ကမ္ဘာဦး ၁၀:၁-၃၂

  • လူမျိုးတွေရဲ့ စာရင်း (၁-၃၂)

    • ယာဖက်ရဲ့ သားမြေးတွေ (၂-၅)

    • ဟာမရဲ့ သားမြေးတွေ (၆-၂၀)

      • ယေဟောဝါကို နိမ်ရောဒ ဆန့်ကျင် (၈-၁၂)

    • ရှေမရဲ့ သားမြေးတွေ (၂၁-၃၁)

၁၀  ရေလွှမ်းမိုးဘေးပြီးနောက် နောဧရဲ့သား ရှေမ၊+ ဟာမ၊ ယာဖက်ရဲ့ သားစဉ်မြေးဆက်မှတ်တမ်း။+ ၂  ယာဖက်ရဲ့သားတွေက ဂေါမာ၊+ မာဂေါဂ၊+ မာဒဲ၊ ယာဝန်၊ တုဗလ၊+ မာရှက်၊+ တိရတ်။+ ၃  ဂေါမာရဲ့သားတွေက အာရှကေနတ်၊+ ရိဖတ်၊ တောဂါမ။+ ၄  ယာဝန်ရဲ့သားတွေက ဧလိရှ၊+ တာရှိ၊+ ခိတိမ်၊+ ဒေါဒနိမ်။ ၅  သူတို့ကနေ ဆင်းသက်လာတဲ့ ကျွန်းသူကျွန်းသားတွေဟာ ဘာသာစကား၊ မျိုးနွယ်စုနဲ့ လူမျိုးအလိုက် နယ်မြေအသီးသီးကို ပျံ့နှံ့သွားကြတယ်။ ၆  ဟာမရဲ့သားတွေက ကုရှ၊ မိဇရိမ်၊+ ဖုတ၊+ ခါနန်။+ ၇  ကုရှရဲ့သားတွေက သေဘ၊+ ဟဝိလ၊ သာဗတ၊ ယာဂမ၊+ သတေခါ။ ယာဂမရဲ့သားတွေက ရှေဘနဲ့ ဒေဒန်။ ၈  ကုရှရဲ့သားက နိမ်ရောဒ။ သူဟာ ကမ္ဘာပေါ်မှာ ဦးဆုံးပေါ်လာတဲ့ အစွမ်းခွန်အားကြီးသူ၊ ၉  ယေဟောဝါကို ဆန့်ကျင်တဲ့ ခွန်အားကြီးမုဆိုး ဖြစ်လာတယ်။ ဒါကြောင့် “ယေဟောဝါကို ဆန့်ကျင်တဲ့ ခွန်အားကြီးမုဆိုး နိမ်ရောဒလို လူစားမျိုး” ဆိုတဲ့ ဆိုရိုးစကား ပေါ်လာတယ်။ ၁၀  ရှိနာပြည်မှာရှိတဲ့+ ဘေဘယ်၊+ ဧရက်၊+ အဲကတ်၊ ကာလနေမြို့ဟာ သူဦးဆုံးတည်ထောင်ခဲ့တဲ့ မြို့တွေပဲ။ ၁၁  သူက ရှိနာပြည်ကနေ အဆီးရီးယားပြည်ကို+ သွားပြီး နိနဝေ၊+ ရဟောဘုတ်အိရာ၊ ကာလလို့ခေါ်တဲ့ မြို့တွေကို တည်တယ်။ ၁၂  နိနဝေနဲ့ ကာလကြားမှာ ရေသင်မြို့ကိုလည်း တည်တယ်။ ဒီမြို့တွေဟာ မြို့ကြီးတစ်မြို့ ဖြစ်လာတယ်။* ၁၃  မိဇရိမ်ရဲ့သားတွေက လုဒိမ်၊+ အာနမိမ်၊ လဟာဗိမ်၊ နတုဟိမ်၊+ ၁၄  ပါသရုသိမ်၊+ ကာသလုဟိမ်၊ ကတ္တောရိမ်။+ ကာသလုဟိမ်ကနေ ဖိလိတိလူမျိုး+ ဆင်းသက်လာတယ်။ ၁၅  ခါနန်ရဲ့သားတွေက သားဦး ဆိုင်ဒုန်နဲ့+ ဟေသ။+ ၁၆  