တရားဟောရာ ၃၂:၁-၅၂
၃၂ “အို ကောင်းကင်၊ နားစိုက်ပါ။ ငါပြောမယ်။
အို မြေကြီး၊ ငါ့စကားတွေကို နားထောင်ပါ။
၂ ငါ့သွန်သင်ချက်ဟာ မိုးရေလို ကျလိမ့်မယ်။
ငါ့စကားတွေဟာ ဆီးနှင်းလို တဖွဲဖွဲကျလိမ့်မယ်။
မြက်ပင်ပေါ် ရွာချတဲ့ မိုးဖွဲလို၊အပင်တွေပေါ် ရွာသွန်းဖြိုးတဲ့ မိုးလိုပဲ။
၃ ယေဟောဝါရဲ့ နာမည်ကို ငါကြေညာမယ်။+
ဘုရားသခင်ရဲ့ ကြီးမြတ်မှုအကြောင်း ပြောကြပါ။+
၄ ဘုရားသခင်ဟာ ကျောက်ဆောင်ပဲ။ လုပ်ဆောင်သမျှ ပြီးပြည့်စုံတယ်။+
နည်းလမ်းတော်တွေ တရားမျှတတယ်။+
သစ္စာရှိတဲ့ဘုရား၊+ မတရားမှုကင်းတဲ့ဘုရား၊+ဖြောင့်မတ်၊ မှန်ကန်တဲ့ ဘုရား ပဲ။+
၅ သူတို့ အကျင့်ပျက်ကြတယ်။+
ဘုရားရဲ့ သားသမီး မဟုတ်ဘူး။ အဲဒီလိုဖြစ်ရတာ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ။+
ကောက်ကျစ်စဉ်းလဲတဲ့ လူမျိုးဆက်ပဲ။+
၆ ဉာဏ်ပညာမဲ့တဲ့ လူမိုက်တို့၊+
ယေဟောဝါကို ဒီလို ကျေးဇူးကန်းရသလား။+
ကိုယ်တော်ဟာ မင်းတို့ကို ဖြစ်တည်စေတဲ့ဖခင်၊+မင်းတို့ကို ဖန်ဆင်းပြီး တည်မြဲစေတဲ့အရှင်ပဲ။
၇ အတိတ်ကို ပြန်သတိရပါ။
အရင်လူမျိုးဆက်တွေရဲ့ ခေတ်ကို ပြန်တွေးကြည့်ပါ။
ကိုယ့်အဖေကို မေးကြည့်၊ ပြောပြလိမ့်မယ်။+
အသက်ကြီးသူတွေကို မေးကြည့်၊ ရှင်းပြလိမ့်မယ်။
၈ အမြင့်ဆုံးအရှင်က လူမျိုးတွေကို အမွေပေးတဲ့အခါ၊+အာဒံရဲ့သားမြေးတွေကို* ပျံ့နှံ့စေတဲ့အခါ၊+အစ္စရေးလူဦးရေကို တွက်ချက်ပြီး+နယ်နိမိတ် သတ်မှတ်ပေးခဲ့တာ။+
၉ လူမျိုးတော်ဟာ ယေဟောဝါရဲ့ဝေစုပဲ။+
ယာကုပ်ဟာ ကိုယ်တော့်အမွေပဲ။+
၁၀ ဘုရားသခင်က ယာကုပ်ကို တောကန္တာရမှာ၊+သားရဲအူသံ ကြားရတဲ့ ကန္တာရ ဟင်းလင်းပြင်မှာ ရှာတွေ့ခဲ့တယ်။+
သူ့ကို ရင်အုပ်မကွာ စောင့်ရှောက်ပြီး+မျက်ဆန်တော်လို ကာကွယ် ပေးခဲ့တယ်။+
၁၁ လင်းယုန်က ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ အသာအယာ တွန်းပြီးသူတို့အပေါ် ပျံဝဲနေသလို၊တောင်ပံတွေကို ဖြန့်၊ အပျံသင်စ ငှက်လေးတွေကို ချီယူပြီးသယ်ဆောင်သွားသလို၊+
၁၂ တခြားဘယ်ဘုရားမှ မပါဘဲ+ယေဟောဝါတစ်ပါးတည်းကပဲ ယာကုပ်ကို အမြဲဦးဆောင်ခဲ့တယ်။+
၁၃ ဘုရားသခင်က သူ့ကို တောင်တန်းတောင်ကုန်းတွေအပေါ် အုပ်စိုးခွင့် ပေးတဲ့အတွက်+မြေထွက်သီးနှံတွေကို သူစားရတယ်။+
ကျောက်ဆောင်ကြားက ပျားရည်၊မီးခတ်ကျောက်ပေါတဲ့ ဒေသကနေထွက်တဲ့ ဆီကို ကျွေးမွေးတယ်။
၁၄ နွားကရတဲ့ ထောပတ်၊ သိုးနို့၊အကောင်းဆုံးသိုး၊ဗာရှန်ပြည်က သိုးထီး၊ ဆိတ်ထီး၊အကောင်းဆုံးဂျုံစပါး၊+စပျစ်သီးကနေထွက်တဲ့ ဝိုင်ကိုလည်း ကျွေးမွေးတယ်။
၁၅ ယေရှုရုန်* ဝဖြိုးလာတဲ့အခါ ခြေစုံကန်တယ်။
ဝဖီးတုတ်ခိုင်ပြီး ဖောင်းကားလာတဲ့အခါ+ဖန်ဆင်းရှင်ဘုရားကို စွန့်ခွာပြီး+ကယ်တင်ရှင် ကျောက်ဆောင်ကြီးကို မထီလေးစားလုပ်တယ်။
၁၆ သူတို့က တခြားဘုရားတွေကို ကိုးကွယ်ပြီး အမျက်တော်ကို နှိုးဆွကြတယ်။+
ရွံရှာဖွယ်ရာတွေလုပ်ပြီး စိတ်ဆိုးအောင် လုပ်ကြတယ်။+
၁၇ ဘုရားသခင်ဆီ မပူဇော်ဘဲနတ်ဆိုးတွေဆီ၊+ကိုယ်တိုင်မသိ၊ ဘိုးဘေးတွေလည်းမသိတဲ့နောက်မှပေါ်လာတဲ့ ဘုရားအသစ်တွေဆီ ပူဇော်ကြတယ်။
၁၈ ဖခင်ကျောက်ဆောင်ကြီးကို မေ့နေပြီ။+
မွေးဖခင် ဘုရားရှင်ကို သတိမရဘူး။+
၁၉ ဒါကို ယေဟောဝါ မြင်တဲ့အခါ သူတို့ကို ငြင်းပယ်လိုက်တယ်။+
သားသမီးတွေက စိတ်ဆိုးအောင် လုပ်တာကိုး။
၂၀ ဒါကြောင့် ဘုရားသခင် ပြောတာက– ‘သူတို့ကို ငါမျက်နှာလွှဲမယ်။+
သူတို့ရဲ့ ဇာတ်သိမ်းကို ငါစောင့်ကြည့်မယ်။
သူတို့ဟာ ဖောက်ပြန်တဲ့ လူမျိုးဆက်ပဲ။+
သစ္စာမရှိတဲ့ သားသမီးတွေပဲ။+
၂၁ ဘုရားမဟုတ်တာတွေကို ကိုးကွယ်ပြီး ငါ့အမျက်ကို ဆွကြတယ်။+
အသုံးမဝင်တဲ့ ရုပ်တုတွေ လုပ်ပြီး ငါ့ကို စိတ်ဆိုးအောင် လုပ်ကြတယ်။+
ငါကလည်း ဘာမှမဟုတ်တဲ့ လူမျိုးကိုသုံးပြီး သူတို့ရဲ့ မနာလိုစိတ်ကို ဆွပေးမယ်။+
