်ပြီး သင်တိုင်း​အပြင်ဘက်၊ ခါးစည်းကြိုး​အထက်​နား ပခုံး​ကြိုး​ပြား​နှစ်ပြား​ရဲ့ ကျန်​အနား​စွန်း​နှစ်ဖက်​မှာ တပ်​ရမယ်။+ ၂၈  ရင်​ဖုံး​ရဲ့​ကွင်း​နဲ့ သင်တိုင်း​ရဲ့​ကွင်း​ကို အပြာရောင်​ကြိုး​နဲ့ ဆက်​ထားရမယ်။ ဒီနည်းနဲ့ ရင်​ဖုံး​က ခါးစည်းကြိုး​အထက်​နား​မှာ နေရာတကျ​ရှိနေမယ်။ ၂၉  “အာရုန်​က သန့်ရှင်း​ရာ​အခန်း​ကို ဝင်​တဲ့​အ​ခါ တရားစီရင်ချက်​ရင်​ဖုံးကို ဝတ်ဆင်​ရမယ်။ ရင်​ဖုံးပေါ်​မှာ အစ္စရေး​မျိုးနွယ်​ရဲ့ နာမည်​တွေ​ပါတဲ့​အတွက် သူတို့ကို ယေဟောဝါ အမြဲ​အမှတ်ရ​လိမ့်မယ်။ ၃၀  အာရုန်​က ယေဟောဝါ​ရှေ့ကို ဝင်​တဲ့​အ​ခါ ဥ​ရိမ်​နဲ့​သု​မိ​မ်ကို*+ တရားစီရင်ချက်​ရင်​ဖုံး​ထဲ ထည့်​ထားရမယ်။ ယေဟောဝါ​ရှေ့ အစ္စရေး​လူမျိုး​ကို တရားစီရင်​တဲ့​အ​ခါ ဥ​ရိမ်​နဲ့​သု​မိ​မ် ပါတဲ့ ရင်​ဖုံးကို အမြဲ​ဝတ်​ထားရမယ်။ ၃၁  “လက်​ပြတ်​ဝတ်ရုံ​ကို အပြာရောင်​ချည်​တစ်မျိုးတည်း​နဲ့ ရက်​ရမယ်။+ ၃၂  ဝတ်ရုံ​မှာ လည်ပင်း​ပေါက် ဖောက်​ရမယ်။ လည်ပင်း​ပေါက် မစုတ်ပြဲ​အောင် သံချပ်အင်္ကျီ​လို လည်ပင်း​ပေါက်​အနား​ပတ်လည်​ကို ရက်​ပြီး​ကွ​ပ်​ရမယ်။ ၃၃  လက်​ပြတ်​ဝတ်ရုံ​ရဲ့ အောက်​အနား​ပတ်လည်​မှာ အပြာရောင်​ချည်၊ ခရမ်းရောင်​သိုးမွေး၊ ကြက်သွေးရောင်​ချည်​တွေ​နဲ့ လုပ်​ထားတဲ့ သလဲသီး​တွေ တပ်​ရမယ်။ သလဲသီး​တွေ​ကြားမှာ ရွှေ​ဆည်း​လည်း​တွေ တပ်​ရမယ်။ ၃၄  ဝတ်ရုံ​ရဲ့ အောက်​အနား​ပတ်လည်​မှာ ရွှေ​ဆည်း​လည်း​နဲ့ သလဲသီး​ကို တစ်လုံး​ခြား​စီ တပ်​ရမယ်။ ၃၅  အာရုန်​က အမှုဆောင်တဲ့​အ​ခါ လက်​ပြတ်​ဝတ်ရုံ​ကို ဝတ်​ထားရမယ်။ ယေဟောဝါ​ရှေ့ သန့်ရှင်းရာဌာန​တော်​ထဲ သူ​ဝင်ထွက်​တဲ့​အ​ခါ ဆည်း​လည်း​သံ​မြည်​တဲ့​အတွက် သေ​ဘေး​က​နေ လွတ်​လိမ့်မယ်။+ ၃၆  “တောက်ပြောင်​တဲ့ ရွှေ​စင်​ပြား​တစ်ခု