မြန်မာ
ဘုရားသခင့်ကောင်းချီး ရဖို့ ဆက်ဆုတောင်းနေပါ
https://cms-imgp.jw-cdn.org/img/p/2020168/univ/art/2020168_univ_sqr_xl.jpg
ကလ၂၀ အမှတ် ၃ စာ. ၁၀

“ဆုတောင်းသံကို နားထောင်တဲ့အရှင်” ဘုရားသခင်ဟာ ကျွန်တော်တို့ ဆုတောင်းတာကို နားထောင်ချင်တယ်။—ဆာလံ ၆၅:၂

ဘုရားသခင့်ကောင်းချီး ရဖို့ ဆက်ဆုတောင်းနေပါ

ဘုရားသခင့်ကောင်းချီး ရဖို့ ဆက်ဆုတောင်းနေပါ

ဘုရားက လူတွေကို ထူးခြားတဲ့ လက်ဆောင်တစ်ခု ပေးထားတယ်။ အဲဒါကတော့ ဆုတောင်းခြင်းကတစ်ဆင့် ဘုရားနဲ့ ဆက်သွယ်နိုင်ပြီး ခံစားချက်တွေကို ပြောပြနိုင်ခြင်းပါပဲ။ “ဆုတောင်းသံကို နားထောင်တဲ့အရှင်၊ ကိုယ်တော့်ဆီကို လူအမျိုးမျိုး လာကြပါလိမ့်မယ်” လို့ ပရောဖက် ဒါဝိဒ် ဆုတောင်းခဲ့တယ်။ (ဆာလံ ၆၅:၂) ဆုတောင်းချက်တွေကို ဘုရား နားထောင်ပြီး အဖြေပေးဖို့ ကျွန်တော်တို့ ဘယ်လို ဆုတောင်းရမလဲ။

နှိမ့်ချမှုရှိရှိ ရင်ဖွင့် ဆုတောင်းပါ

ဆုတောင်းတဲ့အခါ ကိုယ့်ရဲ့ ခံစားချက်အကြောင်း “ဘုရားကို ရင်ဖွင့်” ပြောပြလို့ရတယ်။ (ဆာလံ ၆၂:၈) စိတ်နှလုံးထဲကနေ လှိုက်လှိုက်လှဲလှဲ တောင်းတဲ့ ဆုတောင်းချက်တွေကို အနန္တတန်ခိုးရှင် ဘုရားသခင် နှစ်သက်တယ်။

ဘုရားရဲ့ နာမည်ကို သုံးပြီး ဆုတောင်းပါ

အနန္တတန်ခိုးရှင်မှာ ဂုဏ်ပုဒ်တွေ အများကြီး ရှိပေမဲ့ နာမည်ကတော့ တစ်ခုပဲ ရှိတယ်။ “ငါဟာ ယေဟောဝါပဲ။ ဒါဟာ ငါ့နာမည်ပဲ။” (ဟေရှာယ ၄၂:၈) သမ္မာကျမ်းစာထဲမှာ ယေဟောဝါဆိုတဲ့ နာမည် အကြိမ်ပေါင်း ၇,၀၀၀ ကျော် ပါတယ်။ ပရောဖက်တွေဟာ ဘုရားရဲ့ နာမည်ကို သုံးပြီး ဆုတောင်းခဲ့ကြတယ်။ အာဗြဟံက “ယေဟောဝါ၊ . . . ကျွန်တော် ပြောပါရစေ” လို့ ပြောခဲ့တယ်။ (ကမ္ဘာဦး ၁၈:၃၀) ကျွန်တော်တို့လည်း ဆုတောင်းတဲ့အခါ ဘုရားရဲ့ နာမည်ကို သုံးပြီး ဆုတောင်းသင့်တယ်။

ကိုယ့်ဘာသာစကားနဲ့ ဆုတောင်းနိုင်

ဘယ်ဘာသာစကားနဲ့ပဲ ပြောပါစေ ကျွန်တော်တို့ရဲ့ အတွေးနဲ့ ခံစားချက်တွေကို ဘုရားသခင် နားလည်တယ်။ “ဘုရားသခင် မျက်နှာမလိုက်” ဘူး။ “ဘယ်လူမျိုးဖြစ်ဖြစ် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မှန်ရာလုပ်မယ်ဆိုရင် ဘုရားရဲ့ နှစ်သက်လက်ခံမှုကို ရတာပဲ” လို့ သမ္မာကျမ်းစာမှာ ပြောထားတယ်။—တမန်တော် ၁၀:၃၄၊ ၃၅

ဒါပေမဲ့ ဘုရားရဲ့ ကောင်းချီး ရဖို့ ဆုတောင်းတာထက်မက လုပ်ဖို့ လိုတယ်။ ဘာလုပ်ရမလဲဆိုတာ နောက်ဆောင်းပါးမှာ ဖော်ပြထားတယ်။