ဇာခရိ ၈:၁-၂၃

  • ဇိ​အုန်​ကို ငြိမ်သက်​ခြင်း​နဲ့ အမှန်​တ​ရား ယေဟောဝါ ပေး​သနား (၁-၂၃)

    • ဂျေရု​ဆ​လင်​ဟာ “အမှန်​တ​ရား​တည်​တဲ့​မြို့” ()

    • “အချင်း​ချင်း မှန်​သော​စကား​ကို​ပဲ ပြော​ကြ​ပါ” (၁၆)

    • အစာ​ရှောင်​ချိန်​ဟာ ပွဲ​တော်​ချိန်​ဖြစ်​သွား (၁၈၊ ၁၉)

    • ‘ယေဟောဝါ​ကို အား​တက်​သရော ရှာ​ကြ​စို့’ (၂၁)

    • လူ​ဆယ်​ယောက်​က ဂျူး​တစ်​ယောက်​ရဲ့​ဝတ်​ရုံ​ကို မြဲမြဲကိုင် (၂၃)

 ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​က ကျွန်​တော့်​ကို ပြော​တယ်– ၂  “‘ငါ​က ဇိ​အုန်​အတွက် အင်​မတန် စိတ်​ထက်​သန်​မယ်။+ အကြီး​အကျယ် အမျက်​ထွက်​ပြီး သူ့​အတွက် စိတ်​ထက်​သန်​မယ်။’ ဒါ​ဟာ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။” ၃  “ယေဟောဝါ ပြော​တာ​က ‘ငါ​က ဇိ​အုန်​ဆီ ပြန်​လာ​ပြီး+ ဂျေရု​ဆ​လင်​မှာ စံမြန်း​မယ်။+ ဂျေရု​ဆ​လင်​ကို အမှန်​တ​ရား​တည်​တဲ့​မြို့၊+ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ရဲ့​တောင်​ကို သန့်​ရှင်း​တဲ့​တောင်​လို့ ခေါ်​ကြ​လိမ့်​မယ်။’”+ ၄  “ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က ‘အို​မင်း​နေ​တဲ့ အမျိုး​သား​အမျိုး​သမီး​တွေ​ဟာ သက်​ကြီး​ရွယ်​အို​တွေ​ဖြစ်​လို့ တုတ်​ကောက်​ကိုင်​ပြီး ဂျေရု​ဆ​လင်​ရဲ့ လူ​ထု​ရင်​ပြင်​တွေ​မှာ ပြန်​ထိုင်​ကြ​လိမ့်​မယ်။+ ၅  မြို့​ရဲ့ လူ​ထု​ရင်​ပြင်​တွေ​မှာ ဆော့​က​စား​နေ​တဲ့ က​လေး​တွေ ပြည့်​နေ​လိမ့်​မယ်။’”+ ၆  “ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က ‘အဲဒီ​အချိန်​ရောက်​တဲ့​အခါ ဒီ​လူမျိုး​ထဲ​က ကျန်​ကြွင်း​သူ​တွေ​အတွက် ဒါ​ဟာ မဖြစ်​နိုင်​ပုံ​ပေါက်​ပေမဲ့ ငါ့​အတွက် မဖြစ်​နိုင်​စ​ရာ​လား။’ ဒါ​ဟာ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။” ၇  “ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က ‘ငါ့​လူ​တွေ​ကို အရှေ့​အရပ်​နဲ့ အနောက်​အရပ်​မှာ​ရှိ​တဲ့ ပြည်​တွေ​က​နေ ကယ်​တင်​မယ်။+ ၈  သူတို့​ကို ငါ​ပြန်​ခေါ်​လာ​မယ်။ ဂျေရု​ဆ​လင်​မှာ နေ​ထိုင်​ကြ​လိမ့်​မယ်။+ သူတို့​ဟာ ငါ့​လူ​တွေ ဖြစ်​လာ​မယ်။ ငါ​က​လည်း သူတို့​ရဲ့ စစ်​မှန်​ပြီး​ဖြောင့်​မတ်​တဲ့ ဘု​ရား​သခင် ဖြစ်​လာ​မယ်။’”+ ၉  “ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က ‘ပရော​ဖက်​တွေ​ဆီ​က ဒီ​သတင်း​စကား​ကို ကြား​တဲ့​သူ​အပေါင်း​တို့၊+ အား​မာန်​တင်း​ကြ​ပါ။+ ဗိမာန်​တော် ပြန်​တည်​ဆောက်​ဖို့ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ရဲ့​အိမ်​တော်​ကို အုတ်​မြစ်​ချ​တဲ့​နေ့​မှာ ဒီ​စကား​တွေ​ကို​ပဲ ပရော​ဖက်​တွေ ပြော​ခဲ့​တယ်။ ၁၀  အဲဒီ​အချိန်​မတိုင်​ခင်​တုန်း​က လူ​တွေ လုပ်​အား​ခ မရ​ဘူး။ တိ​ရစ္ဆာန်​ငှား​ရမ်း​ခ​လည်း မရ​ဘူး။+ ရန်​သူ​ကြောင့် လူ​တွေ ဘေး​ကင်း​လုံ​ခြုံ​စွာ မသွား​လာ​နိုင်​ဘူး။ လူ​လူ​ချင်း​ကို ငါ ရန်​မူ​စေ​ခဲ့​တယ်။’ ၁၁  “ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က ‘အခု​တော့ ဒီ​လူမျိုး​ထဲ​က ကျန်​ကြွင်း​သူ​တွေ​ကို ငါ အရင်​လို ဆက်ဆံ​တော့​မှာ မဟုတ်​ဘူး။+ ၁၂  သူတို့​က ငြိမ်သက်​ခြင်း​မျိုး​စေ့​ကို ကြဲ​လိမ့်​မယ်။ စပျစ်​ပင်​က အသီး​သီး​ပြီး မြေကြီး​က​လည်း သီး​ပွင့်​ဖြစ်​ထွန်း​မယ်။+ မိုး​ကောင်း​ကင်​က နှင်း​တွေ​ကို ချ​ပေး​မယ်။ ဒါ​တွေ​အားလုံး​ကို ဒီ​လူမျိုး​ထဲ​က ကျန်​ကြွင်း​သူ​တွေ အမွေ​ရ​အောင် ငါ​လုပ်​ပေး​မယ်။+ ၁၃  ယုဒ​နဲ့ အစ္စရေး​အမျိုး​တို့၊ မင်း​တို့​က လူမျိုး​ခြား​တွေ​အလယ်​မှာ ကျိန်​ဆဲ​စ​ရာ​ဖြစ်​ခဲ့​တယ်၊+ ငါ​ကယ်​တင်​တဲ့​အခါ​ကျ​ရင်​တော့ ကောင်း​ချီး​ခံစား​ရ​သူ​တွေ ဖြစ်​လာ​မယ်။+ ဒါ​ကြောင့် မကြောက်​ကြ​နဲ့။+ အား​မာန်​တင်း​ထား​ကြ​ပါ။’+ ၁၄  “ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က ‘“မင်း​တို့​ရဲ့​ဘိုး​ဘေး​တွေ ငါ့​ကို စိတ်​ဆိုး​အောင်​လုပ်​တဲ့​အတွက် မင်း​တို့​အပေါ် ဘေး​ဆိုး​ကျ​ရောက်​စေ​ဖို့ ငါ​စိတ်​ပိုင်း​ဖြတ်​ခဲ့​တယ်။” ဒါ​ဟာ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။ “ငါ စိတ်​မပြောင်း​ဘူး။+ ၁၅  အခု​လည်း ဂျေရု​ဆ​လင်​မြို့​နဲ့ ယုဒ​အမျိုး​ကို ကောင်း​မှု​ပြု​ဖို့ ငါ​စိတ်​ပိုင်း​ဖြတ်​ထား​တယ်။+ ဒါ​ကြောင့် မကြောက်​ပါ​နဲ့။”’+ ၁၆  “‘မင်း​တို့​လုပ်​သင့်​တာက​တော့– အချင်း​ချင်း မှန်​သော​စကား​ကို​ပဲ ပြော​ကြ​ပါ။+ မြို့​တံခါး​တွေ​မှာ စီ​ရင်​ချက်​ချ​တဲ့​အခါ အမှန်​တ​ရား​နဲ့ ငြိမ်သက်​ခြင်း​ကို တိုး​ပွား​စေ​ကြ​ပါ။+ ၁၇  အ​ချင်း​ချင်း ဒုက္ခ​ပေး​ဖို့ မကြံ​စည်​ကြ​နဲ့။+ မဟုတ်​မမှန် ကျိန်​ဆို​တာ​ကို မနှစ်​သက်​ကြ​နဲ့။+ ဒါ​တွေ​အားလုံး​ကို ငါ​မုန်း​တယ်။’+ ဒါ​ဟာ ယေဟောဝါ ပြော​တဲ့​စကား​ပဲ။” ၁၈  ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​က ကျွန်​တော့်​ကို ပြော​တယ်– ၁၉  “‘လေး​လ​ပိုင်း​မှာ+ အစာ​ရှောင်​တာ၊ ငါး​လ​ပိုင်း​မှာ+ အစာ​ရှောင်​တာ၊ ခုနစ်​လ​ပိုင်း​မှာ+ အစာ​ရှောင်​တာ၊ ဆယ်လ​ပိုင်း​မှာ+ အစာ​ရှောင်​တာ​တွေ​ဟာ ယုဒ​အမျိုး​အတွက် ရွှင်​လန်း​စ​ရာ အခါ​သမယ​တွေ၊ ပျော်​ပွဲ​ရွှင်​ပွဲ​တွေ ဖြစ်​သွား​မယ်။+ ဒါ​ကြောင့် အမှန်​တ​ရား​နဲ့ ငြိမ်သက်​ခြင်း​ကို ချစ်မြတ်​နိုး​ကြ​ပါ။’ ဒါ​ဟာ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တဲ့​စကား​ပဲ။ ၂၀  “ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က ‘လူ​တွေ၊ မြို့​အတော်​များ​များ​က မြို့​သူ​မြို့​သား​တွေ လာ​ကြ​မယ့်​အချိန် ရောက်​ကို​ရောက်​လာ​မယ်။ ၂၁  မြို့​တစ်​မြို့​မှာ နေ​ထိုင်​သူ​တွေ​က နောက်​တစ်​မြို့​မှာ နေ​ထိုင်​သူ​တွေ​ဆီ သွား​ပြီး “ယေဟောဝါ​ဘု​ရားရဲ့ မျက်​နှာ​သာ​ကို တောင်း​ခံ​ဖို့၊ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ကို​ရှာ​ဖို့ အား​တက်​သရော သွား​ကြ​စို့။ ငါ​တို့​လည်း သွား​မလို့”+ ဆို​ပြီး​ပြော​လိမ့်​မယ်။ ၂၂  လူ​အမြောက်​အမြား​က၊ အား​ကြီး​တဲ့​လူမျိုး​တွေ​က ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ကို​ရှာ​ဖို့၊ ယေဟောဝါ​ရဲ့ မျက်​နှာ​သာ​ကို တောင်း​ခံ​ဖို့ ဂျေရု​ဆ​လင်​ကို လာ​ကြ​လိမ့်​မယ်။’+ ၂၃  “‘အဲဒီ​အချိန်​ရောက်​တဲ့​အခါ ဘာ​သာ​စကား အမျိုး​မျိုး​ပြော​တဲ့ လူမျိုး​တွေ​ထဲ​က လူ​ဆယ်​ယောက်​ဟာ+ ဂျူး​လူမျိုး​တစ်​ယောက်​ရဲ့ ဝတ်​ရုံ​ကို မြဲမြဲကိုင်​ပြီး “ခင်​ဗျား​တို့​နဲ့​အတူ ဘု​ရား​သခင်​ရှိ​တယ်​လို့+ ကြား​တဲ့​အတွက် ကျွန်​တော်​တို့​လည်း လိုက်​ချင်​ပါ​တယ်”+ လို့​ပြော​ကြ​လိမ့်​မယ်။’ ဒါ​ဟာ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ ပြော​တဲ့ စကား​ပဲ။”

အောက်ခြေမှတ်ချက်များ