တမန်တော် ၁:၁-၂၆

  • သော်​ဖိ​လု​ထံ စာ​ရေး (၁-၅)

  • ကမ္ဘာ​မြေအစွန်​အဖျား​အထိ သက်သေခံ (၆-၈)

  • ယေရှု ကောင်း​ကင်​ကို တက်​သွား (၉-၁၁)

  • တ​ပည့်တွေ စည်း​စည်း​လုံး​လုံး စု​ဝေး (၁၂-၁၄)

  • ယုဒ​နေ​ရာ​မှာ မဿိ​ကို အစား​ထိုး (၁၅-၂၆)

 သော်​ဖိ​လု၊  ကျွန်​တော်ရေးခဲ့​တဲ့ ပထ​မစာ​ထဲ​မှာ  သခင်​ယေရှု​စ​တင်​သွန်သင်​ခဲ့​တာ​တွေ၊ လုပ်​ဆောင်​ခဲ့​တာ​တွေ၊+ ၂  ရွေး​ချယ်​ထား​တဲ့ တမန်​တော်တွေ​ကို သန့်​ရှင်း​သော စွမ်းအား​တော်​က​တစ်ဆင့် ညွှန်​ကြား​ချက်​တွေ ပေး​ပြီး​တဲ့​နောက်+ ကောင်း​ကင်​ကို ဆောင်​ယူ​ခံ​ရ​တဲ့​နေ့​အထိ+ လုပ်​ခဲ့၊ ပြော​ခဲ့​တာ​တွေ အားလုံး​ပါ​တယ်။ ၃  သခင်​ဟာ အသေခံ​ပြီး​နောက်​မှာ အသက်​ပြန်​ရှင်​လာ​တယ်​ဆို​တဲ့ ခိုင်လုံ​တဲ့ အထောက်​အထား​များ​စွာ တမန်​တော်တွေ​ကို ပြခဲ့​တယ်။+ ရက်​ပေါင်း ၄၀ ပတ်​လုံး သခင်​ကို သူတို့​မြင်​တွေ့​ခဲ့​သလို သခင်​က​လည်း ဘု​ရား​သခင့် နိုင်​ငံ​တော်​အကြောင်း ပြော​ပြခဲ့​တယ်။+ ၄  သူတို့​နဲ့​အတူ  စည်း​ဝေး​နေ​တုန်း သခင်​က “ဂျေရု​ဆ​လင်​က​နေ မထွက်​သွား​ပါ​နဲ့။+ ကောင်း​ကင်​အဖ ကတိ​ပေး​ထား​တဲ့​အရာ​ကို စောင့်​နေ​ကြ​ပါ။+  အဲဒီ​ကတိ​အကြောင်း ခင်ဗျား​တို့​ကို  ကျွန်​တော်  ပြော​ပြပြီး​သား​ပဲ။ ၅  ယောဟန်​က ရေ​နဲ့ နှစ်ခြင်း​ပေး​ခဲ့​တယ်။ ခင်​ဗျား​တို့​က​တော့ မကြာ​ခင် သန့်​ရှင်း​သော စွမ်းအား​တော်​နဲ့ နှစ်ခြင်း​ခံ​ရ​လိမ့်​မယ်”+ ဆို​ပြီး ပြော​ခဲ့​တယ်။ ၆  သူတို့​စု​ဝေး​နေ​တုန်း​မှာ “သခင်၊ အစ္စရေး​လူမျိုး​အတွက် နိုင်​ငံ​ကို အခု ပြန်​တည်​ထောင်​ပေး​မှာ​လား”+  လို့ မေး​တော့၊ ၇  သခင်​က “ကောင်း​ကင်​အဖ သတ်​မှတ်​တဲ့ အချိန်​ကာလ​တွေ​အကြောင်း ခင်​ဗျား​တို့ သိ​ခွင့်​မရှိ​ဘူး။+ ၈  ဒါ​ပေမဲ့ ခင်​ဗျား​တို့ သန့်​ရှင်း​သော စွမ်းအား​တော်ရ​တဲ့​အခါ တန်ခိုး​ရ​ပြီး+ ဂျေရု​ဆ​လင်​မြို့၊+ ယုဒ​ပြည်​တစ်​ဝန်း​လုံး၊ ရှမာ​ရိ​ပြည်၊+ ကမ္ဘာ​မြေအစွန်​အဖျား​အထိ+ ကျွန်​တော့်​အကြောင်း သက်သေခံ​ကြ​လိမ့်​မယ်”+ လို့​ဖြေတယ်။ ၉  အဲဒီ​လို​ဖြေပြီး​တဲ့​နောက် သူတို့​ကြည့်​နေ​တုန်း​မှာ​ပဲ သခင်​ဟာ ကောင်း​ကင်​ကို ဆောင်​ယူ​ခံ​ရ​ပြီး  မိုး​တိမ်​နဲ့​ကွယ်​သွား​တယ်။+ ၁၀  အဲ​ဒီ​လို ကောင်း​ကင်​ပေါ်​တက်​သွား​တာ​ကို သူတို့​ကြည့်​နေ​တုန်း အဖြူ​ရောင် ဝတ်​ဆင်​ထား​သူ​နှစ်​ယောက်+ အနား​မှာ ရုတ်​တ​ရက် ပေါ်​လာ​ပြီး၊ ၁၁  “ဂါလိ​လဲ​လူ​တို့၊ ကောင်း​ကင်​ကို ဘာ​လို့ မော့​ကြည့်​နေ​တာ​လဲ။ ယေရှု ကောင်း​ကင်​ကို ဆောင်​ယူ​ခံ​ရ​တာ ခင်​ဗျား​တို့ မြင်​ရ​ပြီ။ အဲဒီ​နည်း​အတိုင်း​ပဲ သူ​ပြန်​လာ​လိမ့်​မယ်” လို့​ပြော​တယ်။ ၁၂  အဲဒီ​နောက် သူတို့​က သံ​လွင်​တောင်​က​နေ  ဂျေရု​ဆ​လင်​ကို  ပြန်​သွား​ကြ​တယ်။+ အဲဒီ​တောင်​က ဂျေရု​ဆ​လင်​နဲ့  မိုင်​ဝက်​လောက်*  ဝေး​တယ်။ ၁၃  ပြန်​ရောက်​တဲ့​အခါ ပေတရု၊ ယောဟန်၊ ယာကုပ်၊ အန္ဒြေ၊ ဖိ​လိပ္ပု၊ သော​မ၊ ဗာ​သော​လ​မဲ၊ မဿဲ၊ အာ​လ​ဖဲ​ရဲ့​သား ယာကုပ်၊ ထက်​သန်​သူ ရှိ​မုန်၊ ယာကုပ်​ရဲ့​သား ယုဒ​တို့​ဟာ တည်း​ခို​တဲ့​အထက်​ခန်း​ကို တက်​သွား​ကြ​တယ်။+ ၁၄  သူတို့​အားလုံး​က ယေရှု​ရဲ့ ညီ​တွေ၊ မိ​ခင်​မာ​ရိ၊+ တ​ခြား​အမျိုး​သမီး​တွေ​နဲ့+ စည်း​စည်း​လုံး​လုံး အမြဲဆုတောင်း​ကြ​တယ်။ ၁၅  ဒီ​လို​နဲ့ တစ်​နေ့​မှာ လူ ၁၂၀ လောက် စု​ဝေး​နေ​တုန်း ပေတရု​က သူတို့​အလယ်​မှာ ထ​ရပ်​ပြီး၊ ၁၆  “ညီ​အစ်​ကို​တို့၊ ယေရှု​ကို​ဖမ်း​ဖို့ လမ်း​ပြပေး​တဲ့ ယုဒ​နဲ့​ပတ်​သက်​ပြီး+ ဒါဝိဒ်​က​တစ်ဆင့် သန့်​ရှင်း​သော  စွမ်းအား​တော်  ကြို​ဟော​ထား​တဲ့ ကျမ်း​ချက်​အတိုင်း ပြည့်​စုံ​ရ​မယ်။+ ၁၇  ယုဒ​ဟာ  ကျွန်​တော်​တို့  တမန်​တော်တွေ​ထဲ​က တစ်​ယောက်​အဝင် ဖြစ်​ခဲ့​တယ်။+ အတူ​အမှု​ဆောင်​ခဲ့​တယ်။ ၁၈  (အဲဒီ​လူ​က သူ့​ရဲ့ မဖြောင့်​မတ်​မှု​ကြောင့်​ရ​တဲ့  ငွေ​နဲ့  