ကင်းမျှော်စင်—လေ့လာရန် စာစောင် ဇွန် ၂၀၁၇

ဒီလထုတ်မှာ ၂၀၁၇၊ ဇူလိုင် ၃၁-ဩဂုတ် ၂၇ အထိ လေ့လာရန် ဆောင်းပါးတွေ ပါတယ်။

သင် မှတ်မိသလား

မကြာသေးခင်က ထုတ်ဝေခဲ့တဲ့ ကင်းမျှော်စင် မဂ္ဂဇင်းတွေကို ဖတ်ပြီးပြီလား။ ကျမ်းစာအခြေခံမေးခွန်း ဘယ်နှခုကို ဖြေနိုင်သလဲ။

ဆင်းရဲဒုက္ခအမျိုးမျိုး ခံရတဲ့အခါ ယေဟောဝါ နှစ်သိမ့်ပေး

ဒီနေ့ အိမ်ထောင်ရေး၊ မိသားစုဘဝမှာ ခရစ်ယာန်တွေ ရင်ဆိုင်ရနိုင်တဲ့ ဆင်းရဲဒုက္ခတချို့က ဘာတွေလဲ။ အဲဒီပြဿနာတွေကို ကြုံတွေ့ရတဲ့အခါ ဘုရားသခင်ပေးတဲ့ နှစ်သိမ့်မှု ဘယ်လို ရရှိနိုင်သလဲ။

ဘုရားရေးရာဘဏ္ဍာကို စိတ်စွဲလမ်းပါ

ဘယ်ဘဏ္ဍာကို မြတ်နိုးသင့်သလဲ။ မြတ်နိုးစိတ်ရှိအောင် ဘယ်လို လုပ်နိုင်သလဲ။

အပြင်ပန်းကို ကျော်လွန်ပြီး ကြည့်နိုင်မလား

လမ်းပေါ်မှာနေ ညစ်ပတ်လွန်းသူတစ်ယောက်ကို ယေဟောဝါသက်သေတစ်ယောက် စိတ်ရှည်ရှည် စကားပြောတဲ့အခါ ဘာဖြစ်ခဲ့သလဲ။

အငြင်းပွားမှုတွေကို ဖြေရှင်းပြီး ငြိမ်သက်မှု ရှိစေမလား

လူတွေ ငြိမ်သက်မှုကို အလွန်တောင့်တကြတယ်။ ဒါတောင်မှ အခွင့်အရာ၊ မာန်မာနကို ထိပါးလာတဲ့အခါ သင့်မြတ်စေတဲ့နည်းနဲ့ မပြုမူကြတော့ဘူး။ အဲဒီလိုလုပ်ရပ်တွေကို ဘယ်လို ရှောင်နိုင်သလဲ။

“ဆင်ခြင်ဉာဏ်ရှိတဲ့ မင်းကို ဘုရားသခင် ကောင်းချီးပေးပါစေ”

ဒီစကားတွေဟာ အဘိဂဲလကို ဒါဝိဒ် ချီးမွမ်းတဲ့စကားတွေ ဖြစ်တယ်။ သူ့ကို ဒါဝိဒ် ဘာကြောင့် ချီးမွမ်းရသလဲ။ သူ့ရဲ့ ပုံသက်သေကနေ ဘာအကျိုး ရရှိနိုင်သလဲ။

ကြီးမားတဲ့ အရေးကိစ္စကို အာရုံစိုက်ပါ

လူသားတွေ ရင်ဆိုင်နေရတဲ့ အရေးကြီးကိစ္စက ဘာလဲ။ အဲဒါကို သိရှိဖို့ ဘာကြောင့် အရေးကြီးသလဲ။

ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ထောက်ခံပါ

ယေဟောဝါကို စကြာဝဠာ အုပ်ချုပ်ပိုင်ခွင့်ရှိသူအဖြစ် အသိအမှတ်ပြုမယ်ဆိုရင် သင့်ဘဝကို ဘယ်လို ထူးခြားသွားမလဲ။

သင် သိပါသလား

ဗိမာန်တော်မှာ တိရစ္ဆာန် ရောင်းတဲ့ကုန်သည်တွေကို “ဓားပြ” လို့ ယေရှု ဘာကြောင့် ခေါ်သလဲ။