လုပ်​ရမယ်။ အဲဒီ​ပေါ်​မှာ ‘ယေဟောဝါဟာ သန့်ရှင်းမြင့်မြတ်​တယ်’ ဆို​ပြီး ရေးထွင်း​ရမယ်။+ ၃၇  အဲဒီ​ရွှေ​ပြား​ကို ခေါင်း​ပေါင်း​ရှေ့​ဘက်မှာ+ အပြာရောင်​ကြိုး​နဲ့​ချည်​ပြီး တပ်​ရမယ်။ ၃၈  အဲဒီ​ရွှေ​ပြား​က အာရုန်​ရဲ့​နဖူး​ပေါ်​မှာ ရှိ​ရမယ်။ အစ္စရေးတွေ ဆက်ကပ်​ထားတဲ့ သန့်ရှင်းမြင့်မြတ်​ရာတွေ​နဲ့ ပတ်သက်ပြီး တစ်ယောက်ယောက် အမှားအယွင်း​လုပ်မိတဲ့​အ​ခါ+ အာရုန်​က တာဝန်ယူ​ရမယ်။ ယေဟောဝါရဲ့ နှစ်သက်လက်ခံမှု​ကို သူတို့​ရနိုင်ဖို့ အဲဒီ​ရွှေ​ပြား​က အာရုန်​ရဲ့​နဖူး​ပေါ်​မှာ အမြဲ​ရှိနေရမယ်။ ၃၉  “လေးထောင့်ကွက်​တွေ​ဖော်​ထားတဲ့ ဝတ်ရုံ​ရှည်​ကို ချည်ချော​နဲ့​ရက်​ပြီး ခေါင်း​ပေါင်း​ကို​လည်း ချည်ချော​နဲ့ ရက်​ရမယ်။ ခါးပန်း​ကို​လည်း ရက်​ရမယ်။+ ၄၀  “အာရုန်ရဲ့သားတွေ​အတွက် ခံ့ညားထည်ဝါ​တဲ့+ ဝတ်လုံ​ရှည်​တွေ၊ ခါးပန်း​တွေ၊ ပိတ်​ဦးထုပ်​တွေ ချုပ်​ပေး​ရမယ်။+ ၄၁  မင်း​အစ်ကို​အာရုန်​နဲ့ သား​တွေကို ဝတ်ဆင်​ပေး​ရမယ်။ ငါ့​ပုရောဟိတ်​တွေ​အဖြစ် အမှုဆောင်ဖို့ သူတို့ကို ဘိသိက်ပေး+ ခန့်အပ်​ပြီး+ သန့်ရှင်းမြင့်မြတ်​စေမယ်။ ၄၂  ရှက်​စ​ရာ​အင်္ဂါ​တွေ မ​ပေါ်အောင် ခါး​က​နေ ပေါင်​အထိ​ရှည်​တဲ့ ပိတ်​ဘောင်းဘီ​ကို သူတို့​အတွက် ချုပ်​ပေး​ရမယ်။+ ၄၃  အာရုန်​နဲ့​သားတွေ​က တွေ့ဆုံ​ရာ​တဲ​တော်ကို ဝင်​တဲ့​အ​ခါ၊ သန့်ရှင်းရာဌာန​တော်မှာ အမှုဆောင်ဖို့ ပူဇော်ရာပလ္လင်​အနား​ကို သွားတဲ့အခါ အပြစ်​သင့်​ပြီး မသေ​ရ​အောင် အဲဒါတွေကို ဝတ်​ထားရမယ်။ ဒါဟာ အာရုန်​နဲ့ သားစဉ်မြေးဆက်​တွေ လိုက်နာ​ရမယ့် အမြဲ​တ​ည်တဲ့​ဥပဒေ​ပဲ။

အောက်ခြေမှတ်ချက်များ

ပယင်း၊ ဂေါ်​မိတ်​နီ၊ မ​ဟူ​ရာ​ဖလား၊ မ​ဟူ​ရာ​နီ​စတဲ့ ကျောက်မျက်​တစ်မျိုးမျိုး​ဖြစ်နိုင်။
ခက်ဆစ်ကို​ကြည့်။