ဇေဖနိ ၂:၁-၁၅

  • အမျက်တော်နေ့ မရောက်ခင် ယေဟောဝါကိုရှာကြ (၁-၃)

    • ဖြောင့်မတ်ခြင်းနဲ့ နူးညံ့သိမ်မွေ့ ခြင်းကို ရှာကြ ()

    • “ပုန်းခိုရာကို တွေ့ကောင်းတွေ့လိမ့်မယ်” ()

  • ပတ်ဝန်းကျင်လူမျိုးတွေအတွက် တရားစီရင်ချက် (၄-၁၅)

 အို အရှက်မရှိတဲ့လူမျိုး၊+အတူစုဝေးကြ။ စုဝေးကြ။+  ၂  အမိန့်တော်အတိုင်း မဖြစ်လာခင်၊ခင်ဗျားတို့အပေါ် ယေဟောဝါရဲ့ဒေါသမီး မတောက်လောင်ခင်၊+ယေဟောဝါရဲ့ အမျက်တော်နေ့ မရောက်လာခင်၊ဖွဲတွေ လွင့်ပါသွားသလိုမျိုး အဲဒီနေ့ ကုန်လွန်မသွားခင်၊  ၃  နူးညံ့သိမ်မွေ့တဲ့* မြေကြီးသားအပေါင်းတို့၊ဖြောင့်မတ်တဲ့ အမိန့်တော်ကို လိုက်နာသူတို့၊ ယေဟောဝါကို ရှာကြ။+ ဖြောင့်မတ်ခြင်းကို ရှာကြပါ။ နူးညံ့သိမ်မွေ့ခြင်းကိုလည်း ရှာကြပါ။ ဒါဆိုရင် ယေဟောဝါ အမျက်ထွက်တဲ့နေ့မှာ ပုန်းခိုရာကို တွေ့ကောင်းတွေ့လိမ့်မယ်။+  ၄  ဂါဇာမြို့ဟာ စွန့်ပစ်ခံရလိမ့်မယ်။ အာရှကေလုန်မြို့ ပျက်စီးသွားမယ်။+ အာဇုတ်မြို့သားတွေ မွန်းတည့်ချိန်မှာ မောင်းထုတ်ခံရလိမ့်မယ်။ ဧကြုန်မြို့ နုတ်ပစ်ခံရလိမ့်မယ်။+  ၅  “ကမ်းရိုးတန်းမှာနေထိုင်တဲ့ ခေရသိလူမျိုးဟာ အဖြစ်ဆိုးကြုံရလိမ့်မယ်။+ မင်းတို့ကို ယေဟောဝါ ပြစ်တင်ပြောဆိုမယ်။ ဖိလိတိလူတွေ နေထိုင်တဲ့ ခါနန်ပြည်၊ မင်းကိုလည်း ငါဖျက်ဆီးမယ်။ မင်းဆီမှာ နေထိုင်သူရှိတော့မှာ မဟုတ်ဘူး။  ၆  ပင်လယ်ကမ်းရိုးတန်းဟာ စားကျက်မြေ ဖြစ်သွားမယ်။ သိုးထိန်းတွေအတွက် ရေတွင်းတွေ၊ သိုးတွေအတွက် ကျောက်နံရံကာ သိုးခြံတွေပဲ ရှိနေမယ်။  ၇  အဲဒီနေရာဟာ ယုဒအမျိုးထဲက ကျန်ကြွင်းသူတွေရဲ့နယ်မြေ ဖြစ်သွားမယ်။+ အဲဒီမှာ သူတို့ စားသောက်ကြမယ်။ ညချမ်းချိန်မှာ အာရှကေလုန်မြို့ရဲ့ အိမ်တွေထဲ လဲလျောင်းကြမယ်။ ယေဟောဝါက သူတို့ကို ဂရုစိုက်ပြီး သုံ့ပန်းတွေကို ပြန်စုသိမ်းမှာ ဖြစ်လို့ပဲ။”+  ၈  “မောဘ ကဲ့ရဲ့ရှုတ်ချတာ၊+ အမ္မုန်လူတွေ စော်ကားပြောဆိုတာကို ငါကြားတယ်။+ သူတို့က ငါ့လူတွေကို ကဲ့ရဲ့တယ်။ ငါ့လူတွေရဲ့ နယ်မြေကို