ဇာခရိ ၇:၁-၁၄

  • ဟန်​ဆောင်​ပြီး အစာ​ရှောင်​တာ​ကို ယေဟောဝါ ရှုတ်​ချ (၁-၁၄)

    • “ငါ့​အတွက် တ​ကယ်​အစာ​ရှောင်​တာ ဟုတ်​လို့​လား” ()

    • ‘ခိုင်​မြဲတဲ့​မေတ္တာ​နဲ့ ကရု​ဏာ​ထား​ပြီး မှန်​မှန်​ကန်ကန် ဆက်ဆံ​ကြ’ ()

 ဒါ​ရိ​မင်း​နန်း​စံ ၄ နှစ်၊ ခိ​သလု* လို့​ခေါ်​တဲ့ ၉ လ​ပိုင်း၊ ၄ ရက်​နေ့​မှာ ဇာခ​ရိ​ဆီ ယေဟောဝါ​ရဲ့​စကား ရောက်​လာ​တယ်။+ ၂  ဗေသလ​မြို့​သား​တွေ​က ယေဟောဝါ​ရဲ့​မျက်​နှာ​သာ တောင်း​ခံ​ဖို့ ရှ​ရေ​ဇာ၊ ရေ​ဂင်​မေလက်​နဲ့ သူ့​လူ​တွေ​ကို လွှတ်​လိုက်​တယ်။ ၃  ပြီး​တော့ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ရဲ့ အိမ်​တော်​မှာ​ရှိ​နေ​တဲ့ ပု​ရော​ဟိတ်​တွေ​နဲ့ ပရော​ဖက်​တွေ​ကို “နှစ်​ပေါင်း​များ​စွာ​လုပ်​ခဲ့​သလို ဒီ​ငါး​လ​ပိုင်း​မှာ​လည်း+ အစာ​ရှောင်​ပြီး ငို​ကြွေး​မြည်​တမ်း​ရဦး​မလား” လို့မေး​ခိုင်း​တယ်။ ၄  အဲဒီ​အခါ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​က ကျွန်​တော့်​ကို ပြော​တယ်– ၅  “ပြည်​သူ​ပြည်​သား​တွေ​နဲ့ ပု​ရော​ဟိတ်​တွေ​ကို ပြော​လိုက်​ပါ။ ‘မင်း​တို့​က ဒီ​အနှစ် ၇၀ အတွင်း၊+ ငါး​လ​ပိုင်း​နဲ့ ခု​နစ်​လ​ပိုင်း​တွေ​မှာ+ အစာ​ရှောင်​ပြီး ငို​ကြွေး​မြည်​တမ်း​ကြ​တဲ့​အခါ ငါ့​အတွက် တကယ်​အစာ​ရှောင်​တာ ဟုတ်​လို့​လား။ ၆  မင်း​တို့ စား​သောက်​တဲ့​အခါ​လည်း ကိုယ်​ကျိုး​အတွက်​ပဲ စား​သောက်​ခဲ့​ကြ​တာ မဟုတ်​လား။ ၇  ဂျေရု​ဆ​လင်​နဲ့ ပတ်​ဝန်း​ကျင်​မြို့​တွေ​မှာ လူ​တွေ စိတ်​အေး​လက်​အေး နေ​ထိုင်​ခဲ့​ချိန်​တုန်း​က၊ နေ​ဂပ်​နဲ့ ရှ​ဖိ​လာ​အရပ်​မှာ နေ​ထိုင်​ခဲ့​ချိန်​တုန်း​က ရှေး​ပရော​ဖက်​တွေ​က​တစ်ဆင့် ယေဟောဝါ​ပြော​ခဲ့​တဲ့ စကား​တွေ​ကို မင်း​တို့​နာ​ခံ​သင့်​တယ် မဟုတ်​လား။’”+ ၈  ယေဟောဝါ​က ဇာ​ခ​ရိ​ကို ဆက်​ပြော​တယ်– ၉  “ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​က ‘မှန်​မှန်​ကန်​ကန် တရား​စီ​ရင်​ကြ။+ အချင်း​ချင်း​ကို ခိုင်​မြဲတဲ့​မေတ္တာ​နဲ့+ ကရု​ဏာ​ထား​ပြီး ဆက်ဆံ​ကြ။ ၁၀  မု​ဆိုး​မတွေ၊ မိ​ဘ​မဲ့​တွေ၊+ တိုင်း​တစ်ပါး​သား​တွေ၊+ ဆင်း​ရဲ​သား​တွေ​ကို+ ဖြတ်​စား​လျှပ်​စား မလုပ်​ကြ​နဲ့။ အချင်း​ချင်း အကောက်​ကြံ​ဖို့ မစဉ်း​စား​ကြ​နဲ့’+ လို့​ပြော​ခဲ့​တယ်။ ၁၁  ဒါ​ပေမဲ့ သူတို့​က ငါ့​စကား​ကို အရေး​မစိုက်​ဘူး။+ ခေါင်း​မာ​မာ​နဲ့ ကျော​ခိုင်း​ထား​တယ်။+ မကြား​ချင်​လို့ နား​ပိတ်​ထား​တယ်။+ ၁၂  စိတ်​နှလုံး​ကို စိန်​လို* မာကျော​အောင် လုပ်​ထား​တယ်။+ စွမ်းအား​တော်​ကို​သုံး​ပြီး ရှေး​ပရော​ဖက်​တွေ​က​တစ်ဆင့် ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ပြော​ခဲ့​တဲ့ စကား​တွေ၊ ပညတ်​ချက်​တွေ​ကို မနာ​ခံ​ကြ​ဘူး။+ ဒါ​ကြောင့် ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ အကြီး​အကျယ် အမျက်​ထွက်​ခဲ့​တယ်။”+ ၁၃  “ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​က ‘ငါ​ခေါ်​တဲ့​အခါ သူတို့ နား​မထောင်​ခဲ့​သလို+ သူ​တို့​ခေါ်​တဲ့​အခါ ငါ​နား​မထောင်​ဘူး။+ ၁၄  ငါ​က သူတို့​မသိ​တဲ့ လူမျိုး​ခြား​တွေ​ဆီ လေ​ပြင်း​မုန်​တိုင်း​နဲ့​အတူ သူတို့​ကို ကွဲ​လွင့်​စေ​ခဲ့​တယ်။+ သူတို့​ရဲ့​ပြည်​ဟာ ပျက်​စီး​ပြီး ကျန်​ရစ်ခဲ့​တယ်။ ပြည်​မှာ ဖြတ်​သန်း​သွား​လာ​တဲ့​သူ၊ ပြန်​လာ​တဲ့​သူ တစ်​ယောက်​မှ မရှိ​ဘူး။+ သာယာ​တဲ့​ပြည်​ကို ထိတ်​လန့်​စရာ​ကောင်း​တဲ့ ပြည်​ဖြစ်​အောင် သူတို့​လုပ်​ခဲ့​ကြ​တယ်’ လို့​ပြော​တယ်။”

အောက်ခြေမှတ်ချက်များ

စိန်​သွေး​ကျောက်​လို “မာ​ကျော​တဲ့​ကျောက်” လည်း​ဖြစ်​နိုင်။