ယေဟောဝါရဲ့ မိတ်ဆွေ ဖြစ်ပါ—လုပ်ဆောင်စရာများ
ကလေးတွေနဲ့အတူ လုပ်နိုင်တဲ့ လုပ်ဆောင်စရာတွေကို တစ်နေရာတည်းမှာ စုစည်းထားပါတယ်။
အောင်အောင်ကို သန့်ရှင်းရေးလုပ်ကူပါ
ဒီလုပ်ဆောင်စရာကို ကူးယူ ဒါမှမဟုတ် စာရွက်နဲ့ပရင့်ထုတ်ပြီး သူသိမ်းဆည်းရမယ့် ကစားစရာငါးခုကိုတွေ့အောင် ကူညီပေးပါ။
အချိန်မရွေး ဆုတောင်းပါ– တေးသီချင်းနဲ့ စာသား
ဂီတသင်္ကေတပါတဲ့ တေးစာသားကို ကူးယူပါ ဒါမှမဟုတ် စာရွက်နဲ့ ပရင့်ထုတ်ပါ။
အောင်အောင် ဘာစာအုပ်ဖတ်နေသလဲ
“ခိုးတာမကောင်းဘူး” ဆိုတဲ့ ဗီဒီယိုကိုကြည့်ပါ။ ပြီးနောက် လုပ်ဆောင်စရာများအပိုင်းကို ပရင့်ထုတ်ပြီး အရောင်ခြယ်ပါ။
အမှုဆောင်သွားဖို့ လွယ်အိတ်ပြင်ရအောင်
အမှုဆောင်သွားဖို့ ဘာတွေလိုသလဲ။ အမှုဆောင်အတွက် လွယ်အိတ်အသင့်ဖြစ်နေအောင် ဒီအပိုင်းက ကူညီပေးပါလိမ့်မယ်။
အသင့်ပြင်ကြစို့
အောင်အောင်နဲ့ ရွှေစင် ဟောပြောခြင်းမှာ ပါဝင်ဖို့ ဝတ်ရမယ့်အဝတ်အစားတွေကို ရွေးပေးနိုင်မလား။
ပေးကမ်းခြင်းက ပျော်ရွှင်စေ– တေးသွားနဲ့ စာသား
ဒီသီချင်းရဲ့ စာသားတွေကို လေ့လာပါ၊ ဗီဒီယိုကြည့်ပြီး လိုက်ဆိုပါ။
တိရစ္ဆာန်တွေကို ယေဟောဝါ ဖန်ဆင်းတယ်
ရောင်စုံခြယ်ဖို့ ဒီစာရွက်ကို ကူးယူပါ။ ဘယ်တိရစ္ဆာန်တွေကို အရင်ဆုံးဖန်ဆင်းခဲ့တာလဲဆိုတာ သိရအောင် “အရာခပ်သိမ်းကို ယေဟောဝါ ဖန်ဆင်းတယ်” ဗီဒီယိုကို ကြည့်ပါ။
ယောဟန် ၃:၁၆ ကို အလွတ်ကျက်ပါ
ယောဟန် ၃:၁၆ မှာပါတဲ့အချက်ကို လေ့လာပါ။ နောက်တစ်ခါ ဟောပြောဖို့သွားတဲ့အခါ အဲဒီအချက်ကို သုံးပါ။
အောင်အောင်ရဲ့ကားလိုမျိုး လုပ်ပါ
အောင်အောင်ရဲ့ အရုပ်ကားကို ကူးယူ၊ ဖြတ်ပြီး အပိုင်းအစတွေကို ဆက်ပါ။
ဆာလံ ၈၃:၁၈ ကို အလွတ်ကျက်ပါ
ယေဟောဝါဟာ ဘာကြောင့် “မြေတစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံး အရှင်” ဖြစ်သလဲ။
ကလေးတို့ ဘာလုပ်သင့်သလဲ
‘အကြွင်းမဲ့ ခွင့်လွှတ်ပါ’ ဆိုတဲ့ ဗီဒီယိုကို ကြည့်ပြီးနောက်မှာ လုပ်ဆောင်စရာပါတဲ့ စာရွက်ကို ပရင့်ထုတ်ပြီး ရုပ်ပုံအမှန်မှာ ဆေးရောင်ခြယ်ပါ။
ဆာလံ ၁၃၃:၁ ကို အလွတ်ကျက်ပါ
ကျွန်တော်တို့ အတူတကွ စည်းဝေးတဲ့အခါ ယေဟောဝါက ငြိမ်သက်မှု၊ ညီညွတ်မှုနဲ့ ကောင်းချီးပေးတယ်။
