ကင်းမျှော်စင်—လေ့လာရန် စာစောင်

အထူး အခါသမယတစ်ခု ထိုတွင်သင်ရှိနေမည်လော

မြန်မာ
အထူး အခါသမယတစ်ခု ထိုတွင်သင်ရှိနေမည်လော
https://assetsnffrgf-a.akamaihd.net/assets/ct/d71826a198/images/syn_placeholder_sqr.png
က၀၁ ၁/၁ စာ. ၃၂

အထူး အခါသမယတစ်ခု ထိုတွင်သင်ရှိနေမည်လော

အထူး အခါသမယတစ်ခု ထိုတွင်သင်ရှိနေမည်လော

အထူး အခါသမယ​တစ်ခု ထို​တွင်​သင်​ရှိနေ​မည်​လော

လွန်ခဲ့သော​နှစ်ပေါင်း ၃,၅၀၀ ကျော်​က အမှတ်ရ​ထိုက်​သော​နေ့​တစ်နေ့​တွင် ယေဟောဝါ​ဘုရားသခင်​သည် အီဂျစ်​ပြည်​၌ ကျွန်ခံ​နေရ​သော ဣသရေလ​အိမ်ထောင်စု​တိုင်း​အား သိုးသငယ်​တစ်ကောင် သို့​မဟုတ် ဆိတ်​တစ်ကောင်​ကို​သတ်​၍ ၎င်းတို့၏​အသွေးကို မိမိတို့​အိမ်​၏​တံခါးထုပ်​နှင့် ပြတင်းပေါက်​ထုပ်တန်း​တို့​တွင် ပက်​ဖျန်း​စေ​ခဲ့​သည်။ ထို​ည​တွင် ဘုရားသခင့်​ကောင်းကင်တမန်​သည် ဤနည်းဖြင့်​အမှတ်အသား​ပြုထားသော အိမ်များ​ကို ကျော်လွန်​သွားခဲ့သော်​လည်း အီဂျစ်​လူမျိုး​အားလုံး​၏​အိမ်​မှ သားဦးများ​ကို သတ်ဖြတ်​ခဲ့​သည်။ ထို့နောက်​တွင် ဣသရေလ​လူမျိုး​ကို​လွှတ်​ခဲ့​ကြသည်။ ထို​ဖြစ်ရပ်​၏​နှစ်ပတ်လည်​ကျရောက်​တိုင်း ဂျူး​တို့သည် ပသခါပွဲ​ကို​ကျင်းပ​ခဲ့​ကြသည်။

ယေရှု​ခရစ်​သည် မိမိ၏​နောက်ဆုံး​ပသခါပွဲ​ကို တမန်​တော်​များနှင့်​အတူ ကျင်းပ​ပြီး​သည်​နှင့်​တစ်ပြိုင်နက် မိမိ၏​ယဇ်​သကာ​သေခြင်းကို သတိရအောက်မေ့​စေ​မည့် ညစာ​စားပွဲ​တစ်ခု​ကို ကိုယ်တော်​စတင်​ခဲ့​သည်။ ကိုယ်တော်​သည် မိမိ၏​တမန်​တော်​များ​ကို တဆေးမဲ့​မုန့်​ကမ်း​၍ ဤသို့​မိန့်တော်မူ​ခဲ့​သည်– “ဤ​မုန့်​ကား ငါ​၏​ကိုယ်​ဖြစ်၏။ ယူ၍​စား​ကြလော့။” ထို့နောက် ကိုယ်တော်​သည် သူတို့အား စပျစ်​ရည်​တစ်ခွက်​ကို​ပေး​၍ ဤသို့​မိန့်တော်မူ၏– “သင်တို့​ရှိသမျှသည် သောက်​ကြလော့။ ဤ​ခွက်​ကား ပဋိညာဉ်တရား​သစ်​နှင့်​ဆိုင်၍ လူများ​တို့၏​အပြစ်ကို​လွှတ်​စေခြင်း​ငှာ​သွန်း​သော ငါ​၏​အသွေး​ဖြစ်၏။” ယေရှု ဤသို့​လည်း​မိန့်တော်မူ၏– “ငါ့ကို​အောက်မေ့​ဖို့​ရာ ဤသို့​ပြု​ကြလော့။” (မဿဲ ၂၆:၂၆-၂၈; လုကာ ၂၂:၁၉၊ ၂၀) သို့​နှင့် ယေရှုသည် နောက်တော်လိုက်​များ​အား မိမိ​သေခြင်း​၏ ဤ​အထိမ်းအမှတ်ပွဲ​ကို​ကျင်းပ​ရန် မိန့်တော်မူ​ခဲ့​သည်။

ဤ​နှစ်​တွင် ယေရှု​သေခြင်း​၏​နှစ်ပတ်လည်​နေ့မှာ ဧပြီ ၈၊ တနင်္ဂနွေ​နေ့ နေဝင်ပြီး​ချိန်​တွင်​ကျရောက်​သည်။ ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များသည် ယေရှု​တောင်းဆို​ခဲ့​သော​နည်းဖြင့် ဤ​အထိမ်းအမှတ်ပွဲ​ကို​ကျင်းပ​ရန် ထို​အထူး​ည​တွင် စုဝေး​ကြ​ပါ​လိမ့်​မည်။ လေ့လာ​ကြည့်ရှု​သူ​အနေ​ဖြင့် ကျွန်ုပ်​တို့​နှင့်အတူ​ပါဝင်​ရန် သင့်​အား လှိုက်လှဲ​ပျူ​ငှာ​စွာ​ဖိတ်ခေါ်ပါ​သည်။ အချိန်​အတိအကျ​နှင့် စည်းဝေး​သည့်​နေရာ​အတွက် ဒေသခံ​ယေဟောဝါသက်သေ​များ​အား ကျေးဇူးပြု​၍​စုံစမ်း​ပါ။