ခါနန်ဟာ ယေဗုသိ၊+ အာမောရိ၊+ ဂိရဂါရှိ၊ ၁၇  ဟိဝိ၊+ အာကိ၊ သိနိ၊ ၁၈  အာဝဒိ၊+ ဇေမရိ၊ ဟာမသိလူတွေရဲ့+ ဘိုးဘေးပဲ။ နောက်ပိုင်းမှာ ခါနန်မျိုးနွယ်တွေ ကွဲလွင့်သွားတယ်။ ၁၉  ခါနန်လူမျိုးရဲ့နယ်နိမိတ်က ဆိုင်ဒုန်မြို့ကနေ ဂါဇာမြို့နားက+ ဂေရာမြို့အထိ၊+ သောဒုံမြို့၊ ဂေါမောရမြို့၊+ အာဒမာမြို့နဲ့ လာရှမြို့နားက ဇေဘိုင်မြို့အထိ+ ဖြစ်တယ်။ ၂၀  သူတို့ဟာ မျိုးနွယ်စု၊ ဘာသာစကား၊ နယ်မြေနဲ့ လူမျိုးအလိုက် ဟာမရဲ့သားစဉ်မြေးဆက်တွေပဲ။ ၂၁  သားကြီးယာဖက်ရဲ့ညီ၊* ဧဗာလူမျိုးတို့ရဲ့+ ဘိုးဘေး ရှေမလည်း သားသမီးတွေ ရတယ်။ ၂၂  ရှေမရဲ့သားတွေက ဧလံ၊+ အာရှုရ၊+ အာဖာဇဒ်၊+ လုဒ၊ အာရံ။+ ၂၃  အာရံရဲ့သားတွေက ဥဇ၊ ဟုလ၊ ဂေသာ၊ မာရှ။ ၂၄  အာဖာဇဒ်ရဲ့သားက ရှေလ။+ ရှေလရဲ့သားက ဧဗာ။ ၂၅  ဧဗာမှာ သားနှစ်ယောက်ရှိတယ်။ တစ်ယောက်က ဖာလက်။*+ သူ့လက်ထက်ရောက်တော့ ကမ္ဘာပေါ် နေထိုင်သူတွေ ကွဲလွင့်သွားလို့ အဲဒီနာမည်ကို ရခဲ့တယ်။ နောက်တစ်ယောက်ကတော့ ယုတ္တန်။+ ၂၆  ယုတ္တန်ရဲ့သားတွေက အာလမောဒန်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊+ ၂၇  ဟဒေါရံ၊ ဥဇလ၊ ဒိကလ၊ ၂၈  ဩဗာလ၊ အဘိမေလ၊ ရှေဘ၊ ၂၉  ဩဖိရ၊+ ဟဝိလ၊ ယောဗပ်။ သူတို့အားလုံးဟာ ယုတ္တန်ရဲ့သားတွေပဲ။ ၃၀  သူတို့နေရပ်ဟာ မေရှအရပ်ကနေ အရှေ့ဘက်တောင်တန်းဒေသ သေဖာအရပ်အထိ ကျယ်ပြန့်တယ်။ ၃၁  သူတို့ဟာ မျိုးနွယ်စု၊ ဘာသာစကား၊ နယ်မြေနဲ့ လူမျိုးအလိုက် ရှေမရဲ့ သားစဉ်မြေးဆက်တွေပဲ။+ ၃၂  သူတို့ဟာ မျိုးရိုးနဲ့ လူမျိုးအလိုက် နောဧသားတွေရဲ့ သားစဉ်မြေးဆက်တွေပဲ။ ရေလွှမ်းမိုးဘေး ပြီးတဲ့နောက် သူတို့ကနေ ဆင်းသက်လာတဲ့ လူမျိုးတွေဟာ ကမ္ဘာမြေအရပ်ရပ်ကို ပျံ့နှံ့သွားကြတယ်။+

အောက်ခြေမှတ်ချက်များ

“မြို့ကြီးကို တည်ကြတယ်” လည်းဖြစ်နိုင်။
“ယာဖက်ရဲ့အစ်ကို” လည်းဖြစ်နိုင်။
အဓိပ္ပာယ်၊ “ကွဲလွင့်ခြင်း။”