တမန်တော် ၂၀:၁-၃၈

  • မက်​ဆီ​ဒိုး​နီး​ယား​ပြည်​နဲ့ ဂရိ​ပြည်​ရောက်​ပေါလု (၁-၆)

  • တ​ရော​မြို့​မှာ ဥ​တု​ခု​ကို အသက်​ပြန်​ရှင်​လာ​အောင် လုပ်​ပေး (၇-၁၂)

  • တ​ရော​မြို့​မှ မိ​လက်​မြို့​သို့ (၁၃-၁၆)

  • ဧဖက်​အကြီး​အကဲ​များ​နဲ့ ပေါလု​တွေ့​ဆုံ (၁၇-၃၈)

    • တစ်​အိမ်​မှ​တစ်​အိမ် သွန်သင်​ခြင်း (၂၀)

    • “ပေး​ကမ်း​ခြင်း​က ပို​ပျော်​ရွှင်​စေ” (၃၅)

၂၀  ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​နေ​တာ​တွေ  ရပ်​တန့်​သွား​ပြီး​နောက် ပေါလု​က တ​ပည့်တွေ​ကို ခေါ်​ ခိုင်း​တယ်။ သူတို့​ကို အား​ပေး​ပြီး​နောက် နှုတ်​ဆက်​စကား​ပြော​ပြီး မက်​ဆီ​ဒိုး​နီး​ယား​ပြည်​ကို  ခ​ရီး​ဆက်​တော့​တယ်။ ၂  အဲဒီ​ဒေ​သတွေ​တစ်​လျှောက် လှည့်​လည်​သွား​လာ​ပြီး တ​ပည့်တွေ​ကို အား​ပေး​စကား​ပြော​တယ်။ အဲဒီ​နောက် ဂရိ​ပြည်​ကို ရောက်​လာ​တယ်။ ၃  ဂရိ​ပြည်​မှာ သုံး​လ​နေ​ပြီး​နောက် ဆီး​ရီး​ယား​ပြည်​ဘက် ရွက်​လွှင့်​မယ်​လုပ်​တော့ ဂျူး​တွေ​က သူ့​ကို​သတ်​ဖို့ လျှို့ဝှက်​ကြံ​စည်​နေ​တဲ့​အတွက်+ မက်​ဆီ​ဒိုး​နီး​ယား​ပြည်​ကို ဖြတ်​ပြီး ပြန်​ဖို့ ဆုံး​ဖြတ်​လိုက်​တယ်။ ၄  သူ​နဲ့​အတူ ဗေ​ရိ​မြို့​သား ပု​ရုရဲ့​သား သောပ​တ​ရု၊ သက်သာ​လောနိတ်​မြို့​သား​တွေ​ဖြစ်​တဲ့ အာ​ရိတ္တာ​ခု​နဲ့+ သေကုန္ဒု၊ ဒေ​ရ​ဗေ​မြို့​သား ဂါ​ယု၊ တိမောသေ၊+ အာ​ရှ​နယ်​သား​တွေ​ဖြစ်​တဲ့ တု​ခိတ်​နဲ့+ တ​ရော​ဖိမ်​တို့+ လိုက်​ပါ​သွား​တယ်။ ၅  သူတို့​က  ကျွန်​တော်​တို့​ထက်​အရင်   ထွက်​သွား​ပြီး တ​ရော​မြို့​မှာ  စောင့်​နေ​တယ်။ ၆  တဆေး​မဲ့​မုန့်​ပွဲ​တော်​အပြီး​မှာ+ ဖိ​လိပ္ပိ​မြို့​က​နေ ကျွန်​တော်​တို့ ရွက်​လွှင့်​သွား​တယ်။ ငါး​ရက်​ကြာ ခ​ရီး​နှင်​ပြီး​နောက် သူတို့​ရှိ​နေ​တဲ့ တ​ရော​မြို့​ကို ရောက်​လာ​တယ်။ အဲဒီ​မှာ ခု​နစ်​ရက် နေ​ကြ​တယ်။ ၇  သီ​တင်း​ပတ်​ရဲ့ ပထ​မနေ့​မှာ ကျွန်​တော်​တို့ အတူ​စား​သောက်​ဖို့ စု​ဝေး​တဲ့​အခါ ပေါလု​က နောက်​တစ်​နေ့​မှာ ထွက်​သွား​ရ​မှာ​ဖြစ်​လို့ သန်း​ခေါင်​အထိ ဆက်​ဟော​ပြော​နေ​တယ်။ ၈  ကျွန်​တော်​တို့​စု​ဝေး​တဲ့ အထက်​ခန်း​မှာ မီး​ခွက်​အများ​ကြီး  ထွန်း​ထား​တယ်။ ၉  ပေါ​လု​ ဟော​ပြော​နေ​တုန်း ဥ​တု​ခု​လို့​ခေါ်​တဲ့ လူငယ်​တစ်​ယောက်​က ပြတင်း​ပေါက်​ဘောင်​မှာ ထိုင်​ရင်း အိပ်​ပျော်​သွား​လို့ တ​တိ​ယ​အထပ်​က​နေ ပြုတ်​ကျ​သွား​တယ်။ လူ​တွေ ပွေ့​ချီ​လိုက်​တဲ့​အခါ သူ သေဆုံး​နေ​ပြီ။ ၁၀  ပေါလု​လည်း အောက်​ထပ်​ဆင်း​လာ​ပြီး​နောက် သူ့​အပေါ် ကိုယ်​ကို​ကိုင်း​ပြီး ပွေ့​ဖက်​လိုက်​တယ်။+ “မစိုး​ရိမ်​ကြ​ပါ​နဲ့။ သူ အသက်* ပြန်​ရှင်​လာ​ပြီ”+ လို့​ပြော​တယ်။ ၁၁  အဲဒီ​နောက် ပေါလု​က အပေါ်​ထပ်​ကို ပြန်​တက်​လာ​ပြီး စား​သောက်​တယ်။ မိုး​လင်း​တဲ့​အထိ အတော်​ကြာ စကား​ပြော​ဆို​ပြီး​နောက် ထွက်​ခွာ​သွား​တယ်။ ၁၂  သူတို့​လည်း အသက်​ရှင်​နေ​တဲ့ ဥ​တု​ခု​ကို ခေါ်​သွား​ပြီး အတိုင်း​ထက်​အလွန် စိတ်​သက်​သာ​ရာ ရ​သွား​ကြ​တယ်။ ၁၃  ကျွန်​တော်​တို့​က သင်္ဘော​ပေါ်​တက်​နှင့်​ပြီး အသု​မြို့​ဆီ ရွက်​လွှင့်​သွား​လိုက်​တယ်။ ပေါလု​က​တော့ အသု​မြို့​ကို ကုန်း​ကြောင်း​သွား​ဖို့ ဆုံး​ဖြတ်​တယ်။ ဒါ​ကြောင့် သူ​မှာ​ထား​တဲ့​အတိုင်း အဲဒီ​မှာ သူ့​ကို သင်္ဘော​ပေါ် ခေါ်​တင်​ဖို့ ကျွန်​တော်​တို့ စီ​စဉ်​ထား​တယ်။ ၁၄  အသု​မြို့​မှာ ပေါလု​နဲ့​ဆုံ​တော့ သူ့​ကို သင်္ဘော​ပေါ် ခေါ်​တင်​ပြီး မိ​တု​လင်​မြို့​ဆီ ဆက်​သွား​ကြ​တယ်။ ၁၅  မိ​တု​လင်​မြို့​က​နေ ရွက်​လွှင့်​ပြီး နောက်​တစ်​နေ့​မှာ ခိအု​ကျွန်း​ကို