သိမ်းထားရမယ့် စာအုပ်ကြားညှပ်ကတ်ပြား
ကလေးတို့ရဲ့ စာအုပ်ထဲမှာ အမှတ်အသားလုပ်ဖို့ သုံးပါ။
မတူတာတွေကို ရှာပါ– ခရိုင်အစည်းအဝေး လုပ်ဆောင်စရာ
ရုပ်ပုံကို နှိုင်းယှဉ်ပါ။ အစည်းအဝေးတွေမှာ အာရုံစိုက်ဖို့ ဘာက ကူညီပေးနိုင်သလဲ။
ဗေသလကို သွားလည်ကြစို့
ဘုရားရဲ့အိမ်တော် ဗေသလအကြောင်း စပ်ဆိုထားတဲ့ သီချင်းကို သီဆိုပါ။
ကလေးတို့ သတ္တိရှိအောင် ယေဟောဝါဘုရား ဘယ်လို ကူညီနိုင်သလဲ
အစ္စရေး မိန်းမငယ်လေးလို သတ္တိရှိလာအောင် ကလေးတို့ကို ယေဟောဝါဘုရား ကူညီပေးနိုင်တယ်။
အခုအသက်တာနဲ့ အနာဂတ်အသက်တာကို နှိုင်းယှဉ်ကြည့်ပါ
ကျမ်းစာပါ ဘယ်ကတိတော်တွေ ပရဒိသုကျရင် ပြည့်စုံလာမလဲ။
ကလေးတို့ မှတ်ချက်တစ်ခုပေးဖို့ ဘယ်လို ပြင်နိုင်မလဲ
ဘာဖြေရမလဲဆိုတာမှတ်မိဖို့ အောင်အောင်ကို ကူညီပေးခဲ့တာ ဘာလဲ။
အချိန်ပြည့်အမှုဆောင်တွေကို သတိရပါ
အချိန်ပြည့်အမှုဆောင် တစ်ယောက်ယောက်နဲ့ တွဲအမှုဆောင်ဖို့ အစီအစဉ်တွေ လုပ်နိုင်မလား။
အစည်းအဝေးတွေမှာ ဘာကြောင့် နားထောင်သင့်သလဲ
ရုပ်ပုံတွေနဲ့ကိုက်ညီတဲ့ ကျမ်းချက်တွေကို ရှာပါ။ ဘုရားသခင်အကြောင်း လေ့လာသင်ယူရာမှာ ယေရှုကို ဘယ်လို တုပနိုင်မလဲ
JW Language App သုံးပြီး လူများများကို သတင်းကောင်းဟောပါ
တခြားသူတွေ ယေဟောဝါဘုရားအကြောင်းသိအောင် ကူညီပေးနိုင်ဖို့ ဘာသာခြားစကားလုံးတချို့ကို သင်ယူပါ။
လူတိုင်းကို ချစ်ပါ
ယေဟောဝါဘုရားက လူတိုင်းကိုချစ်ကြောင်း ဘယ်လိုဖော်ပြသလဲ။
ဒီနေ့အတွက် ဘာကို ဆုတောင်းနိုင်သလဲ
ဆုတောင်းချင်တဲ့အချက်တွေကို စာနဲ့ရေးပြီး ဖော်ပြပါ ဒါမှမဟုတ် ပုံဆွဲပြီးဖော်ပြပါ။
လူကြီးတွေကို လေးစားပါ–သီချင်းနဲ့ စာသား
အသက်ကြီးတဲ့သူတွေကို ဘယ်လိုလေးစားကြောင်းပြနိုင်ပုံကို စပ်ဆိုထားတဲ့သီချင်းကို လိုက်ဆိုကြည့်ပါ။
ကလေးတို့ရဲ့ အချက်ပေးကိရိယာကို စမ်းသပ်ကြည့်ရအောင်
သင့်ကလေးတွေကို ကာကွယ်ဖို့နဲ့ ကလေးတွေအန္တရာယ်ကင်းဖို့ မိဘတွေ ဘာလုပ်နိုင်သလဲ။
ယေဟောဝါရဲ့အိမ်တော်ကို ကလေးတို့ တန်ဖိုးထားသလား
ခရစ်ယာန်စည်းဝေးတွေမှာ လေးစားကြောင်းဖော်ပြတဲ့ ရုပ်ပုံတွေက ဘာတွေလဲ။
