သီချင်း ၈
တို့ခိုလှုံရာ ယေဟောဝါ
(ဆာလံ ၉၁)
-
၁။ ယေဟောဝါ တို့ခိုလှုံရာ၊
တို့ကိုးစားတဲ့ ဘုရား။
အရိပ်တော် တို့ကို ကွယ်ကာ၊
တို့ရှိရမယ့် နေရာ။
သစ္စာရှိများ ကာကွယ်ခံရ
တို့အားကိုးလို့ ရကြောင်း သိကြ။
ယေဟောဝါ ကြံ့ခိုင်ရဲတိုက်၊
သစ္စာ တည်ကြည်၊ တရားမျှတ။
-
၂။ တို့နီးနား လဲသေသူများ
ထောင်သောင်းထိ ရှိသော်ငြား၊
သစ္စာရှိ၊ နူးညံ့သူများ
ပယ်ငြင်းခြင်း မခံရ
ဖျက်ဆီးခံရဖို့ မရှိလို့၊
တုန်လှုပ်ကြောက်ရွံ့ နေဖို့ မလို။
အတောင်တော်အောက် ခိုလှုံလို့၊
ကိုယ်တော် တို့အား စောင့်ရှောက်ပေးမှာ။
-
၃။ တို့လမ်းမှ ကျော့ကွင်းများကြား
ကာကွယ်စောင့်ရှောက်ခံရ၊
တုန်လှုပ်ကြောက် ယိမ်းယိုင်သွားခြင်း
ဘယ်တော့ မဖြစ်စေရ။
နေ့ခင်းဘက် ပစ်တဲ့မြားတွေလား၊
မှောင်မိုက်ည ကြောက်ဖို့ မလိုပါ။
ယေဟောဝါ တို့ခိုလှုံရာ၊
တို့ခရီးတစ်လျှောက် စောင့်ရှောက်မှာ။
(ဆာ. ၉၇:၁၀။ ၁၂၁:၃၊ ၅။ ဟေရှာ. ၅၂:၁၂ တို့ကိုလည်း ကြည့်ပါ။)