မြန်မာ
မိသားစုအောင်မြင်ရေး—ကတိသစ္စာ
https://cms-imgp.jw-cdn.org/img/p/102018045/univ/art/102018045_univ_sqr_xl.jpg
န၁၈ အမှတ် ၂ စာ. ၄

ကတိသစ္စာဟာ ကျောက်ဆူးနဲ့ တူတယ်။ မုန်တိုင်းထန်ချိန်မှာ အိမ်ထောင်ကို တည်ငြိမ်စေတယ်။

ဇနီးမောင်နှံများအတွက်

၁– ကတိသစ္စာ

၁– ကတိသစ္စာ

ဆိုလိုရင်း

ကတိသစ္စာပြုထားတဲ့ ဇနီးမောင်နှံတွေက အိမ်ထောင်ကို ထာဝရ နှောင်ကြိုးအနေနဲ့ ရှုမြင်ကြတယ်။ အခက်အခဲတွေ ကြုံလာရင်တောင် နှောင်ကြိုးပြတ်သွားမှာ မဟုတ်ဘူးလို့ ယုံကြည်စိတ်ချကြတယ်။ အဲဒါက အိမ်ထောင်မှာ လုံခြုံမှု ခံစားရစေတယ်။

တချို့မောင်နှံတွေကျတော့ လူမှုရေးဖိအား၊ မိသားစုဖိအားကြောင့် မတတ်သာလို့ ပေါင်းနေကြရတယ်။ ဒါပေမဲ့ အပြန်အလှန် ချစ်မေတ္တာ၊ လေးစားမှုတို့အပေါ် အခြေခံတဲ့ ကတိသစ္စာရှိရင် ပိုကောင်းတယ်။

ကျမ်းစာ အခြေခံမူ။ “ခင်ပွန်းက . . . ဇနီးနဲ့ ခွဲမနေရဘူး။”—၁ ကောရိန္သု ၇:၁၁

“ကတိသစ္စာ ပြုထားရင် အိမ်ထောင်ဖက်ရဲ့အမှားတွေကို ဗွေယူမှာ မဟုတ်ဘူး။ ခွင့်လွှတ်ဖို့ အသင့်ရှိမယ်။ ချက်ချင်း တောင်းပန်တတ်မယ်။ ပြဿနာတွေကို ကွဲကွာစေတဲ့အရာတွေအဖြစ် မရှုမြင်ဘဲ အတားအဆီးအဖြစ်ပဲ ရှုမြင်တယ်။”—မိုက်ခါ။

ဘာကြောင့် အရေးကြီးသလဲ

ပြဿနာတွေ ကြုံတွေ့တဲ့အခါ ကတိသစ္စာ မပြုထားတဲ့ မောင်နှံတွေက “ငါတို့နှစ်ယောက် အတွဲမညီဘူး” ဆိုပြီး လမ်းခွဲဖို့ ရှာကြံနိုင်တယ်။

“လူများစွာဟာ အဆင်မပြေရင် ကွာရှင်းမယ်ဆိုတဲ့ စိတ်နဲ့ အိမ်ထောင်ပြုလိုက်ကြတယ်။ ကွာရှင်းလို့ရတာပဲ ဆိုတဲ့အတွေးနဲ့ အိမ်ထောင်ပြုတဲ့အခါ သူတို့ရဲ့ ကတိသစ္စာဟာ အစကတည်းက ချည့်နဲ့နေပြီ။”—ဂျဲန်။

လုပ်ဆောင်နိုင်ရာ

ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ

အငြင်းပွားတဲ့အခါ . . .

  • သူ့ကို လက်ထပ်ခဲ့မိလို့ နောင်တရသလား။

  • တခြားတစ်ယောက်နဲ့ဆိုရင် ပိုကောင်းမယ်လို့ တွေးမိသလား။

  • “လမ်းခွဲကြမယ်၊” “ငါ့ကို တန်ဖိုးထားတဲ့သူကိုပဲ ရှာတော့မယ်” လို့ ပြောသလား။

မေးခွန်း တစ်ခု ဒါမှမဟုတ် တစ်ခုထက်မကကို ဟုတ်တယ်လို့ ဖြေရင် အိမ်ထောင်ကတိသစ္စာကို ခိုင်မြဲစေဖို့ လိုနေပြီ။

အိမ်ထောင်ဖက်နဲ့ ဆွေးနွေးပါ

  • ငါတို့ရဲ့အိမ်ထောင်ရေးနှောင်ကြိုး ပြေလျော့နေသလား။ ဘာကြောင့်လဲ။

  • အိမ်ထောင်ကတိသစ္စာ ခိုင်မြဲစေဖို့ ဘာတွေ လုပ်ဆောင် နိုင်သလဲ။

အကြံပြုချက်များ

  • အိမ်ထောင်ဖက်ကို ချစ်ကြောင်း စာတိုတွေ ပို့ပါ

  • အလုပ်စားပွဲမှာ အိမ်ထောင်ဖက်ရဲ့ ဓာတ်ပုံကို ထောင်ထားပါ

  • အလုပ်၊ အပြင်မှာ ရောက်နေစဉ် အိမ်ထောင်ဖက်ကို ဖုန်းဆက်ပါ

ကျမ်းစာ အခြေခံမူ။ “ဘုရားသခင် တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့။”—မဿဲ ၁၉:၆