ကျမ်းစောင်နာမည်တွေကို အလွတ်ကျက်ကြစို့ (အပိုင်း ၁)
ကမ္ဘာဦးကနေ ဟေရှာယအထိ ကျမ်းစောင်တွေကို မှတ်မိဖို့ ဒီကျမ်းစာကတ်တွေကို သုံးပါ။
ယေဟောဝါဘုရားကို ရက်ရောပါ
ကလေးတို့လည်း ရက်ရောတဲ့သူဖြစ်ကြောင်း ဘယ်လိုနည်းတွေနဲ့ တင်ပြနိုင်သလဲ။
ကျမ်းစောင်နာမည်တွေကို အလွတ်ကျက်ကြစို့ (အပိုင်း ၂)
ယေရမိကနေ မာလခိထိ ဟေဗြဲကျမ်းစောင်နာမည်တွေကို အလွတ်မှတ်မိဖို့ ဒီကျမ်းစာကတ်တွေကို သုံးပါ။
အမှန်အတိုင်းပြောတာက တံတားဆောက်တာနဲ့တူ
သူငယ်ချင်းဖွဲ့တဲ့အခါ အမှန်အတိုင်းပြောဖို့ ဘာကြောင့်အရေးကြီးသလဲ။
ကျေးဇူးတင်ကြောင်းပြပါ- သီချင်းနဲ့ စာသား
မိဘတွေလုပ်ပေးတာတွေအတွက် ကျေးဇူးတင်ကြောင်း ပြောပါ။
ကျမ်းစောင်နာမည်တွေကို အလွတ်ကျက်ကြစို့ (အပိုင်း ၃)
မဿဲကနေ ဗျာဒိတ်အထိ ကျမ်းစောင်နာမည်တွေကို အလွတ်မှတ်မိဖို့ ဒီကျမ်းစာကတ်တွေကို သုံးပါ။
စိတ်ရှည်တတ်ဖို့ သင်ယူပါ
စိတ်ရှည်တတ်ဖို့ နည်းလမ်းတချို့ကို စဉ်းစားမိသလား။
အိမ်ထောင်ရေးအတွက် ယေဟောဝါရဲ့ အစီအစဉ်
ကျမ်းစာထဲမှာ တခြားဘယ်အိမ်ထောင်သည်တွေအကြောင်း ဖော်ပြထားသလဲ
ယေဟောဝါကို ချီးမွမ်းသီချင်းဆိုပါ
စာရွက်ကိုဖြတ်ပြီး ရုပ်ပုံတွေကပ်ပြီးနောက် “နာမတော် ယေဟောဝါဖြစ်” ဆိုတဲ့ သီချင်းကို အလွတ်ရအောင် သီဆိုပါ။
ယေဟောဝါဆိုတဲ့ ဘုရားနာမည်
ကျမ်းစာမှာ ဘုရားသခင့်နာမည် ဘယ်နှစ်ကြိမ်ပါသလဲ။
အံ့ဩစရာကောင်းတာတွေကို ယေဟောဝါ ဒီဇိုင်းဆွဲထား
ယေဟောဝါ ဘုရားသခင်ဖန်ဆင်းထားတာ ဘယ်နှစ်မျိုးကို ရုပ်ပုံမှာ တွေ့ရသလဲ။
လူအမျိုးမျိုးကို ဟောပြောခြင်း
ဘယ်လိုလူမျိုးတွေကို နိုင်ငံတော်သတင်း ဟောသင့်သလဲ။
မိတ်ဆွေစစ်ဖွဲ့ပါ
အသက်ကြီးသူတွေနဲ့ မိတ်ဆွေဖွဲ့တာက ဘာကြောင့်ကောင်းသလဲ။
မေတ္တာကြောင့် တက်လှမ်း
တခြားသူတွေ ယေဟောဝါကို သိကျွမ်းလာဖို့ ကူညီပေးစရာ အများကြီး ရှိသေးတယ်။ သင် ဘာလုပ်နိုင်သလဲ။
ရွေးဖိုး
ယေရှုရဲ့ ရွေးဖိုးပူဇော်သကာကို ဘာကြောင့် လိုအပ်တာလဲ
ယေဟောဝါ လေ့ကျင့်ပေးမှုကို လက်ခံပါ
မြဲမြံဖို့၊ ခွန်အားရှိဖို့ သင့်ကို ဘုရား လေ့ကျင့်ပေးနိုင်တယ်။
ယေရှုဘဝ အသက်တာ
ကျမ်းချက်တွေကို ဖတ်ပြီး သက်ဆိုင်ရာ ရုပ်ပုံနဲ့ တွဲပေးပါ။