ဉာဏ်ပညာမရှိတဲ့ လူမျိုးကိုသုံးပြီး သူတို့စိတ်ဆိုးအောင် လုပ်မယ်။+
၂၂ ငါ့ဒေါသဟာ မီးလိုလောင်ပြီး+
အနက်ရှိုင်းဆုံး သင်္ချိုင်းအထိ လောင်ကျွမ်းသွားမယ်။+
မြေကြီးနဲ့ မြေကြီးကထွက်သမျှကို ဝါးမျိုမယ်။
တောင်ရဲ့အခြေအမြစ်မှာ တောက်လောင်နေမယ်။
၂၃ သူတို့အပေါ် ဘေးဆိုးတွေ စုပြုံကျရောက်စေမယ်။
ငါ့မြားတွေနဲ့ အကုန်ပစ်ခွင်းလိုက်မယ်။
၂၄ သူတို့ ဆာလောင်ငတ်ပြတ်နေမယ်။+
အပြင်းဖျားခြင်းနဲ့ ပြင်းထန်တဲ့ဖျက်ဆီးခြင်းက သူတို့ကို ဝါးမျိုသွားမယ်။+
သားရဲတွေရဲ့အစွယ်၊တွားသွားသတ္တဝါတွေရဲ့ အဆိပ်ကို ငါလွှတ်လိုက်မယ်။+
၂၅ လူပျိုအပျိုတွေ၊နို့စို့ကလေးတွေ၊ ဆံဖြူအိုမင်းသူတွေဟာ+အိမ်ပြင်မှာ ဓားဘေးနဲ့၊+အိမ်ထဲမှာ ကြောက်ရွံ့ခြင်းဘေးနဲ့ ဆုံးပါးရလိမ့်မယ်။+
၂၆ “သူတို့ကို တကွဲတပြား ဖြစ်စေမယ်။
သူတို့ကို လူတွေ အမှတ်မရတော့အောင် လုပ်မယ်” လို့ငါပြောတယ်။
၂၇ ဒါပေမဲ့ ရန်သူတွေက အထင်လွဲပြီး+“ဒါတွေကို ယေဟောဝါလုပ်တာ မဟုတ်ဘူး။
ကိုယ့်အစွမ်းအစကြောင့် ငါတို့အနိုင်ရတာ”+ လို့ ပြောလာမှာကို ငါမကြားချင်ဘူး။+
၂၈ အစ္စရေးတွေဟာ စဉ်းစားဉာဏ်မရှိ၊*သိနားလည်နိုင်စွမ်းမရှိတဲ့ လူမျိုးပဲ။+
၂၉ သူတို့သာ ဉာဏ်ပညာရှိရင်+ ဆင်ခြင်သုံးသပ်နိုင်မှာပါ။+
အကျိုးဆက်ကို စဉ်းစားမိမှာပါ။+
၃၀ ကျောက်ဆောင်ဖြစ်တဲ့ ယေဟောဝါသာ သူတို့ကို မစွန့်ပစ်ခဲ့ရင်၊+ရန်သူ့လက်ထဲ မအပ်ခဲ့ရင်လူတစ်ယောက်က လူ ၁,၀၀၀ ကို၊လူနှစ်ယောက်က လူ ၁၀,၀၀၀ ကို ဘယ်လို နှိမ်နင်းနိုင်မလဲ။+
၃၁ သူတို့ရဲ့ကျောက်ဆောင်ဟာငါတို့ရဲ့ကျောက်ဆောင်ကြီးနဲ့ မတူမှန်း ရန်သူတွေ သိထားကြတယ်။+
၃၂ သူတို့ရဲ့စပျစ်ပင်ဟာ သောဒုံရဲ့စပျစ်မျိုး၊ဂေါမောရရဲ့စိုက်ခင်းထဲက စပျစ်မျိုးပဲ။+အသီးတွေမှာ အဆိပ်ပါတယ်၊သီးပြွတ်တွေဟာ ခါးလွန်းတယ်။+
