ယေဟောဝါရဲ့ မိတ်ဆွေ ဖြစ်ပါ—သီချင်း အတူဆိုကြစို့

အတူလိုက်ဆိုလို့ရတဲ့ ဒီကာတွန်းဗီဒီယိုတွေက ဘုရားနိုင်ငံတော် သီချင်းစာသားတွေကို ကလေးတွေ ဆိုတတ်လာအောင် ကူညီပေးတယ်။

နာမတော် ယေဟောဝါ (သီချင်း ၂)

ယေဟောဝါ ဆိုတဲ့ မြင့်မြတ်တဲ့​နာမည်ကို ဒီ​သီချင်း​နဲ့ ချီးမွမ်းပါ။

ဘုရားသခင့် အံ့ဖွယ်အမှုတော်များ (သီချင်း ၅)

နေ့တိုင်း ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်း လက်ရာတွေကို သတိထားမိသလား။

ဖန်ဆင်းရာများက ဘုရားကို ချီးမွမ်း (သီချင်း ၁၁)

ဖန်ဆင်းခြင်း လက်ရာတွေကတစ်ဆင့် ယေဟောဝါအကြောင်း သင်ယူနိုင်တယ်။

“ငါဆန္ဒရှိ” (သီချင်း ၁၇)

လိုအပ်နေသူတွေကို ဘယ်လို ကူညီမလဲ။

အချစ်ဆုံးသားကို ပေးခဲ့ (သီချင်း ၂၀)

ရွေးဖိုးအားဖြင့် ယေဟောဝါနဲ့ ယေရှု ပြတဲ့ မေတ္တာကို ကျေးဇူးတင်လေးမြတ်ဖို့ မိသားစုတွေကို သင်ပေးမယ့် သီချင်း။

ငါ့ကို သင်တို့ ကူညီပေးနေတာ (သီချင်း ၂၆)

ဟောပြောခြင်း လုပ်ငန်းနဲ့ တခြား အဖွဲ့အစည်း လုပ်ငန်းတွေကို ကလေးတို့ ထောက်မပေးနေတာ ယေဟောဝါနဲ့ ယေရှု မြင်တဲ့အခါ သိပ်ပျော်တယ်။

ယေဟောဝါနဲ့ မိတ်ဆွေ ဖြစ်​ခြင်း (သီချင်း ၂၈)

ကလေးတို့၊ ဘုရားသခင့် မိတ်ဆွေ​ဖြစ်ချင်​သလား။ သီချင်း ၂၈ မှာ ပါတဲ့ စာသားတွေ​က ဘုရားသခင့်​မိတ်ဆွေ​ဖြစ်ဖို့ ဘာလုပ်ရမလဲ​ဆိုတာကို သိရှိ​စေပါ​တယ်။

ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ် (သီချင်း ၃၈)

ခွန်အားရှိအောင်၊ ခိုင်ခံ့မြဲမြံအောင်၊ မှန်တာကို လုပ်ဆောင်နိုင်အောင် ယေဟောဝါ ကူညီပေးနိုင်ပါတယ်။

ဆုတောင်းသံ​ကို နားထောင်​ပေးပါ (သီချင်း ၄၁)

ယေဟောဝါ​ဘုရားဆီ ဆုတောင်းပါ။ ကလေးတို့ ဘယ်မှာ​ပဲ​နေ​နေ၊ ကလေးတို့​ဆုတောင်းသံ​ကို ကိုယ်တော် နားထောင်​ပေးပါလိမ့်မယ်။

ကျေးဇူးပါ၊ ယေဟောဝါ (သီချင်း ၄၆)

ယေဟောဝါ​ဘုရားကို ကလေးတို့ ဘာကြောင့် ကျေးဇူးတင်​တာလဲ။ ကလေးတို့ သီချင်းဆို​နေရင်း ကျေးဇူးတင်​သင့်တဲ့ အကြောင်းရင်း​တွေကို ရေတွက်​ကြည့်ပါ။

ယေဟောဝါဆီ နေ့စဉ် ဆုတောင်းပါ (သီချင်း ၄၇)

ဆုတောင်းတာက ခွင့်လွှတ်ဖို့၊ ခွင့်လွှတ်ခံရဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။

သီချင်း ၅၁—ဘုရားဆီ တို့ဆက်ကပ်ထား (သီချင်း ၅၁)

ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံတဲ့ ပန်းတိုင်ကို အဆင့်ဆင့် တက်လှမ်းနေတဲ့ လူငယ် နှစ်ယောက်အကြောင်း ရှုစားနားဆင်ကြည့်ပါ။

ဟောပြောဖို့ ပြင်ဆင်ခြင်း (သီချင်း ၅၃)