အမှန်တရားကို ကိုယ်ပိုင်ဖြစ်စေပါ
အမှန်တရားကို ကိုယ်ပိုင်ဖြစ်အောင်လုပ်နိုင်တဲ့ နည်းတွေက ဘာတွေလဲ။
မေတ္တာလမ်းစဉ်
တခြားသူတွေကို မေတ္တာပြတဲ့အခါ ယေရှုရဲ့ ပုံသက်သေကို ဘယ်လို တုပနိုင်သလဲ။
ပရဒိသုမှာ ရောက်နေတယ်လို့ မြင်ယောင်ကြည့်ပါ
ပရဒိသုမှာ သင်အဖြစ်ချင်ဆုံးအရာက ဘာလဲ။
မတရား ဆက်ဆံခံရတဲ့အခါ ခံနိုင်ရည်ရှိပါ
မတရား ဆက်ဆံခံရတဲ့အခါ ဘယ်လို တုံ့ပြန်သင့်သလဲ။
ယေဟောဝါရဲ့ မိတ်ဆွေများနဲ့အတူ ခရီးသွားခြင်း
ကိုယ်ပိုင် ကျမ်းစာလေ့လာမှု စတင်ဖို့ ဒီကဏ္ဍကို သုံးပါ။
နှိမ့်ချပါ
ကျမ်းစာဇာတ်ကောင်တွေဆီကနေ နှိမ့်ချမှု သင်ယူပါ။
တို့ဝမ်းမြောက်ရတဲ့ အကြောင်းများ
ဘုရားသခင့် ကမ္ဘာသစ်မှာ ဘယ်တိရစ္ဆာန်တွေနဲ့ ကစားဖို့ စိတ်ကူးထားသလဲ။
ဆုံးရှုံးမှုကို ခံရပ်ခြင်း
ချစ်ရတဲ့သူ သေဆုံးသွားချိန်မှာ ဆက်ခံရပ်သွားနိုင်အောင် ဘာက ကူညီပေးနိုင်သလဲ။
တစ်အိမ်တက်ဆင်း
အမှုဆောင်မှာ ဘယ်ကိရိယာကို အသုံးပြုချင်သလဲ။
တခြားသူတွေအတွက် ဆုတောင်းပေးပါ
ဘယ်သူ့အတွက် ဆုတောင်းပေးနိုင်မလဲ။
ယေဟောဝါအိမ်တော်ကို နှစ်သက်မြတ်နိုးပါ
ဘုရားအိမ်တော် သန့်ရှင်းနေဖို့ ပါဝင်ကူညီပါ။
တက်လှမ်းဖို့ ငါအသင့်ပဲ
ယေဟောဝါက ကျွန်တော်တို့ကို ဘုရားရေးရာပန်းတိုင် ချမှတ်စေချင်တယ်။ ဘာပန်းတိုင်တွေ ချမှတ်ထားသလဲ။
လူငယ်ဘဝမှာ ယေဟောဝါကို ကိုးကွယ်ကြ
ကျေးဇူးသိတတ်ကြောင်း ဘယ်လို တင်ပြနိုင်သလဲ
အံ့ဖွယ်လက်ရာ
ဘယ်အံ့ဖွယ်အရာတွေ သင်လုပ်ဆောင်နိုင်သလဲ။
ယေဟောဝါရဲ့ စိတ်ကို ရွှင်လန်းစေပါ
ဘုရားစကား နားထောင်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချခြင်းအားဖြင့် ဘုရားရဲ့ စိတ်ကို ရွှင်လန်းစေနိုင်ပါတယ်။
ချစ်မိတ်ဆွေ ယေဟောဝါ
ချစ်မိတ်ဆွေ ယေဟောဝါက ကျွန်တော်တို့ ပျော်မွေ့ခံစားဖို့ အပင်တွေ၊ တိရစ္ဆာန်တွေ ဖန်ဆင်းပေးထားတယ်။
အမှုဆောင်အတွက် အသင့်ဖြစ်ပါ
အမှုဆောင်မှာ ပုံသက်သေကောင်း ဘယ်လို တင်ပြနိုင်သလဲ။
ခွင့်လွှတ်တတ်ကြပါ
တခြားသူတွေကို ခွင့်လွှတ်ဖို့ ဘယ်အရာက ကူညီပေးနိုင်သလဲ။
ယေဟောဝါရဲ့ မိတ်ဆွေ ဖြစ်ပါ—ဇာတ်ဝင် သီချင်း
အောင်အောင်နဲ့ ရွှေစင် သင်ယူရရှိခဲ့တဲ့ ကျမ်းစာ သင်ခန်းစာ တချို့ကို မှတ်မိပါသလား။
