နိုးလော့! အမှတ် ၅၊ ၂၀၁၇ | သဘာဝဘေး ကျရောက်တဲ့အခါ—အသက်ချမ်းသာရာ ရနိုင်တဲ့နည်းများ
သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ဖို့ ဘာကြောင့် အရေးကြီးသလဲ။
“အမြော်အမြင်ရှိသူက အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်။ အတွေ့အကြုံ မရှိသူကတော့ သွားမြဲသွားနေလို့ ဆိုးကျိုးတွေပဲ ခံရတတ်တယ်” လို့ ကျမ်းစာပြောတယ်။—ပညာအလိမ္မာ ၂၇:၁၂။
သဘာဝဘေး မတိုင်ခင်၊ အတောအတွင်း၊ ပြီးတဲ့နောက် ဘာတွေလုပ်နိုင်တယ်ဆိုတာ ဒီမဂ္ဂဇင်းမှာ ဖော်ပြထားတယ်။
မျက်နှာဖုံးအကြောင်းအရာ
သဘာဝဘေး ကျရောက်တဲ့အခါ—အသက်ချမ်းသာရာ ရနိုင်တဲ့နည်းများ
ဒီအကြံပြုချက်တွေက သင်ကော တခြားသူတွေကိုပါ အသက်ရှင်လွတ်မြောက်စေနိုင်တယ်။
စွမ်းအင်ချွေတာခြင်းအကြောင်း သိသင့်သိအပ်ရာ
အိမ်၊ သယ်ယူပို့ဆောင်ရေး၊ နေ့စဉ်ဝေယျာဝစ္စဆိုတဲ့ ကဏ္ဍသုံးခုမှာ စွမ်းအင်ကို ဘယ်လို အကျိုးရှိရှိ အသုံးပြုနိုင်မယ်ဆိုတာ လေ့လာကြည့်ပါ။
သမ္မာကျမ်းစာရှုထောင့်
စစ်ပွဲ
ရှေးအချိန်က အစ္စရေးတွေဟာ ယေဟောဝါဘုရားရဲ့ နာမည်နဲ့ စစ်ပွဲတွေ ဆင်နွှဲခဲ့ကြတယ်။ ဒါဟာ အခုခေတ် စစ်ပွဲတွေကို ဘုရားနှစ်သက်တယ်ဆိုတဲ့ အဓိပ္ပာယ်လား။
မိသားစုအတွက် အကူအညီ
သည်းထိတ်ရင်ဖို စွန့်စားခန်းတွေ အကျိုးနပ်ရဲ့လား
လူငယ်များစွာဟာ သူတို့ ဘယ်လောက်အစွမ်းပြနိုင်မှန်း သိဖို့ အသက်ရင်းပြီး စွန့်စားကြည့်ကြတယ်။ သင်ကော အဲဒီလို စမ်းကြည့်ချင်စိတ် ပေါ်ဖူးသလား။
သူတို့မြေ၊ သူတို့ဓလေ့
ကာဇက်စတန်သို့ အလည်တစ်ခေါက်
ရေကြည်ရာ မြက်နုရာ လှည့်လည်နေထိုင်တဲ့ ကာဇက်တွေဟာ ရိုးရာအိမ်တွေမှာ နေထိုင်ခဲ့ကြတယ်။ သူတို့ရဲ့ ခေတ်သစ် ဘဝပုံစံကို ကြည့်ရင် သူတို့ရဲ့ ရိုးရာဓလေ့အကြောင်း ဘာသိရသလဲ။
အလိုလို ဖြစ်လာနိုင်ပါ့မလား
ပင်လယ်ခရုခွံတွေရဲ့ပုံစံ
ခရုခွံတွေရဲ့ ပုံစံနဲ့ တည်ဆောက်ပုံဟာ အထဲကခရုကိုယ်ထည်ကို ကာကွယ်ပေးတယ်။
နောက်ထပ် အွန်လိုင်းအင်္ဂါရပ်များ
ယေဟောဝါသက်သေတွေ ဘာကြောင့် စစ်ထဲ မဝင်သလဲ။
ယေဟောဝါသက်သေတွေကို စစ်ထဲ မဝင်သူတွေအဖြစ် ကမ္ဘာတစ်ဝန်းက သိကြတယ်။ ကျွန်တော်တို့ ဘာကြောင့် စစ်ထဲ မဝင်သလဲဆိုတာ လေ့လာကြည့်ပါ။