၃၃ သူတို့ရဲ့စပျစ်ဝိုင်ဟာ မြွေဆိုးအဆိပ်၊ပြင်းထန်တဲ့ မြွေဟောက်အဆိပ်အတောက်ပဲ။
၃၄ သူတို့ရဲ့လုပ်ရပ်တွေကို ငါသိမ်းထားတယ်။ငါ့သိုလှောင်ရုံထဲမှာ တံဆိပ်ခတ်ထားတယ်။+
၃၅ လက်စားချေတာ၊ ဒဏ်ခတ်တာဟာ ငါ့ကိစ္စပါ။+အချိန်တန်ရင် သူတို့ ခြေချော်သွားမယ်။+သူတို့ပျက်စီးမယ့်အချိန် နီးလာပြီ။သူတို့ကြုံရမယ့်အရာတွေ အမြန်ရောက်လာမယ်။’
၃၆ ယေဟောဝါက လူမျိုးတော်ကို တရားစီရင်မယ်။+
မိမိရဲ့ကျေးကျွန်တွေ ခွန်အားဆုတ်ယုတ်နေတာ၊ခိုကိုးရာမဲ့နေတာ၊ အားနည်းနေတာကို မြင်တဲ့အခါသနားမှာပဲ။+
၃၇ ဘုရားသခင်က ‘သူတို့ရဲ့ ခိုလှုံရာကျောက်ဆောင်၊သူတို့ရဲ့ဘုရားတွေ ဘယ်မှာလဲ။+
၃၈ သူတို့ပူဇော်တဲ့ ယဇ်ကောင်တွေရဲ့အဆီကို စားပြီးသွန်းလောင်းတဲ့ စပျစ်ဝိုင်ကို သောက်လေ့ရှိတဲ့ ဘုရားတွေ ဘယ်မှာလဲ။+
သူတို့ကို လာကူညီပါလေစေ။
သူတို့ရဲ့ခိုလှုံရာ ဖြစ်ပါလေစေ။
၃၉ ငါဟာ ဘုရားသခင်ပဲ။+ငါကလွဲလို့ တခြားဘုရား မရှိဘူး။+ငါဟာ သေစေနိုင်တယ်။ အသက်ရှင်စေနိုင်တယ်။+ဒဏ်ရာရစေနိုင်တယ်။+ ပျောက်ကင်းစေနိုင်တယ်။+ငါ့လက်ကနေ ကယ်တင်နိုင်တဲ့သူ မရှိဘူး။+
၄၀ ငါ့လက်ကို ကောင်းကင်ပေါ် မြှောက်ပြီး“ထာဝစဉ် အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ပြီး ကျိန်ဆိုမယ်”+ လို့ပြောတယ်။
၄၁ ပြောင်လက်နေတဲ့ ဓားကို ငါသွေးပြီးတရားစီရင်ဖို့ အသင့်ပြင်ထားမယ်။+
ရန်သူတွေကို လက်စားချေပြီး+ငါ့ကိုမုန်းတဲ့သူတွေကို ဒဏ်ခတ်မယ်။
၄၂ ငါ့ရဲ့မြားတွေကအသတ်ခံရသူတွေ၊ သုံ့ပန်းတွေရဲ့သွေးနဲ့ ယစ်မူးလိမ့်မယ်။
ငါ့ရဲ့ဓားကရန်သူ့ခေါင်းဆောင်တွေရဲ့ ဦးခေါင်းကို စားလိမ့်မယ်။’
၄၃ လူမျိုးအပေါင်းတို့၊ ဘုရားရဲ့လူမျိုးနဲ့အတူ ဝမ်းမြောက်ကြပါ။+
ဘုရားက မိမိကျွန်တွေရဲ့ သွေးအတွက် လက်စားချေတော့မယ်။+
ရန်သူတွေကို လက်စားချေပြီး+လူမျိုးတော်ရဲ့ပြည်ကို အပြစ်ကင်းစင်အောင် လုပ်ပေးတော့မယ်။”
