သီချင်း ၉၄
နှုတ်မြွက်တော် ကျမ်းစာအတွက် ကျေးဇူးတင်
-
၁။ ယေဟောဝါ၊ အို အဖ၊ လွန်စွာ ကျေးဇူးတင်၊
နှုတ်မြွက်တော်ကို ပိုင်ဆိုင်ရရှိထားလို့ပင်။
စွမ်းအားတော် လမ်းညွှန်မှုနဲ့ ကျမ်းစောင်အားလုံး ရေးထား။
နှုတ်မြွက်တော် လင်းရောင်နဲ့ အမှန်တရား မြင်နိုင်။
-
၂။ နက်ရှိုင်းထိုးဖောက်စွမ်းရှိ၊ တရားစကားတော်၊
တို့အတွေး၊ ရည်ရွယ်ချက်များ ပိုင်းခြားသိနိုင်။
ပညတ်များ စုံလင်သန့်ရှင်း၊
စီရင်ချက်များ ဖြောင့်မှန်။
လုပ်သမျှ လမ်းညွှန်ပေး ဘုရားရဲ့ မူတွေ။
-
၃။ လူသားတို့ ဆုတောင်းချက်၊ ယေဟောဝါ ထည့်သွင်း။
ပရောဖက်များ ကျွန်တော်တို့ကဲ့သို့ ခံစား။
ခိုင်မာသော ယုံကြည်ခြင်းကို တည်ဆောက်ဖို့ ကူညီပါ။
ကျေးဇူးပါ၊ ယေဟောဝါ၊ ဖိုးထိုက် ကျမ်းစာအတွက်။
(ဆာ. ၁၉:၉။ ၁၁၉:၁၆၊ ၁၆၂။ ၂ တိ. ၃:၁၆။ ယာ. ၅:၁၇။ ၂ ပေ. ၁:၂၁ တို့ကိုလည်း ကြည့်ပါ။)