“ငါဆန္ဒရှိ”
ယေရှုက တခြားသူတွေကို ကူညီပေးချင်တယ်။ သင်ကော ဘယ်လို ကူညီပေးနိုင်မလဲ။
မိသားစု ဝတ်ပြုမှု တို့သိပ်ကြိုက်
သင့်ရဲ့ မိသားစု ဝတ်ပြုမှုကို ပိုပျော်စရာကောင်းအောင် ဘာလုပ်နိုင်မလဲ။
တခြားသူတွေကို ကူညီပါ
ယေရှုက အနာကြီးရောဂါသည်ကို ကူညီပေးခဲ့သလို အကူအညီ လိုအပ်နေတဲ့ ညီအစ်ကို/မတွေကို ကူညီပေးနိုင်ပါတယ်။
အချိန်ကို အကျိုးရှိရှိ အသုံးပြုပါ
အချိန်ကို အကျိုးရှိရှိ အသုံးပြုဖို့ ဧဖက် ၅:၁၅၊ ၁၆ က ဘယ်လို ကူညီပေးနိုင်သလဲ။
ဘုရားသခင့် အံ့ဖွယ်အမှုတော်များ
တိရစ္ဆာန် ဘယ်နှမျိုးကို သိသလဲ။
ဒါ တို့မိသားစုပါ
မိသားစုအကြောင်း သင်ယူပါ
ချစ်တဲ့သူကို ဆုံးမတယ်
ဆုံးမခံရတဲ့အခါ ဘယ်လို တုံ့ပြန်သင့်သလဲ။
ဘယ်လို ခံစားရလဲ
စိတ်ထက်ထက်သန်သန် ဟောပြောဖို့ ဘာလုပ်နိုင်သလဲ။
ကျေးဇူးပါပဲ
သူငယ်ချင်းကောင်းတွေက ယေဟောဝါကို ချစ်ဖို့ ကျွန်တော်တို့ကို ကူညီပေးတယ်။
ကိုယ်ကျိုးစွန့်ပါ
တခြားသူတွေကို ကူညီပေးတာက ဘာကြောင့် ပျော်ရွှင်စေသလဲ။
ငြိမ်သက်ခြင်း မြတ်နိုးသူများကို ရှာဖွေခြင်း
ညီအစ်ကို၊ ညီအစ်မတွေဟာ ကမ္ဘာတစ်ဝန်းမှာ ဟောပြောနေကြပါတယ်။
သစ္စာရှိပါ
သစ္စာရှိသူတွေကို ယေဟောဝါ ချစ်တယ်။
လူလူချင်းကို ချစ်ပါ
မေတ္တာနဲ့ ကြင်နာမှုကို ရွှေစင် ဘယ်လို ပြနိုင်သလဲ။
အချစ်ဆုံးသားကို ပေးခဲ့
ယေဟောဝါဟာ ကျွန်တော်တို့ကို အရင် စချစ်မှန်း ဘယ်လို ဖော်ပြခဲ့သလဲ။
နောဧလို ခံနိုင်ရည် ရှိပါ
နောဧလို ခံနိုင်ရည် ရှိနိုင်ပုံကို လေ့လာကြည့်ပါ။
ဧည့်ဝတ်ကျေပွန်ပါ
ဧည့်ဝတ်ကျေပွန်တာက ပျော်ရွှင်စေတယ်။ အချင်းချင်း ပိုရင်းနှီးစေတယ်။
သတ္တိခဲ ဧသတာ
ဧသတာလို သတ္တိရှိကြောင်း ဘယ်လို ပြနိုင်သလဲ။
မြင်ယောင်ကြည့်ပါ၊ ကမ္ဘာသစ်မှာ
ကိုယ့်ကိုယ်ကိုယ် ကမ္ဘာသစ်မှာ ရောက်နေတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။
မေတ္တာရှိဖို့ အရေးကြီးဆုံး
ယေဟောဝါလို မေတ္တာစစ် ဘယ်လို ပြနိုင်မလဲ။
ယေဟောဝါ ခွင့်လွှတ်တယ်
ယေဟောဝါဟာ ခွင့်လွှတ်ဖို့ အမြဲ အသင့်ရှိတယ်။
မွေးနေ့ပွဲ လုပ်လို့ ရသလား
ကျွန်တော်တို့ မွေးနေ့ပွဲ ဘာကြောင့် မလုပ်သလဲဆိုတာ လေ့လာကြည့်ပါ။