၄၄ ဒီသီချင်းကို အစ္စရေးတစ်မျိုးလုံးရှေ့မှာ မောရှေနဲ့ နုန်ရဲ့သား ဟောရှာက*+ အစအဆုံး ရွတ်ပြတယ်။+
၄၅ အစ္စရေးတွေကို ဒီစကားအားလုံး ပြောပြီးတဲ့နောက်၊
၄၆ မောရှေက “အခု ကျွန်တော်ပြောနေတဲ့ သတိပေးချက်တွေကို နှလုံးသွင်းကြပါ။+ ဒါမှ ဒီပညတ်တရားမှာပါတဲ့ စကားတွေကို ဂရုတစိုက်လိုက်နာဖို့ သားမြေးတွေကို မှာကြားနိုင်မယ်။+
၄၇ ဒီစကားတွေဟာ အဓိပ္ပာယ်မရှိတဲ့ စကားတွေ မဟုတ်ဘူး။ အသက်ရှင်စေတဲ့ စကားတွေပဲ။+ ဒီစကားတွေကို လိုက်နာရင် ဂျော်ဒန်မြစ်ကိုကူးပြီး သိမ်းပိုက်တော့မယ့်ပြည်မှာ ခင်ဗျားတို့ အသက်ရှည်ရှည် နေနိုင်မယ်” လို့မှာတယ်။
၄၈ အဲဒီနေ့မှာပဲ ယေဟောဝါက မောရှေကို ပြောတယ်–
၄၉ “ယေရိခေါမြို့ဘက် မျက်နှာမူထားတဲ့ မောဘပြည်ထဲက နေဗောတောင်လို့ခေါ်တဲ့+ အာဗရိမ်တောင်ပေါ်+ တက်သွားပြီး အစ္စရေးတွေအတွက် ငါအပိုင်ပေးမယ့် ခါနန်ပြည်ကို လှမ်းမျှော်ကြည့်ပါ။+
၅၀ မင်းရဲ့အစ်ကို အာရုန်ဟာ ဟောရတောင်ပေါ်မှာ သေဆုံးပြီး+ ဘိုးဘေးတွေ စုဝေးရာကို ရောက်သွားသလို မင်းလည်း ဒီတောင်ပေါ်မှာ သေဆုံးပြီး ဘိုးဘေးတွေ စုဝေးရာကို ရောက်လိမ့်မယ်။*
၅၁ မင်းတို့နှစ်ယောက်စလုံးက ဇိနတောကန္တာရ၊ ကာဒေရှအရပ်မှာရှိတဲ့ မေရိဘစမ်းရေနားမှာ+ အစ္စရေးတွေရှေ့ ငါ့ကို သစ္စာမဲ့ခဲ့ကြတယ်။ အစ္စရေးတွေရှေ့မှာ ငါ့ကို သန့်ရှင်းမြင့်မြတ်တဲ့အရှင်အဖြစ် ဂုဏ်မတင်ခဲ့ကြဘူး။+
၅၂ ဒါကြောင့် အစ္စရေးတွေအတွက် ငါပေးမယ့်ပြည်ကို အဝေးကနေပဲ လှမ်းကြည့်ရလိမ့်မယ်။ ပြည်ထဲကို မင်းဝင်ရမှာ မဟုတ်ဘူး။”+
အောက်ခြေမှတ်ချက်များ
^ “လူသားမျိုးနွယ်ကို” လည်းဖြစ်နိုင်။
^ အဓိပ္ပာယ်၊ “ရိုးဖြောင့်သူ။” အစ္စရေးရဲ့ဂုဏ်ပုဒ်။
^ “အကြံပေးတာကို လက်မခံတဲ့” လည်းဖြစ်နိုင်။
^ ယောရှုရဲ့ နာမည်ရင်း။
^ သေဆုံးတာကို တင်စားတဲ့ အသုံးအနှုန်း။