ရောက်​လာ​တယ်။ နောက်​တစ်​နေ့  သာမု​ကျွန်း​မှာ  ခ​ဏ​ကမ်း​ကပ်​တယ်။ နောက်​တစ်​နေ့​ကျ​တော့ မိ​လက်​မြို့​ဆီ ရောက်​လာ​တယ်။ ၁၆  ဖြစ်​နိုင်​မယ်​ဆို​ရင် ပင်တေ​ကု​တ္တေ​ပွဲ​နေ့​အမီ ဂျေရု​ဆ​လင်​မြို့​ကို ခ​ရီး​ပြင်း​နှင်​ပြီး+ အရောက်​သွား​ရ​မှာ​ဖြစ်​လို့ ပေါလု​က အာ​ရှ​နယ်​မှာ အချိန်​ကုန်​မခံ​ဘဲ ဧဖက်​မြို့​ကို​ဖြတ်​ပြီး+ ရွက်​လွှင့်​သွား​ဖို့ ဆုံး​ဖြတ်​ထား​တယ်။ ၁၇  ဒါ​ပေမဲ့ ပေါလု​က မိ​လက်​မြို့​က​နေ ဧဖက်​မြို့​ကို အကြောင်း​ကြား​ပြီး အသင်း​တော် အကြီး​အကဲ​တွေ​ကို ခေါ်​လိုက်​တယ်။ ၁၈  သူတို့​ရောက်​လာ​တဲ့​အခါ ပေါလု​က “အာ​ရှ​နယ်​ကို ရောက်​တဲ့​နေ့​က​စ​ပြီး ခင်​ဗျား​တို့​နဲ့ နေ​ထိုင်​ခဲ့​ချိန် တစ်​လျှောက်​လုံး​မှာ ကျွန်​တော် ဘယ်​လို​ကျင့်​ကြံ​နေ​ထိုင်​ခဲ့​မှန်း ခင်​ဗျား​တို့ ကောင်း​ကောင်း​သိ​ပါ​တယ်။+ ၁၉  အလွန်​နှိမ့်​ချ​တဲ့​စိတ်​နဲ့ သခင့်​အတွက် ကျွန်​တော် အစေ​ခံ​ခဲ့​တယ်။+ ကျွန်​တော့်​ကို​သတ်​ဖို့ ဂျူး​တွေ  လျှို့​ဝှက်​ကြံ​စည်​တဲ့​အတွက် စုံစမ်း​နှောင့်​ယှက်​မှု​အမျိုး​မျိုး ကြုံ​တွေ့​ပြီး မျက်​ရည်​ကျ​ခဲ့ရ​တယ်။ ၂၀  ခင်​ဗျား​တို့​အတွက် အကျိုး​ဖြစ်​စေ​မယ့်​အရာ တစ်​ခု​မှ ကျွန်​တော် မထိမ်​ချန်​ခဲ့​ဘူး။ လူ​အများ​ရှေ့​မှာ​ရော၊+ တစ်​အိမ်​တက်​ဆင်း သွား​ပြီး​တော့ရော+ ဟော​ပြော​သွန်သင်​ပေး​ခဲ့​တယ်။ ၂၁  နောင်​တ​ရ​ပြီး+ ဘုရား​သခင်​ဆီ ပြန်​လှည့်​လာ​ဖို့၊ သခင်​ယေရှု​ကို ယုံ​ကြည်​ဖို့+ ဂျူး​တွေ​ကို​ရော ဂရိ​လူ​တွေ​ကို​ပါ  စေ့​စေ့​စပ်​စပ်  သက်သေခံ​ခဲ့​တယ်။ ၂၂  အခု၊ စွမ်းအား​တော် စေ​ခိုင်း​ချက်​အရ ဂျေရု​ဆ​လင်​မြို့​ကို သွား​ရ​တော့​မယ်။ အဲဒီ​မြို့​မှာ ဘာ​တွေ​ကြုံ​ရ​မယ်​မှန်း မသိ​ရ​သေး​ဘူး။ ၂၃  ဒါ​ပေမဲ့ ထောင်​ချ​ခံ​ရ​မယ်၊ ဆင်း​ရဲ​ဒုက္ခ ကြုံ​တွေ့​ရ​မယ်​ဆို​ပြီး သန့်​ရှင်း​သော စွမ်းအား​တော်​က မြို့​တိုင်း​မှာ အကြိမ်​ကြိမ် သတိ​ပေး​တာ​ကို​တော့  ကျွန်​တော်​သိ​တယ်။+ ၂၄  ဘာ​ပဲ​ဖြစ်​ဖြစ် ဘု​ရား​သခင့်​မဟာ​ကရု​ဏာ​နဲ့​ဆိုင်​တဲ့  သတင်း​ကောင်း​အကြောင်း စေ့​စေ့​စပ်​စပ် သက်သေခံ​ဖို့ သခင်​ယေရှု ပေး​အပ်​ထား​တဲ့ တာဝန်​နဲ့ အမှု​ဆောင်​လုပ်ငန်း​ကို ပြီး​စီး​အောင်​သာ ဆောင်​ရွက်​ခွင့်​ရ​မယ်​ဆို​ရင်+ ကျွန်​တော့်​အသက်​ကို​တောင် ပဓာ​န​မထား​ပါ​ဘူး။ ၂၅  “ဒီ​တော့ နိုင်​ငံ​တော်​အကြောင်း ကျွန်​တော်​ဟော​ပြော​ခဲ့​တဲ့  ခင်​ဗျား​တို့​အားလုံး​ဟာ နောင်​ဆို​ရင် ကျွန်​တော့်​မျက်​နှာ​ကို မြင်​ခွင့်​ရ​တော့​မှာ မဟုတ်​မှန်း ကျွန်တော်​သိ​နေ​တယ်။ ၂၆  တစ်​ယောက်​ယောက်  ကယ်​တင်​ခြင်း​မရ​ရင်​  ကျွန်တော့်​အပြစ်  မဟုတ်​ဘူး​ဆို​တာ ခင်ဗျား​တို့​ကို နား​လည်​စေ​ချင်​တယ်။+ ၂၇  ဘု​ရား​သခင်​ရဲ့ ရည်​ရွယ်​ချက်​မှန်​သမျှ မထိမ်​ချန်​ဘဲ ခင်​ဗျား​တို့​ကို ကျွန်​တော်  ပြော​ပြခဲ့လို့​ပဲ။+ ၂၈  ဘုရား​သခင်​က သား​တော်ရင်းရဲ့​သွေး​နဲ့ ဝယ်​ထား​တဲ့+  အသင်း​တော်​ကို  ထိန်း​ကျောင်း​ဖို့+  ခင်​ဗျား​တို့​ကို   ကြီး​ကြပ်​မှူး​တွေ​အဖြစ်+ သန့်​ရှင်း​သော စွမ်းအား​တော်​နဲ့ ခန့်​အပ်​ထား​တဲ့​အတွက်  ကိုယ့်​ကိုယ်​ကိုယ် သတိ​ထား​ကြ​ပါ။+ သိုး​တော်​တစ်​စု​လုံး​ကို​လည်း ဂရု​တ​စိုက် ထိန်း​ကျောင်း​ကြ​ပါ။ ၂၉  ကျွန်​တော်​မရှိ​တဲ့​နောက် ဖိ​နှိပ်​တတ်​တဲ့ ဝံ​ပု​လွေတွေ​က ခင်​ဗျား​တို့​ထဲ​ဝင်​လာ​ပြီး+ သိုး​တွေ​ကို မညှာ​မတာ ဆက်ဆံ​ကြ​မယ်​ဆို​တာ  ကျွန်​တော်​  သိ​တယ်။ ၃၀  တ​ပည့်တွေ​ကို သူတို့​နောက်​လိုက်​ဖြစ်​အောင်​သွေး​ဆောင်​ဖို့ မှား​ယွင်း​တဲ့​အကြောင်း​အရာတွေ သွန်သင်​ပေး​မယ့်​သူ​တွေ​လည်း​ ခင်ဗျား​တို့​အထဲ​က​နေ​ပဲ​ပေါ်​လာ​လိမ့်​မယ်။+ ၃၁  “ဒါ​ကြောင့် နိုး​ကြား​နေ​ကြ​ပါ။ ကျွန်​တော်​က ခင်​ဗျား​တို့​အားလုံး​ကို သုံး​နှစ်​ပတ်​လုံး+ နေ့​ည​မပြတ် မျက်​ရည်​နဲ့ ဆုံးမ​သွန်သင်​ပေး​ခဲ့​တာ ပြန်​အမှတ်​ရ​ကြ​ပါ။ ၃၂  အခု ခင်​ဗျား​တို့​ကို ဘု​ရား​သခင်​ဆီ အပ်​ထား​လိုက်​ပြီ။ မဟာ​ကရု​ဏာ​တော်​နဲ့​ဆိုင်​တဲ့ သတင်း​တ​ရား​ဆီ​ကို​လည်း အပ်​ထား​လိုက်​ပြီ။ အဲဒီ​သတင်း​တ​ရား​က ခင်​ဗျား​တို့​ကို ခွန်​အား​ပေး​နိုင်​ရုံ​မက သန့်​ရှင်း​သူ​အားလုံး​နဲ့​အတူ အမွေ​ရ​စေ​နိုင်​တယ်။+ ၃၃  ကျွန်​တော်​က သူ​တစ်ပါး​ရဲ့ ရွှေ​ငွေ အဝတ်​အစား​တွေ​ကို မလို​ချင်​ခဲ့​ဘူး။+ ၃၄  ကိုယ်​တိုင်​နဲ့ အပေါင်း​အဖော်တွေရဲ့ လို​အပ်​ရာတွေ ရ​နိုင်​ဖို့ ဟော​ဒီ​လက်​တွေ​နဲ့ ကိုယ်​တိုင်​လုပ်​ကိုင်​ခဲ့​တာ+ ခင်​ဗျား​တို့ အသိ​ပဲ။ ၃၅  ဒီ​နည်း​နဲ့ ခင်​ဗျား​တို့​လည်း အလုပ်​ကြိုး​စား​ပြီး+ အား​နည်း​သူ​တွေ​ကို ထောက်မ​ပေး​ဖို့၊ ‘ရ​ယူ​ခြင်း​ထက် ပေး​ကမ်း​ခြင်း​က ပို​ပျော်​ရွှင်​စေ​တယ်’+ ဆို​တဲ့ သခင်​ယေရှု​ရဲ့​စကား​ကို အမြဲအမှတ်​ရ​နေ​ဖို့ အရာရာ​မှာ ကျွန်​တော် ပုံ​န​မူ​နာ​ပြခဲ့​တယ်” လို့​ပြော​တယ်။ ၃၆  ဒီ​စကား​တွေ​ကို  ပြော​ပြီး​တဲ့​နောက် ပေါလု​က သူတို့​အားလုံး​နဲ့​အ​တူ​ ဒူး​ထောက်​ပြီး ဆုတောင်း​တဲ့​အခါ၊ ၃၇  သူတို့​လည်း ရှိုက်​ကြီး​တ​ငင် ငို​ကြွေး​ကြ​တယ်။ ပေါလု​ကို ဖက်​ပြီး ချစ်​ခင်​လေး​စား​တဲ့​စိတ်​နဲ့ နမ်း​ကြ​တယ်။ ၃၈  သူ့​မျက်​နှာ​ကို မြင်​ခွင့်​ရ​တော့​မှာ မဟုတ်​ဘူး​ဆို​တဲ့ ပေါလု​ရဲ့​စကား​ကြောင့် စိတ်​ထိ​ခိုက်​သွား​ကြ​တယ်။+ အဲဒီ​နောက် ပေါလု​ကို သင်္ဘော​ဆီ လိုက်​ပို့​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။