ဖန်ဆင်းရာများက ဘုရားကို ချီးမွမ်း
ဖန်ဆင်းရာတွေကနေ ယေဟောဝါအကြောင်း များစွာ သိနိုင်တယ်။
တမန်တော် တစ်ဆယ့်နှစ်ပါးကို သိပါသလား
တမန်တော် ၁၂ ပါးရဲ့ နာမည်ကို အလွတ်ကျက်ကြစို့
ဘုရားသခင့်ကျမ်းစာ မြတ်ရတနာ
ကျမ်းစာဟာ ယေဟောဝါဆီက လက်ဆောင် ဖြစ်တယ်။
နှိမ့်ချတဲ့ —မာရိ
ကျွန်တော်တို့လည်း ဘယ်လို အခြေအနေပဲ ကြုံရပါစေ မာရိလို ယေဟောဝါကို ဆက်ယုံကြည်နိုင်တယ်။
“ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ”
ယေဟောဝါလို သင်လည်း ဘယ်လို မေတ္တာပြနိုင်ကြောင်း သုံးသပ်ကြည့်ပါ။
ခံရပ်နေမယ်
ရှေ့မှာ ရမယ့် ကောင်းချီးတွေအကြောင်း စဉ်းစားတာက အခက်အခဲတွေကို ခံရပ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
မိတ်ဆွေစစ် ရုသ
မိတ်ဆွေစစ် ဖြစ်ခြင်းအားဖြင့် ရုသကို တုပနိုင်ပါတယ်။
လူငယ်တွေ စံထားထိုက်သူ ဒါဝိဒ်
လူငယ် ဒါဝိဒ်ဟာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်။ ဒါက သူ့ကို ဘဝတစ်လျှောက်လုံး အကျိုးပြုခဲ့တယ်။
ဆုတောင်းတာကို ယေဟောဝါ အဖြေပေးသလား
ဆုတောင်းချက်တွေကို တစ်ခါတလေ မျှော်လင့်မထားတဲ့ နည်းတွေနဲ့ ယေဟောဝါ အဖြေပေးတယ်။
ယေဟောဝါဆီ နေ့စဉ် ဆုတောင်းပါ
ယေဟောဝါနဲ့ မိတ်ဆွေဖွဲ့ဖို့ အချိန်လိုပေမဲ့ ကြိုးစားရကျိုး နပ်ပါတယ်။
ကလေးငယ်
ကလေးတွေဟာ ယေဟောဝါဘုရားအတွက် တန်ဖိုးရှိတယ်။
လက်မလျှော့ပါနဲ့
ဘယ်တော့မှ လက်မလျှော့တဲ့ ယေရှု ပုံသက်သေကို အောင်အောင်နဲ့ ရွှေစင် တုပတယ်။ သားသားမီးမီးတို့လည်း တုပနိုင်ပါတယ်။
ငါ့ကို သင်တို့ ကူညီပေးနေတာ
ကိုယ်တတ်နိုင်တဲ့ နည်းနဲ့ ဘိသိက်ခံတွေကို ထောက်မရာတ ယေဟောဝါရဲ့ လူမျိုး ပျော်ရွှင်တယ်။
အမြန်ဆုံး တွေ့ချင်လှပြီ
မေတ္တာရှိတဲ့ အစ်ကိုကြီး၊ အစ်မကြီး ဖြစ်ရတာက အရေးကြီးတဲ့ တာဝန်တစ်ခု ဖြစ်ပါတယ်။
မမြင်ရတဲ့ ဘုရားသခင်ကို ဘာကြောင့် နာခံရ
ဘုရား ဖန်ဆင်းပေးထားတဲ့ ကောင်းမွန်လှပတဲ့ အရာတွေကို ကြည့်လိုက်ပါ။ အဲဒါတွေက ဘုရားကို မမြင်ရပေမဲ့ ဘုရား ရှိတယ်ဆိုတာကို သတိရစေတယ်။
ထိုက်တန်သူတို့ကို ရှာဖွေပါ
ထိုက်တန်သူတွေကို ရှာဖွေရကျိုးနပ်ပါတယ်။