မြေတစ်​ကွက်​ဝယ်​တယ်။+ ဇောက်​ထိုး​ကျ​ပြီး ဗိုက်​ပေါက်​သွား​လို့ အူ​တွေ ထွက်​ကျ​ကုန်​တယ်။+ ၁၉  ဒီ​အကြောင်း​ကို ဂျေရု​ဆ​လင်​မြို့​သား​အားလုံး  သိတဲ့​အတွက် အဲဒီ​မြေကွက်​ကို သူတို့​ဘာ​သာ​စကား​နဲ့ ‘အကေ​လ​ဒ​မ’ လို့​ခေါ်​တယ်။ အဓိပ္ပာယ်​က​တော့  သွေး​မြေ။) ၂၀  ဆာလံ​ကျမ်း​မှာ ‘သူ့​နေ​ရာ လူ​သူ​ကင်း​မဲ့​ပါ​စေ။ နေ​ထိုင်​သူ မရှိ​ပါ​စေ​နဲ့။+ သူ့​ရဲ့ ကြီး​ကြပ်​မှူး​တာဝန်​ကို တ​ခြား​သူ ရ​ပါ​စေ’+ လို့ရေး​ထား​တယ်။ ၂၁  ဒါ​ကြောင့် သခင်​ယေရှု​ရှိ​ခဲ့​တုန်း​က ကျွန်​တော်​တို့​နဲ့ ပေါင်း​သင်း​ဖူး​သူ​တွေ​ထဲ​က တစ်​ယောက်​ကို သူ့​နေ​ရာ​မှာ အစား​ထိုး​ရ​မယ်။ ၂၂  ယော​ဟန်​ဆီ​မှာ သခင်​နှစ်ခြင်း​ခံ​ချိန်​က​စ​ပြီး+ ကောင်း​ကင်​ကို  ဆောင်​ယူ​ခံ​ရ​တဲ့​နေ့​အထိ+ ကျွန်​တော်​တို့​နဲ့ ပေါင်း​သင်း​ဖူး​တဲ့​သူ ဖြစ်​ရ​မယ်။ သခင် ရှင်​ပြန်​ထ​မြောက်​တာ​ကို ကျွန်​တော်​တို့​နဲ့​အတူ မြင်​တွေ့​ခဲ့​တဲ့ မျက်​မြင်​သက်​သေလည်း ဖြစ်​ရ​မယ်”+ လို့​ပြော​တယ်။ ၂၃  ဒါ​နဲ့ လူ​နှစ်​ယောက်​ကို အဆို​ပြု​ကြ​တယ်။ တစ်​ယောက်​က ဗာ​ရှ​ဗ​လို့​ခေါ်​တဲ့ ယော​သပ်။ သူ့​ကို ယုတ္တုလို့​လည်း ခေါ်​တယ်။ နောက်​တစ်​ယောက်​က​တော့ မဿိ။ ၂၄  အဲဒီ​နောက် “လူ​အားလုံး​ရဲ့ စိတ်​နှလုံး​ကို သိ​မြင်​တဲ့ ယေဟောဝါ* ဘု​ရား၊+ ဒီ​နှစ်​ယောက်​မှာ ဘယ်​သူ့​ကို ရွေး​ချယ်​တယ်​ဆို​တာ ဖော်​ပြပေး​ပါ။ ၂၅  အမှု​ဆောင်​တာဝန်၊ တမန်​တော်​တာဝန်​ကို စွန့်​ပြီး ကိုယ့်​လမ်း​ကိုယ် ရွေး​သွား​တဲ့ ယုဒ​နေ​ရာ​ကို အစား​ထိုး​ဖို့ ဖြစ်​ပါ​တယ်”+ လို့​ဆုတောင်း​ကြ​တယ်။ ၂၆  ပြီး​တော့ မဲ​ချ​လိုက်​တဲ့​အခါ+ မဿိ​ဆီ​မှာ မဲ​ကျ​တဲ့​အတွက် သူ​က ကျန်​တဲ့ ၁၁ ယောက်​နဲ့​အတူ တမန်​တော်​ဖြစ်​ခွင့် ရ​သွား​တယ်။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “ဥ​ပုသ်​နေ့​မှာ သွား​လာ​ခွင့်​ရှိ​တဲ့ ခ​ရီး​အကွာ​အဝေး။”