သီချင်း ၃၂
ယေဟောဝါဘက် ရပ်တည်ကြ
-
၁။ တစ်ချိန်က တို့နှလုံး ရှုပ်ထွေးခဲ့ကြ၊
မှားဘာသာခွက်နဲ့ တို့မူးယစ်ခဲ့ရ။
ဘုရားနိုင်ငံအကြောင်း တို့ကြားရတော့
တို့ပျော်ရွှင် အားတက်ကြွလာ။
(ထပ်ကျော့ပိုဒ်)
ယေဟောဝါဘက် ရပ်တည်၊ အားရမွေ့ပျော်ကြ။
သင့်အား စွန့်မထားပါ၊ ဆက်လျှောက် အလင်းမှာ။
လွတ်လပ်မှု၊ ငြိမ်သက်မှု၊ သတင်းကောင်း ဟောကြ။
ခရစ်အားဖြင့် အုပ်စိုးမှု၊ အစဉ်တိုးတက်သွားမှာ။
-
၂။ စည်းလုံးစွာ ဘုရားဘက် တို့ရပ်တည်ကြ၊
နိုင်ငံတော်သတင်း အနှံ့ ဟောပြောကြ။
အခု ယောက်တိုင်း ဘုရားဘက် ရပ်တည်ဖို့၊
ဆုံးဖြတ်ချက် ချဖို့ အချိန်ဖြစ်။
(ထပ်ကျော့ပိုဒ်)
ယေဟောဝါဘက် ရပ်တည်၊ အားရမွေ့ပျော်ကြ။
သင့်အား စွန့်မထားပါ၊ ဆက်လျှောက် အလင်းမှာ။
လွတ်လပ်မှု၊ ငြိမ်သက်မှု၊ သတင်းကောင်း ဟောကြ။
ခရစ်အားဖြင့် အုပ်စိုးမှု၊ အစဉ်တိုးတက်သွားမှာ။
-
၃။ မာရ်နတ် ဘာလုပ်မှာကို ငါတို့ မကြောက်။
အရှင်ယေဟောဝါ ကူမမှာ တို့ယုံ။
သူတို့မြောက်မြား၊ ငါတို့ လွန်နည်းသော်ငြား၊
တို့ရဲ့ဘုရား တို့စွမ်းအား။
(ထပ်ကျော့ပိုဒ်)
ယေဟောဝါဘက် ရပ်တည်၊ အားရမွေ့ပျော်ကြ။
သင့်အား စွန့်မထားပါ၊ ဆက်လျှောက် အလင်းမှာ။
လွတ်လပ်မှု၊ ငြိမ်သက်မှု၊ သတင်းကောင်း ဟောကြ။
ခရစ်အားဖြင့် အုပ်စိုးမှု၊ အစဉ်တိုးတက်သွားမှာ။
(ဆာ. ၉၄:၁၄။ ပညာ. ၃:၅၊ ၆။ ဟီ. ၁၃:၅ တို့ကိုလည်း ကြည့်ပါ။)