သီချင်း ၉၀

အချင်းချင်း အားပေးကြ

အချင်းချင်း အားပေးကြ

(ဟီဘရူး ၁၀:၂၄၊ ၂၅)

  1. ၁။ စဉ်မြဲ ယေဟောဝါ့အမှုဆောင်ဖို့၊

    အချင်းချင်း တိုက်တွန်းသောအခါ၊

    ချစ်ခြင်းမေတ္တာ နှောင်ကြိုး မြဲခိုင်လာ။

    အလုပ်မွန် စည်းလုံးငြိမ်သက်စေ။

    ဘုရားလူမျိုးရဲ့ ချစ်ခြင်းမေတ္တာ

    ယောက်တိုင်း ခံရပ်ဖို့ ရဲရင့်စေ။

    အသင်းတော်ဟာ ခိုလှုံဖို့ နေရာ၊

    တို့စိတ်ချ ဘေးကင်းလုံခြုံရာ။

  2. ၂။ တော်သင့်တဲ့အချိန် ဆိုသောစကား

    နှစ်သက် နာပျော်ဖွယ် လွန်ကောင်းလှ။

    လွန်သစ္စာရှိ မိတ်ဆွေများထံမှ

    နှစ်သိမ့်စကား တို့အစဉ်ကြား။

    မျှော်လင့်ချက် ပန်းတိုင် တူသူများနဲ့

    လက်တွဲ လုပ်ခွင့်ရခြင်း ကောင်းလှ။

    အချင်းချင်း မြဲမြံခိုင်ခံ့စေကာ

    ဝိုင်းထမ်းကူ လေးသောဝန်ထုပ်များ။

  3. ၃။ ယေဟောဝါ့နေ့တော်ကြီး နီးတာကို

    တို့ယုံကြည်ခြင်း မျက်စိနဲ့ တွေ့၊

    ဘုရားနည်းလမ်း အတိုင်း သက်ရှင်ဖို့

    တို့ပေါင်းစု စည်းဝေးရန် လိုပေ။

    ယေဟောဝါရဲ့ ကျေးကျွန်များနဲ့အတူ

    အမြဲ တို့ဝတ်ပြုသွားလိုကြ။

    ဒါကြောင့် တို့သမာဓိ မြဲခိုင်ဖို့

    အချင်းချင်းကို အားပေးနေမှာပါ။