ဇာခရိ ၁:၁-၂၁

  • ပြန်​လှည့်​လာ​ဖို့ ယေဟောဝါ ဖိတ်​ခေါ် (၁-၆)

    • ‘ငါ့​ဆီ ပြန်​လှည့်​လာ​ကြ။ ငါ​လည်း မင်း​တို့​ဆီ ပြန်​လှည့်​လာ​မယ်’ ()

  • စိတ်​အာ​ရုံ ၁– မု​ရ​တု​ပင်ကြားက မြင်း​စီး​သူ​ရဲများ (၇-၁၇)

    • “ယေဟောဝါ​က ဇိ​အုန်​ကို ပြန်​နှစ်​သိမ့်​မယ်” (၁၇)

  • စိတ်​အာ​ရုံ ၂– ဦး​ချို​လေး​ချောင်း၊ ပန်း​ပဲ​ဆ​ရာ​လေးယောက် (၁၈-၂၁)

 ဒါ​ရိ​မင်း​နန်း​စံ ဒုတိ​ယ​နှစ်၊+ ၈ လ​ပိုင်း​မှာ အိ​ဒေါ​ရဲ့​မြေး၊ ဗေ​ရခိရဲ့​သား ပရော​ဖက် ဇာ​ခ​ရိ*+ ဆီ​ကို ယေဟောဝါ​ရဲ့​စကား​တော် ရောက်​လာ​တယ်– ၂  “မင်း​တို့​ရဲ့​ဘိုး​ဘေး​တွေ​ကို ငါ​ယေဟောဝါ တ​အား​အမျက်​ထွက်​တယ်။+ ၃  “သူတို့​ကို ပြော​လိုက်– ‘ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က “‘ငါ့​ဆီ ပြန်​လှည့်​လာ​ကြ။’ ဒါ​ဟာ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။ ‘ငါ​လည်း မင်း​တို့​ဆီ ပြန်​လှည့်​လာ​မယ်’+ လို့ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တယ်။”’ ၄  “‘မင်း​တို့​ရဲ့ ဘိုး​ဘေး​တွေ​လို မလုပ်​ကြ​နဲ့။ အရင်​ပရော​ဖက်​တွေ​က သူတို့​ကို “‘မကောင်း​တဲ့​လမ်း​စဉ်တွေ၊ မကောင်း​တဲ့​အကျင့်​တွေ​ကို စွန့်​ပစ်​ပြီး ပြန်​လှည့်​လာ​ကြ’+ လို့ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တယ်” ဆို​ပြီး ကြေ​ညာ​ခဲ့​တယ်။’ “‘ဒါ​ပေမဲ့ သူတို့ နား​မထောင်​ခဲ့​ဘူး။ ငါ့​ကို အရေး​မစိုက်​ခဲ့​ဘူး’+ လို့ ယေဟောဝါ ပြော​တယ်။ ၅  “‘မင်း​တို့​ရဲ့ ဘိုး​ဘေး​တွေ သေဆုံး​သွား​တာ၊ ပရော​ဖက်​တွေ အသက်​မရှင်​ကြ​တော့​တာ မှန်​ပါ​တယ်။ ၆  ဒါ​ပေမဲ့ ငါ့​ကျွန်​ပရော​ဖက်​တွေ​ကို ငါ​မိန့်မှာ​ခဲ့​တဲ့ စကား​တွေ၊ အမိန့်​တွေ ပြည့်​စုံ​လာ​တာ​ကို​တော့ ဘိုး​ဘေး​တွေ မြင်​ခဲ့​တယ် မဟုတ်​လား။’+ ဒါ​ကြောင့် သူတို့​က ငါ့​ဆီ ပြန်​လှည့်​လာ​ပြီး ‘ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​က ဆုံး​ဖြတ်​ထား​တဲ့​အတိုင်း ငါ​တို့​ရဲ့​လမ်း​စဉ်တွေ၊ အကျင့်​တွေ​နဲ့​အညီ အရေး​ယူ​တာ​ပဲ’ လို့ ပြော​ကြ​တာ​ပေါ့။”+ ၇  ဒါ​ရိ​မင်း​နန်း​စံ ဒုတိ​ယ​နှစ်၊+ ရှေ​ဗတ်* လို့​ခေါ်​တဲ့ ၁၁ လ​ပိုင်း၊ ၂၄ ရက်​နေ့​မှာ ယေဟောဝါ​က အိ​ဒေါ​ရဲ့​မြေး၊ ဗေ​ရခိရဲ့​သား ကျွန်​တော် ပရော​ဖက်​ဇာ​ခ​ရိ​ကို စိတ်​အာ​ရုံ​တစ်​ခု ပေး​တယ်– ၈  “ည​အချိန် မြင်​ရ​တဲ့ စိတ်​အာ​ရုံ​ထဲ​မှာ လူ​တစ်​ယောက်​က မြင်း​နီ​စီး​ပြီး လျှို​မြောင်​ထဲ​က မု​ရ​တု​ပင်​တွေ* ကြား​မှာ ရပ်​နေ​တယ်။ သူ့​နောက်​မှာ အနီ​ရောင်၊ နီ​ညို​ရောင်၊ အဖြူ​ရောင် မြင်း​တွေ ရှိ​နေ​တယ်။” ၉  ဒါ​နဲ့ ကျွန်​တော်​က “သခင်၊ သူတို့ ဘယ်​သူ​တွေ​လဲ” လို့ မေး​တဲ့​အခါ၊ ကျွန်​တော်​နဲ့ စကား​ပြော​နေ​တဲ့ ကောင်း​ကင်​တ​မန်​က “သူတို့ ဘယ်​သူ​တွေ​လဲ​ဆို​တာ ပြော​ပြမှာ​ပါ” လို့​ဖြေတယ်။ ၁၀  အဲဒီ​အခါ မု​ရ​တု​ပင်​တွေ​ကြား​မှာ ရပ်​နေ​တဲ့​လူ​က “သူတို့​ဟာ ကမ္ဘာ​မြေပေါ် လှည့်​လည်​ဖို့ ယေဟောဝါ​ဘု​ရား စေ​လွှတ်​လိုက်​သူ​တွေ​ပဲ” လို့ ပြော​တယ်။ ၁၁  သူတို့​က မု​ရ​တု​ပင်​တွေ​ကြား​မှာ ရပ်​နေ​တဲ့ ယေဟောဝါ​ရဲ့ ကောင်း​ကင်​တ​မန်​ကို “ကမ္ဘာ​မြေပေါ် ကျွန်​တော်​တို့ လှည့်​လည်​ခဲ့​ကြ​ပြီ။ မြေတစ်​ပြင်​လုံး ငြိမ်း​ချမ်း​နေ​တယ်။ ဆူ​ပူ​အုံ​ကြွ​မှု လုံး​ဝ​မရှိ​ပါ​ဘူး”+ လို့​ပြော​တယ်။ ၁၂  အဲဒီ​အခါ ယေဟောဝါ​ရဲ့ ကောင်း​ကင်​တ​မန်​က “ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ၊ ဂျေရု​ဆ​လင်​နဲ့ ယုဒ​ရဲ့​မြို့​တွေ​ကို ဒီ​အနှစ် ၇​ဝ လုံး အမျက်​တော်​ထွက်​ခဲ့​ပြီပဲ။+ ဘယ်​အချိန်​အထိ ကရု​ဏာ​မပြဘဲ နေ​မှာ​လဲ”+ လို့ မေး​လိုက်​တယ်။ ၁၃  ယေဟောဝါ​က ကျွန်​တော်​နဲ့​စကား​ပြော​နေ​တဲ့ ကောင်း​ကင်​တ​မန်​ကို နှစ်​သိမ့်​စကား​တွေ​နဲ့ ကြင်​ကြင်နာ​နာ​ ဖြေတယ်။ ၁၄  အဲဒီ​နောက် ကောင်း​ကင်​တ​မန်​က ကျွန်​တော့်​ကို ပြော​တယ်– “ကြွေး​ကြော်​လိုက်​ပါ– ‘ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ပြော​တာ​က “ဂျေရု​ဆ​လင်​နဲ့ ဇိ​အုန်​အတွက် ငါ အင်​မတန် စိတ်​ထက်​သန်​နေ​တယ်။+ ၁၅  စိတ်​အေး​လက်​အေး ဖြစ်​နေ​တဲ့ လူမျိုး​တွေ​ကို​တော့+ ငါ​သိပ်​စိတ်​ဆိုး​တယ်။ ငါ့​လူ​တွေ​ကို တော်​ရုံ​သင့်​ရုံ​ပဲ ဒဏ်​ပေး​ဖို့ ရည်​ရွယ်​ခဲ့​ပေမဲ့+ သူတို့​က ငါ့​လူ​တွေ​ကို အကြီး​အကျယ် ဒုက္ခရောက်​အောင် လုပ်​ခဲ့​တယ်။”’+ ၁၆  “ဒါ​ကြောင့် ယေဟောဝါ ပြော​တာ​က– ‘“ဂျေရု​ဆ​လင်​ကို ငါ​ကရု​ဏာ​ပြန်​ပြမယ်။+ အဲဒီ​မှာ ငါ့​အိမ်​တော်​ကို ပြန်​တည်​ဆောက်​လိမ့်​မယ်။+ ဂျေရု​ဆ​လင်​ကို တိုင်း​ကြိုး​နဲ့ တိုင်း​လိမ့်​မယ်။”+ ဒါ​ဟာ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။’ ၁၇  “နောက်​တစ်​ကြိမ် ကြွေး​ကြော်​ပါ– ‘ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က “ငါ့​ရဲ့​မြို့​တွေ​ဟာ ကောင်းမြတ်​ခြင်း​ကျေး​ဇူး​ကို အလျှံ​ပယ် ပြန်​ခံစား​ရ​မယ်။ ဇိ​အုန်​ကို ယေဟောဝါ ပြန်​နှစ်​သိမ့်​မယ်။+ ဂျေရု​ဆ​လင်​ကို ပြန်​ရွေး​ချယ်​မယ်။”’”+ ၁၈  အဲဒီ​နောက် စိတ်​အာ​ရုံ​တစ်​ခု​မှာ ဦး​ချို​လေး​ချောင်း​ကို ကျွန်​တော် မြင်​တယ်။+ ၁၉  “ဒီ​ချို​တွေ​ဟာ ဘာ​ကို​ဆိုလို​တာ​လဲ” လို့ ကျွန်​တော်​နဲ့​စကား​ပြော​နေ​တဲ့ ကောင်း​ကင်​တ​မန်​ကို မေး​တဲ့​အခါ သူ​က “ဒီ​ချို​တွေ​ဟာ ယုဒ၊+ အစ္စရေး​နဲ့+ ဂျေရု​ဆ​လင်​ကို တ​ကွဲ​တ​ပြား ဖြစ်​စေ​ခဲ့​တဲ့ ချို​တွေ​ပဲ”+ လို့​ဖြေတယ်။ ၂၀  အဲဒီ​နောက် ယေဟောဝါ​က ကျွန်​တော့်​ကို ပန်း​ပဲ​ဆ​ရာ​လေး​ယောက် ပြတယ်။ ၂၁  “သူတို့ ဘာ​လာ​လုပ်​တာ​လဲ” လို့ ကျွန်​တော်​မေး​တဲ့​အခါ၊ သူ​က “ယုဒ​ကို ခေါင်း​မထောင်​နိုင်​တော့​တဲ့​အထိ တ​ကွဲ​တ​ပြား​ဖြစ်​စေ​ခဲ့​တဲ့ အဲဒီ​ချို​တွေ​ကို ခြောက်​လှန့်​ဖို့ ရောက်​လာ​ကြ​တာ။ ယုဒ​ပြည်​ကို တ​ကွဲ​တ​ပြား ဖြစ်​စေ​ခဲ့​တဲ့၊ လူမျိုး​တွေရဲ့ ထောင်​နေ​တဲ့ ချို​တွေ​ကို ချိုး​ပစ်​ဖို့ ရောက်​လာ​ကြ​တာ” လို့​ဖြေတယ်။

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ယေဟောဝါ သတိ​ရ​ပြီ။”
အရွက်​ပြောင်​လက်​ပြီး အပွင့်​ဖြူ​ဖွေး​မွှေး​ကြိုင်​တဲ့ ချုံ​ပင်။