သမ္မာကျမ်းစာ သွန်သင်ရာ

သမ္မာကျမ်းစာ သွန်သင်ရာ

ဆုတောင်းချက်အားလုံးကို ဘုရားသခင် ဖြေကြားပေးသလား

ဘုရားသခင်က ဘယ်သူတွေရဲ့ ဆုတောင်းချက်ကို ဖြေကြားသလဲ . . .

  • လူတိုင်းကိုလား

  • တချို့သူတွေပဲလား

  • ဘယ်သူ့ကိုမှ အဖြေမပေးတာလား

သမ္မာကျမ်းစာ သွန်သင်ရာ

“ထာဝရဘုရားသည် . . . သစ္စာနှင့်တကွ ပတ္ထနာပြုသောသူအပေါင်းတို့၏ အနီးအပါး၌ ရှိတော်မူ၏။”—ဆာလံ ၁၄၅:၁၈

ကျမ်းစာမှ နောက်ထပ်သင်ယူနိုင်ရာများ

  • ဘုရားက ဆန့်ကျင်ပုန်ကန်သူတွေရဲ့ ဆုတောင်းချက်ကို နားမထောင်ဘူး။ (ဟေရှာယ ၁:၁၅) ဒါပေမဲ့ သူတို့ ပြုပြင်ပြောင်းလဲမယ်ဆိုရင်တော့ ဘုရားနဲ့ “ဆွေးနွေးဆင်ခြင်” နိုင်ပါတယ်။ —ဟေရှာယ ၁:၁၈သမ္မာ

  • ကျမ်းစာမှာ ဖော်ပြထားတဲ့ တောင်းဆိုချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် အဲဒီဆုတောင်းချက်ကို ဘုရားသခင် ဖြေကြားပါတယ်။—၁ ယောဟန် ၅:၁၄

ဆုတောင်းတဲ့အခါ သတ်သတ်မှတ်မှတ် ကိုယ်နေဟန်ထား ရှိဖို့လိုသလား

လူတချို့ ယုံကြည်တာက ဆုတောင်းတဲ့အခါ အမြဲဒူးထောက်ရမယ်၊ ခေါင်းငုံ့ရမယ် ဒါမှမဟုတ် လက်အုပ်ချီရမယ်။ သင်ကော ဘယ်လိုယုံကြည်ပါသလဲ။

သမ္မာကျမ်းစာ သွန်သင်ရာ

ထိုင်ပြီးဖြစ်စေ၊ ထပြီးဖြစ်စေ၊ ပျပ်ဝပ်ပြီးဖြစ်စေ၊ ဒူးထောက်ပြီးဖြစ်စေ ဆုတောင်းတာကို ဘုရားသခင် လက်ခံပါတယ်။ (၁ ရာဇဝင်ချုပ် ၁၇:၁၆; ၂ ရာဇဝင်ချုပ် ၃၀:၂၇; ဧဇရ ၁၀:၁; တမန်တော် ၉:၄၀) ဒါကြောင့် ဆုတောင်းတဲ့အခါ သတ်သတ်မှတ်မှတ် ကိုယ်နေဟန်ထားရှိဖို့ မလိုပါဘူး။

ကျမ်းစာမှ နောက်ထပ်သင်ယူနိုင်ရာများ