သီချင်း ၈၆

သင်ယူကြရမယ်

သင်ယူကြရမယ်

(ဟေရှာယ ၅၀:၄။ ၅၄:၁၃)

  1. ၁။ လာ၊ ဝမ်းမြောက်စွာ သင်ယူကြ ယေဟောဝါ အကြောင်း။

    ‘အသက်ရေ လာသောက်ပါ၊’ စွမ်းအားတော် ဆို။

    ကောင်းမြတ် သွန်သင်ခြင်း၊ ဘုရား ပြင်ဆင်ထား။

    စားသောက်ရမှာ အမှန်တရား ဆာသူများ။

  2. ၂။ ဘယ်တော့ မရှောင်ရ၊ တူတကွ စည်းဝေးခြင်းကို။

    တို့များ မှန်ရာကို သင်ယူဆည်းပူးရ။

    ညီအစ်ကိုများနဲ့ စွမ်းအားတော် ရှိရာ၊

    အလင်းထဲ လျှောက်လှမ်းဖို့ တို့ခွန်အားရ။

  3. ၃။ သီကျူးသီချင်းဆိုသံ လွန်အားတက်ဖွယ် ကောင်းလှ။

    လူတတ်တို့နှုတ်မှ ချိုသာလှ တေးသံ။

    ဘုရားလူမျိုးနဲ့ အမြဲစည်းဝေးကာ၊

    ဘုရားရဲ့ လူမျိုးဝင် ဖြစ်လို အစဉ်။

(ဟီ. ၁၀:၂၄၊ ၂၅။ ဗျာ. ၂၂:၁၇ တို့ကိုလည်း ကြည့်ပါ။)