မြန်မာ
ဉာဏ်ပညာကို သင် ဆည်းပူးလေ့လာနိုင်
https://cms-imgp.jw-cdn.org/img/p/102021011/univ/art/102021011_univ_sqr_xl.jpg
န၂၁ အမှတ် ၁ စာ. ၁၅

ဉာဏ်ပညာကို သင် ဆည်းပူးလေ့လာနိုင်

ဉာဏ်ပညာကို သင် ဆည်းပူးလေ့လာနိုင်

“ကျမ်းစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထား” တယ်။ (၂ တိမောသေ ၃:၁၆) ဘုရားသခင်က ကျမ်းရေးသူတွေရဲ့ စိတ်ထဲ မိမိရဲ့ အတွေးအခေါ်တွေ ထည့်ပေးပြီး ရေးသားစေတာကို ဆိုလိုတယ်။

မိမိရဲ့ ဉာဏ်ပညာကို ဆည်းပူးဖို့ ဘုရားသခင် ဖိတ်ခေါ်

“ငါယေဟောဝါဟာ . . . မင်းတို့ကောင်းကျိုးအတွက် သွန်သင်ပေးတဲ့အရှင်၊ မင်းတို့ လျှောက်သင့်တဲ့ လမ်းအတိုင်း လမ်းညွှန်ပေးတဲ့ အရှင်ပဲ။ ငါ့ပညတ်တွေကို အာရုံစိုက်မယ်ဆိုရင် မင်းတို့ရဲ့ ငြိမ်သက်ခြင်းဟာ မြစ်လို၊ မင်းတို့ရဲ့ ဖြောင့်မတ်ခြင်းဟာ ပင်လယ်လှိုင်းတွေလို ဖြစ်လာမယ်။”—ဟေရှာယ ၄၈:၁၇၊ ၁၈

ဘုရားသခင်က သင့်ကို အဲဒီလို ဖိတ်ခေါ်နေတယ်။ ဘုရားက သင့်ကို ငြိမ်သက်၊ ပျော်ရွှင်စေချင်တယ်။ အဲဒါတွေကို တွေ့ရှိဖို့ သင့်ကို ကူညီပေးနိုင်တယ်။

ဉာဏ်ပညာကို သင် ဆည်းပူးလေ့လာနိုင်

“လူမျိုးအားလုံးကို သတင်းကောင်း ဟောရလိမ့်မယ်။”—မာကု ၁၃:၁၀

“သတင်းကောင်း” ထဲမှာ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားမယ်၊ ကမ္ဘာကို သာယာလှပတဲ့ ပရဒိသု ဖြစ်စေမယ်၊ ကွယ်လွန်သွားတဲ့ ချစ်ရသူတွေကို အသက်ပြန်ရှင်စေမယ် ဆိုတဲ့ ယေဟောဝါရဲ့ ကတိတွေ ပါတယ်။ ယေဟောဝါ သက်သေတွေဟာ ကမ္ဘာတစ်ဝန်းမှာ အဲဒီ ကျမ်းစာ သတင်းတရားကို ဟောပြောနေကြတယ်။