သီချင်း ၁၂၅
“သနားကြင်နာတတ်သူတွေ ပျော်ရွှင်ချမ်းမြေ့”
(မဿဲ ၅:၇)
-
၁။ ပျော်ရွှင်ဘုရား သနားကြင်နာ
တာဝန်အရပဲ မဟုတ်ပါ။
ကြင်နာမှုပြ ကိုယ်တော်အားရ၊
လိုအပ်သမျှ ထောက်မပေးထား။
နောင်တရသူများ သက်သာရ၊
စိတ်ရင်းမှန်စကား ကိုယ်တော်ကြား။
မြေမှုန့်ဖြစ်မှန်း ကိုယ်တော်သိထား၊
ဘုရား ကြင်နာ တရားမျှတ။
-
၂။ စိတ်သောကရောက် ပြစ်မှားချိန်မှာ၊
အပြစ်မှ လွတ်ခြင်း ချမ်းသာရ။
ယေရှု တို့အား လမ်းညွှန်ပြထား၊
ကြင်နာမှုရဖို့ ဆုတောင်းကြ–
‘သူများ အပြစ် ခွင့်လွှတ်သလို
တို့ကြွေးပြစ်များ ခွင့်လွှတ်ပါလေ။’
နာကြည်းစိတ်ကို ဆုပ်ကိုင်မထား၊
စိတ်နှလုံး ငြိမ်သက်မှုခံစား။
-
၃။ ဘုရားကြင်နာမှု ရချင်ရင်
ရက်ရောတဲ့ စိတ်ထား မွေးမြူပါ။
ချီးမွမ်းခံဖို့ မဟုတ်ရပါ၊
ခြားသူများ ပျော်ရွှင်နိုင်ဖို့သာ။
တို့လုပ်သမျှ ဘုရား မြင်တွေ့၊
ဘုရား တို့အား ကောင်းချီးပြန်ပေး။
သနားကြင်နာသူ ပျော်ရွှင်မှာ၊
အလွန်တင့်တယ် ဘုရားရှေ့မှာ။