လေ့လာစရာ အကြံပြုလွှာ
ဝေမျှဖို့ လေ့လာစို့
ကျမ်းစာလေ့လာတဲ့အခါ စိတ်လန်းဆန်းတယ်။ တခြားသူတွေကို ကိုယ်လေ့လာသိရှိလာတဲ့ အားရှိစရာအချက်တွေ ဝေမျှတဲ့အခါ ပိုလို့တောင် လန်းဆန်းတယ်။ “သူတစ်ပါးကို လန်းဆန်းစေတဲ့သူဟာ ကိုယ်တိုင် လန်းဆန်းရလိမ့်မယ်” လို့ ပညာအလိမ္မာ ၁၁:၂၅ မှာ ဆိုထားတယ်။
တခြားသူတွေကို ကိုယ်သိထားတာတွေ ဝေမျှတဲ့အခါ ကိုယ်တိုင်လည်း ပိုမှတ်မိတယ်၊ ပိုနားလည်တယ်။ ကိုယ်ဝေမျှလိုက်လို့ သူတစ်ပါး အကျိုးရသွားရင် ပျော်ရွှင်ရတယ်။—တ. ၂၀:၃၅။
စမ်းကြည့်ပါ– လာမယ့်အပတ်ထဲမှာ တစ်ယောက်ယောက်ကို ကိုယ်သိထားတာတွေ ဝေမျှဖို့ အခွင့်အရေး ရှာပါ။ တစ်ယောက်ယောက်လို့ ပြောတဲ့အခါ မိသားစုဝင်၊ ညီအစ်ကို/မ၊ အလုပ်ဖော်၊ အတန်းဖော်၊ အိမ်နီးချင်း၊ အမှုဆောင်မှာ ဆုံတဲ့သူ ဖြစ်နိုင်တယ်။ ကိုယ်ပိုင်စကားနဲ့ ရိုးရိုးရှင်းရှင်း ပြောပြပါ။
သတိရပါ– အထင်ကြီးခံရဖို့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ အားပေးဖို့ ရည်ရွယ်ချက်နဲ့ ဝေမျှပါ။—၁ ကော. ၈:၁။