သိမ်းပိုက်မယ်ဆိုပြီး ကြွားလုံးထုတ်နေတယ်။”+  ၉  အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– “အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ မောဘဟာ သောဒုံမြို့လို၊ အမ္မုန်လူတွေဟာ ဂေါမောရမြို့လို ဖြစ်သွားမယ်။+ ဖက်ယားပင်ပေါက်တဲ့နေရာ၊ ဆားငန်မြေ၊ ထာဝရလွင်တီးခေါင် ဖြစ်သွားမယ်။+ ငါ့လူတွေထဲက ကျန်ရစ်သူတွေဟာ သူတို့ကို လုယက်မယ်။ ငါ့လူမျိုးထဲက ကျန်ကြွင်းသူတွေဟာ သူတို့ကို သိမ်းပိုက်မယ်။ ၁၀  သူတို့က မာနကြီးတဲ့အတွက်၊+ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့ လူမျိုးကို ကဲ့ရဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်နေတဲ့အတွက် အဲဒီလို ဖြစ်သွားကြလိမ့်မယ်။ ၁၁  ယေဟောဝါဟာ သူတို့အတွက် ကြောက်ရွံ့ရိုသေဖွယ်ကောင်းတဲ့အရှင် ဖြစ်လိမ့်မယ်။ ကမ္ဘာပေါ်က ဘုရားအားလုံးကို ဘာမှမဟုတ်တဲ့အရာ ဖြစ်စေမယ်။ ကျွန်းသူကျွန်းသားတွေဟာ ကိုယ့်နေရာကနေ ဘုရားကို ဦးညွှတ်ကြမယ်။+ ၁၂  အီသီယိုးပီးယားလူတို့၊ မင်းတို့လည်း ငါ့ဓားချက်နဲ့ သေဆုံးရမယ်။+ ၁၃  မြောက်အရပ်ဘက် လက်တော်ကိုဆန့်ပြီး အဆီးရီးယားကို ဖျက်ဆီးမယ်။ နိနဝေမြို့ကို ဖျက်ဆီးမှာဖြစ်လို့+ ကန္တာရလို ခြောက်သွေ့သွားမယ်။ ၁၄  အဲဒီမြို့မှာ နွားအုပ်တွေရော သားရဲအမျိုးမျိုးပါ လဲလျောင်းနေလိမ့်မယ်။ ငှက်ကြီးဝန်ပိုနဲ့ ဖြူက တိုင်ဖူးတွေကြားမှာ အိပ်တန်းတက်လိမ့်မယ်။ ပြတင်းပေါက်တွေမှာ အသံတွေ ကြားရလိမ့်မယ်။ တံခါးခုံမှာ အပျက်အစီးတွေပဲ ရှိနေမယ်။ သစ်ကတိုးသား မှန်ကူကွက်တွေကို ငါဖြိုချမယ်။ ၁၅  အဲဒီမြို့ဟာ ဘေးကင်းလုံခြုံပြီး မာန်တက်နေတဲ့မြို့၊‘ငါမှတစ်ပါး အခြားမရှိ’ လို့ အထင်ရောက်နေတဲ့မြို့ပဲ။ အခုတော့ ကြောက်စရာကောင်းတဲ့နေရာ၊သားရဲတွေ လဲလျောင်းတဲ့နေရာ ဖြစ်သွားပြီပဲ။ ဖြတ်သန်းသွားလာသူတိုင်း သရော်ပြီး* လက်သီးလက်မောင်းတန်းလိမ့်မယ်။”+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “နှိမ့်ချတဲ့။”
မူရင်း၊ “လေချွန်ပြီး။”