ကမ္ဘာဦး ၃၉:၁-၂၃

  • ပေါတိဖာ​အိမ်​ရောက် ယောသပ် (၁-၆)

  • ပေါတိဖာ​ရဲ့​ဇနီးကို ယောသပ် ငြင်းဆန် (၇-၂၀)

  • ထောင်ကျ​တဲ့ ယောသပ် (၂၁-၂၃)

၃၉  အိရှမေလ​လူမျိုး​တွေ​က+ ယောသပ်​ကို အီဂျစ်ပြည် ခေါ်သွား​ကြ​တယ်။+ အဲဒီမှာ ဖာရောမင်း​ရဲ့ နန်းတွင်းအရာရှိ၊ အီဂျစ်လူမျိုး ကိုယ်ရံတော်မှူး ပေါတိဖာ​က+ ယောသပ်​ကို ဝယ်​လိုက်တယ်။ ၂  ယေဟောဝါ​က ယောသပ်​နဲ့အတူ​ရှိတဲ့အတွက်+ သူ​လုပ်​သမျှ အောင်မြင်​လာပြီး သခင့်​အိမ်မှာ တာဝန်တွေ ရလာတယ်။ ၃  သူနဲ့​အတူ ယေဟောဝါ​ရှိပြီး သူ​လုပ်​သမျှကို ယေဟောဝါ အောင်မြင်​ခွင့်​ပေး​တယ်ဆိုတာ သူ့​သခင် သိတယ်။ ၄  ယောသပ်​က သခင့်​ရဲ့​မျက်နှာသာ​ကို ရပြီး လူယုံ​တော်​ဖြစ်လာတယ်။ သခင်က တစ်အိမ်​လုံးကို ကြီးကြပ်​ဖို့၊ ပစ္စည်းဥစ္စာ​အားလုံးကို ထိန်းသိမ်း​ဖို့ ယောသပ်​ကို တာဝန်​ပေးတယ်။ ၅  တစ်အိမ်​လုံး​နဲ့ ပစ္စည်းဥစ္စာ​အားလုံးကို ကြီးကြပ်​ဖို့ တာဝန်ပေး​ချိန်​က​စပြီး ယေဟောဝါ​က ပေါတိဖာ​ရဲ့​အိမ်ထောင်​ကို ယောသပ်​ကြောင့် ကောင်းချီး​ပေးတယ်။ အိမ်၊ လယ်ယာ​အားလုံး​အပေါ် ယေဟောဝါ ကောင်းချီး​ပေးတယ်။+ ၆  နောက်ဆုံး​တော့ ပေါတိဖာ​က ပိုင်ဆိုင်​သမျှကို ယောသပ်​လက်ထဲ အပ်​လိုက်တယ်။ စားသောက်​ဖို့​က​လွဲ​ရင် ကျန်တာ ဘာမှ ခေါင်း​ထဲ​မ​ထည့်​တော့ဘူး။ ယောသပ်​ဟာ ကိုယ်လုံးကိုယ်ထည်​တော​င့်တဲ့ လူချော​တစ်ယောက် ဖြစ်လာတယ်။ ၇  နောက်ပိုင်းမှာ သခင်မ​က ယောသပ်​ကို တပ်မက်စိတ်​နဲ့​ကြည့်ပြီး “ဒို့​နဲ့အတူ အိပ်​ပါ” လို့​ပြောတယ်။ ၈  ယောသပ်​က ငြင်းဆန်​ပြီး “ဒီ​အိမ်မှာ ကျွန်တော်​ရှိနေ​လို့ သခင်​က ဘာမှ​ပူ​စ​ရာ​မလိုဘူး။ ပိုင်ဆိုင်​သမျှကို ကျွန်တော့်​လက်ထဲ အပ်​ထားတယ်။ ၉  ဒီ​အိမ်မှာ ကျွန်တော်​ထက်​ကြီး​တဲ့​သူ မရှိဘူး။ အားလုံးကို ကျွန်တော့်​လက်ထဲ အပ်​ထားတယ်။ ဒါပေမဲ့ သခင့်​ဇနီး​ဖြစ်တဲ့ သခင်မ​ကို​တော့ ထိပါး​ခွင့်​မရှိပါဘူး။ ဒီလို​ကြီးလေး​တဲ့​အပြစ် ကျူးလွန်​ပြီး ဘုရားသခင်ကို ပြစ်မှား​တဲ့​အဖြစ်မျိုး ကျွန်တော် အရောက်​မခံနိုင်​ဘူး”+ ဆို​ပြီး သခင်မ​ကို ပြန်ပြောတယ်။ ၁၀  သခင်မ​က နေ့စဉ်​ရက်​ဆက် သွေးဆောင်​ပေ​မဲ့ ယောသပ်​က​တော့ သူနဲ့​အိပ်​ဖို့၊ နေဖို့ အမြဲ​ငြင်းဆန်​တယ်။ ၁၁  တစ်နေ့၊ ယောသပ်​က အလုပ်လုပ်ဖို့ အိမ်ထဲ​ဝင်​သွားတယ်။ အိမ်ထဲမှာ ကျွန်​တစ်ယောက်​မှ မရှိဘူး။ ၁၂  အဲဒီအခါ သခင်မ​က ယောသပ်​ရဲ့​အဝတ်​ကို ဆွဲ​ပြီး “ဒို့​နဲ့အတူ အိပ်​ပါ” လို့​ပြော​တော့ ယောသပ်​က အဝတ်​ကို ထားခဲ့​ပြီး ထွက်ပြေး​သွားတယ်။ ၁၃  အဲဒီလို အဝတ်​ကို ထားခဲ့​ပြီး ထွက်ပြေး​သွားတာ​နဲ့၊ ၁၄  သခင်မ​က အိမ်သား​ယောက်ျား​တွေကို အော်​ခေါ်ပြီး “ကြည့်​စမ်း၊ ငါ့​ယောက်ျား​ခေါ်​လာတဲ့ ဒီ ဟီဘရူး​လူက ငါ​တို့ကို လူတွေ​ကဲ့ရဲ့​စ​ရာ​ဖြစ်အောင် လုပ်တယ်။ ငါ​နဲ့အတူ အိပ်​ဖို့ ဝင်​လာလို့ ငါ​အသံကုန်အော်​လိုက်တာ။ ၁၅  အဲဒီလို အသံကုန်အော်​လိုက်​တော့ သူ့​အဝတ်​ကို ထားခဲ့​ပြီး ထွက်ပြေး​သွားတာ​ပဲ” လို့​ပြောတယ်။ ၁၆  အဲဒီနောက် ပေါတိဖာ အိမ်ပြန်လာချိန်​အထိ ယောသပ်​ရဲ့​အဝတ်​ကို သိမ်းထား​တယ်။ ၁၇  ပေါတိဖာ ရောက်လာ​တော့ “ရှင်​ခေါ်​လာတဲ့ ဟီဘရူး​ကျွန်​က ကျွန်မကို လူတွေ​ကဲ့ရဲ့​စ​ရာ​ဖြစ်အောင် လုပ်ဖို့ ဝင်​လာတယ်။ ၁၈  ကျွန်မ အသံကုန်အော်​လိုက်​တော့ သူ့​အဝတ်​ကို ထားခဲ့​ပြီး ထွက်ပြေး​သွားတယ်” လို့ တိုင်​ပြောတယ်။ ၁၉  “ရှင့်​ရဲ့​ကျွန်​က ကျွန်မကို အဲဒီလို​လုပ်တယ်” ဆို​ပြီး မိန်းမ​ပြောတာကိုလည်း ကြား​ရော ပေါတိဖာ ဒေါသ​ပေါက်ကွဲ​တော့​တယ်။ ၂၀  ဒါကြောင့် ယောသပ်​ကို ထောင်ချ​လိုက်တယ်။ ဘုရင့်​အကျဉ်းသား​တွေကို ချုပ်​ထားတဲ့ အဲဒီ​ထောင်​မှာ သူ​ဆက်နေ​ရတယ်။+ ၂၁  ဒါပေမဲ့ ယေဟောဝါ​က ယောသပ်​နဲ့အတူ အမြဲ​ရှိပြီး သူ့ကို ခိုင်မြဲ​တဲ့မေတ္တာပြ​တယ်။ ထောင်မှူး​ရှေ့မှာ​လည်း မျက်နှာသာရ​စေတယ်။+ ၂၂  ဒါကြောင့် ထောင်မှူး​က ထောင်​ထဲမှာရှိတဲ့ အကျဉ်းသား​အားလုံးကို ကြီးကြပ်​ဖို့ သူ့ကို တာဝန်​လွှဲအပ်​လိုက်တယ်။ အကျဉ်းသား​တွေ​ရဲ့​အလုပ်ကို သူ စီစဉ်​ညွှန်ကြား​ပေး​ရတယ်။+ ၂၃  ယေဟောဝါဟာ ယောသပ်​နဲ့အတူ​ရှိတယ်။ သူ​လုပ်​သမျှကို ယေဟောဝါ အောင်မြင်​ခွင့်​ပေး​တဲ့​အတွက် သူ့​လက်ထဲ အပ်​ထားတဲ့​ကိစ္စတွေကို ထောင်မှူး လုံးဝ​လှည့်ကြည့်​စ​ရာ မလိုဘူး။+

အောက်ခြေမှတ်ချက်များ