မေတ္တာတွေ လွှမ်းခြုံနေ
ကူးယူပါ–
ဂီတသင်္ကေတဖြင့်
၁။ ဘုရားပေးလက်ဆောင် ကျမ်းမြတ်မို့လေ တန်ဖိုးထားလို့ နေ့တိုင်းဖတ်
သမ္မာကျမ်းစာ ဖတ်ရှုတိုင်းပဲ အားသစ်အင်သစ်တွေ ပြည့်ဝမြဲ
ကိုယ့်စိတ်နဲ့ အတွေးများထဲမှာ ရှင်သန်လာတယ် မျှော်လင့်ချက်
ခံနိုင်အားဖြည့် နှစ်သိမ့်ပေးလို့ ခွန်အားပြည့် လန်းဆန်းခဲ့
(ထပ်ကျော့ပိုဒ်)
နူးညံ့လင်းလက် နှင်းစက်များလို
နွေးထွေးလန်းဆန်း အလင်းတန်းလို
အေးမြတိတ်ဆိတ် လရိပ်လေးလို
နှစ်သိမ့်မှု ပေးစွမ်းလို့
မှေးစက်နားဖို့ ခေါင်းအုံးလေးလို
သောကစိတ်တို့ ငြိမ်းအေးသွား
ဘုရားမေတ္တာ စမ်းရေအေးပမာ
အားလုံးအတွက် စီးဆင်းဆဲ
ဘုရားမေတ္တာတွေ
အပြည့်လွှမ်းခြုံနေ
၂။ ဒုက္ခများဟာ အဆုံးသတ်သွားမှာ ပူပန်စရာတွေ မေ့ထားဖို့
အနာဂတ် ကောင်းချီးများ တွေးဖို့ ကျမ်းစာ အားပေးမြဲမို့
ဘုရားနဲ့ သိပ်ရင်းနှီးလာတယ် ကတိတော်တွေကြောင့်ပဲ
ရင်ထဲ လှိုက်လှဲတဲ့စိတ်နဲ့ လက်ဆောင်မြတ်အတွက် ကျေးဇူးပဲ
(ထပ်ကျော့ပိုဒ်)
နူးညံ့လင်းလက် နှင်းစက်များလို
နွေးထွေးလန်းဆန်း အလင်းတန်းလို
အေးမြတိတ်ဆိတ် လရိပ်လေးလို
နှစ်သိမ့်မှု ပေးစွမ်းလို့
မှေးစက်နားဖို့ ခေါင်းအုံးလေးလို
သောကစိတ်တို့ ငြိမ်းအေးသွား
ဘုရားမေတ္တာ စမ်းရေအေးပမာ
အားလုံးတွက် စီးဆင်းဆဲ
ဘုရားမေတ္တာတွေ
အပြည့်လွှမ်းခြုံနေ
(ဆက်ဆိုရန်)
စမ်းချောင်းဘေး စိမ်းလန်း သစ်ပင်လို မယိုင်လဲ ကြံ့ကြံ့ခံ
ခိုင်မာယုံကြည်ခြင်း ပိုစွဲမြဲ
ဘုရားပေးချစ်သက်သေ ဝေမျှလို့ပေးချင်နေ
ဒါဟာ ကိုယ့်အတွက် အဓိပ္ပာယ်အရှိဆုံး
၃။ ဘုရားပေးလက်ဆောင် ကျမ်းမြတ်မို့လေ တန်ဖိုးထားလို့ နေ့တိုင်းဖတ်
သမ္မာကျမ်းစာ ဖတ်ရှုတိုင်းပဲ အားသစ်အင်သစ်တွေ ပြည့်ဝမြဲ
ကိုယ့်စိတ်နဲ့ အတွေးများထဲမှာ ရှင်သန်လာတယ် မျှော်လင့်ချက်
ခံနိုင်အားဖြည့် နှစ်သိမ့်ပေးလို့ ခွန်အားပြည့် လန်းဆန်းခဲ့
(ထပ်ကျော့ပိုဒ်)
နူးညံ့လင်းလက် နှင်းစက်များလို
နွေးထွေးလန်းဆန်း အလင်းတန်းလို
အေးမြတိတ်ဆိတ် လရိပ်လေးလို
နှစ်သိမ့်မှု ပေးစွမ်းလို့
မှေးစက်နားဖို့ ခေါင်းအုံးလေးလို
သောကစိတ်တို့ ငြိမ်းအေးသွား
ဘုရားမေတ္တာ စမ်းရေအေးပမာ
အားလုံးတွက် စီးဆင်းဆဲ
ဘုရားမေတ္တာတွေ
အပြည့်လွှမ်းခြုံနေ။