ဟောပြောဖို့ အဆင်သင့်ဖြစ်ကြစို့။

‘ဒီလမ်းပါပဲ’ (သီချင်း ၅၄)

ဘယ်လိုနည်းနဲ့ ယေဟောဝါရဲ့ အသံကို နားထောင်နိုင်သလဲ၊ ဘယ်လိုနည်းနဲ့ ယေရှုရဲ့ ခြေရာကို လိုက်လျှောက်နိုင်သလဲ။

အမှန်တရားကို ကိုယ်ပိုင်ဖြစ်စေပါ (သီချင်း ၅၆)

အမှန်တရားကို ကိုယ်ပိုင်ဖြစ်အောင် လုပ်နေပါသလား။

လူအမျိုးမျိုးကို ဟောပြောခြင်း (သီချင်း ၅၇)

ဘယ်လူမျိုးကိုမဆို သင် ဟောပြောနေသလား။

ငြိမ်သက်ခြင်း မြတ်နိုးသူများကို ရှာဖွေခြင်း (သီချင်း ၅၈)

ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ လူအားလုံးကို ချစ်ဖို့၊ ယေဟောဝါရဲ့ မိတ်ဆွေတွေကို ရှာဖို့ သားသမီးတွေကို သင်ပေးမယ့် သီချင်းကောင်းလေးကို နားထောင်ကြည့်ပါ။

ယေဟောဝါကို အတူ ချီးမွမ်းကြ (သီချင်း ၅၉)

ယေဟောဝါကို နေ့တိုင်း ဘယ်လို ချီးမွမ်းနိုင်သလဲ။

“တရားစကားကို ဟောပြောပါ” (သီချင်း ၆၇)

ဟောပြောခြင်း​အကြောင်း သီချင်း​ဆိုဖို့ အဆင်သင့်​ဖြစ်​ပြီလား။

ထိုက်တန်သူတို့ကို ရှာဖွေပါ (သီချင်း ၇၀)

ယေရှုကို တုပပြီး ထိုက်တန်သူတွေကို ဘယ်လို ရှာနိုင်သလဲ။

ရဲစွမ်းသတ္တိ ပေးပါ (သီချင်း ၇၃)

ယေဟောဝါ​ဘုရားက သူ့​နာမည်​အကြောင်း ဆက်​ဟောပြော​နိုင်ဖို့ ကလေးတို့ကို ရဲစွမ်းသတ္တိ​ပေး​နိုင်တယ်။

ဘယ်လို ခံစားရလဲ (သီချင်း ၇၆)

ထိုက်တန်သူတွေကို ရှာဖွေရေးမှာ သင် ပါဝင်နေသလား။

‘ယေဟောဝါ ကောင်းမြတ်​ကြောင်း မြည်းစမ်း​ကြည့်ပါ’ (သီချင်း ၈၀)

ဒီ​သီချင်း​စာသားတွေကို လေ့လာ​သင်ယူပြီး အချိန်ပြည့် အမှုဆောင်မှာ​ပါဝင်​နေ​သူ​တစ်ယောက်ယောက်ကို သီဆို​ပြပါ။

ရှေ့ဆောင်​ဘဝ (သီချင်း ၈၁)

ယေဟောဝါရဲ့​ကောင်းချီး​ကို အမြဲ​ခံစား​နိုင်တဲ့ ရှေ့ဆောင်​တစ်ယောက်ရဲ့​ဘဝကို မြင်ယောင်​ကြည့်ပါ။

“တစ်အိမ်တက်ဆင်း” (သီချင်း ၈၃)

ဘုရားနိုင်ငံတော် သတင်း ပျံ့နှံ့ဖို့ ကလေးတို့လည်း ကူညီပေးနိုင်ပါတယ်။

တက်လှမ်းပါ (သီချင်း ၈၄)

တခြားသူတွေကို ကူညီနိုင်တဲ့ နည်းအမျိုးမျိုး ရှိပါတယ်။

နားထောင်၊ နာခံ၊ ကောင်းချီး​စံ (သီချင်း ၈၉)

အောင်အောင်၊ ရွှေ​စင်​တို့နဲ့​အတူ သီချင်း​လိုက်​ဆိုပါ၊ နာခံခြင်းက ကျွန်တော်တို့ကို ဘယ်လို​ပျော်ရွှင်​စေ​သလဲ​ဆိုတာ ကြည့်ပါ။

ဘုရားသခင့်ကျမ်းစာ မြတ်ရတနာ (သီချင်း ၉၆)

ကျမ်းစာက ယေဟောဝါနဲ့ အနာဂတ်အကြောင်း အများကြီး သင်ပေးတယ်။

ဧည့်ဝတ်ကျေပွန်ပါ (သီချင်း ၁၀၀)

တခြားသူတွေကို ကြင်နာမှုပြခြင်းအားဖြင့် ယေဟောဝါရဲ့ ဧည့်ဝတ်ကျေပွန်မှုကို အတုယူဖို့ ဒီသီချင်းက အားပေးတယ်။

“ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ” (သီချင်း ၁၀၅)

ယေဟောဝါရဲ့ ပုံသက်သေကို တုပပြီး ညီအစ်ကို/မ အချင်းချင်း မေတ္တာပြနိုင်တယ်။

တို့ဝမ်းမြောက်ရတဲ့ အကြောင်းများ (သီချင်း ၁၁၁)

သင့်ကို ပျော်ရွှင်စေတဲ့အရာက ဘာတွေလဲ။

ခံရပ်နေမယ် (သီချင်း ၁၂၉)

ဘုရားကတိတွေကို ယုံကြည်ခြင်းက ခံရပ်ဖို့ သင့်ကို ကူညီပေးနိုင်တယ်။

ခွင့်လွှတ်တတ်ကြပါ (သီချင်း ၁၃၀)

တခြားသူကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ခြင်းအားဖြင့် ယေဟောဝါကို တုပပါ။

လူငယ်ဘဝမှာ ယေဟောဝါကို ကိုးကွယ်ကြ (သီချင်း ၁၃၃)

လူငယ်ဘဝမှာ ကြီးမြတ်တဲ့ ဖန်ဆင်းရှင်ကို သတိရပါ။

ဘုရားပေး သားသမီး​များ (သီချင်း ၁၃၄)

သားသမီးတွေဟာ ဘုရားသခင်​ပေးထားတဲ့ အဖိုးထိုက်​လက်ဆောင်​ဖြစ်တယ်ဆိုတာကို သိပါသလား။ အတူ​သီချင်း​လိုက်​ဆိုနိုင်​ဖို့ သီချင်း ၁၃၄ ရဲ့ စာသားတွေကို သင်ယူ​ထားပါ။

ယေဟောဝါရဲ့ မေတ္တာ​ရပ်ခံ​ချက်– ‘ငါ့​သား၊ ပညာ​ရှိပါ’ (သီချင်း ၁၃၅)

ယေဟောဝါရဲ့ စိတ်​ကို ရွှင်လန်း​စေဖို့ ကလေးတို့ လုပ်နိုင်​မလား။ ဘယ်လို လုပ်နိုင်မလဲ​ဆိုတာကို ဒီဗီဒီယိုကို ကြည့်ပြီး လေ့လာ​သင်ယူပါ။

သစ္စာရှိ အမျိုးသမီးများ၊ ခရစ်ယာန် ညီအစ်မများ (သီချင်း ၁၃၇)

ဒီနေ့ခေတ်နဲ့ ကျမ်းစာထဲက သစ္စာရှိ၊ လုပ်ရည်ကိုင်ရည် ရှိ အမျိုးသမီးတွေကို ဘယ်လို တုပနိုင်သလဲ။

ဆုံး​မဲ့​သက်​တာ ရောက်လာ​ပေ​ပြီ (သီချင်း ၅၅)

ပရဒိသု ဥယျာဉ်​ကြီး​ထဲမှာ ထာဝစဉ် အသက်​ရှင်​နေတယ်လို့ မြင်ယောင်​ပြီး သီချင်း​လိုက်​ဆိုပါ။

အံ့ဖွယ်​အသက် (သီချင်း ၁၄၁)

ဒီသီချင်းကို လေ့ကျင့်ပါ။ နိုင်ငံတော်ခန်းမမှာ လိုက်ဆိုနိုင်ပါလိမ့်မယ်။

ဆုလာဘ်​တော်​ကို မျက်ခြည်မပြတ်​စေ​နဲ့ (သီချင်း ၁၄၄)

ဒီ​သီချင်းကို သီဆို​နေစဉ်​အတောအတွင်း သာယာ​အေးချမ်း​တဲ့​ဥယျာဉ် ပရဒိသုမှာ ဘယ်လောက်တောင် ပျော်စရာ​ကောင်းမလဲ​ဆိုတာကို စဉ်းစား​ကြည့်ပါ။

ထာဝရအသက် ကတိတော် (သီချင်း ၁၄၇)

ကမ္ဘာမြေကို ပရဒိသု ဖြစ်အောင် ယေဟောဝါ ပြန်လုပ်ပေးလိမ့်မယ်။ အဲဒါကို မြင်ယောင်ကြည့်ပါလား။