ယေဟောဝါ၊ သားနဲ့ မေမေ
မိခင်ကို ချစ်ကြောင်း၊ မိခင် လုပ်ပေးတာတွေအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း သားသမီးတွေ တင်ပြနိုင်ပုံကို ကြည့်ပါ။
သစ္စာရှိ အမျိုးသမီးများ
ကျမ်းစာမှာပါတဲ့ သစ္စာရှိ အမျိုးသမီးတွေအကြောင်း လေ့လာပါ။
ဘုရားဆီ တို့ဆက်ကပ်ထား
ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံထားတာက အပျော်ရွှင်ဆုံး အသက်တာကို ရစေတယ်။
ဘယ်သူတွေနဲ့ သူငယ်ချင်း လုပ်မလဲ
မာသနဲ့ ရွှေစင်လိုပဲ ကိုယ့်ကို ယေဟောဝါနဲ့ မိတ်ဆွေဖြစ်အောင် ကူညီပေးမယ့်သူကို သူငယ်ချင်းအဖြစ် ရွေးချယ်ပါ။
မောရှေလိုပဲ စိတ်နူးညံ့ချင်တယ်
ဒီဝင်္ကပါက သင့်မိသားစု မောရှေအကြောင်း ထပ်လေ့လာနိုင်အောင် ကူညီပေးပါတယ်။
နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူဖြစ်အောင် လုပ်ပါ
နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူဖြစ်ဖို့ ပန်းတိုင်ထားတာ သိပ်ကောင်းတယ်။
‘စွမ်းအားတော် အရည်အသွေးတွေ’ ကို အလွတ်ကျက်ရအောင်
စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေကို အလွတ်ရအောင် လေ့လာကြစို့။
ခရိုင်အစည်းအဝေး ရောက်တော့မယ်
ဒီစာရင်းကို သုံးပြီး ခရိုင်အစည်းအဝေးတက်ဖို့ ပြင်ဆင်ပါ။
နှစ်ခြင်းခံဖို့ လုပ်ရမယ့် အရာများ
နှစ်ခြင်းခံဖို့ ဘာတွေ လုပ်ရမယ်ဆိုတာ သိအောင်လုပ်ပါ။ သားသမီးရဲ့ ဘုရားရေးရာ ပန်းတိုင်တွေ ပြည့်မီဖို့ ကူညီပေးပါ။
သစ္စာမြဲပါ
သစ္စာရှိခြင်းဟာ မွန်မြတ်တဲ့ အရည်အသွေးတစ်ခုပါ။ ဘယ်အခြေအနေမှာမဆို ယေဟောဝါအပေါ် ဘယ်လို သစ္စာစောင့်သိနိုင်သလဲ။
ယေဟောဝါရဲ့ ဂုဏ်ရည်တော်များ
ဖန်ဆင်းရာတွေမှာ တွေ့ရတဲ့ ယေဟောဝါရဲ့ အဓိက ဂုဏ်ရည်တော် လေးခုကို ပြောပြနိုင်သလား။
တို့ သန့်ရှင်းဖို့ လိုတယ်
သန့်ရှင်းနေရင် ကျွန်တော်တို့ ပျော်သလို ယေဟောဝါလည်း ပျော်ရွှင်တယ်။
ထာဝရအသက် ကတိတော်
ကမ္ဘာမြေကို ယေဟောဝါ ပရဒိသု ပြန်ဖြစ်စေမယ်။ ကိုယ့်ကိုယ်ကိုယ် အဲဒီမှာ မြင်ယောင်ကြည့်ပါလား။
ယေဟောဝါကို အတူ ချီးမွမ်းကြ
နေ့တိုင်းလိုလို ယေဟောဝါဘုရားကို ချီးမွမ်းစရာ အကြောင်းရင်းတွေ အများကြီး ရှိတယ်။
ယေဟောဝါ တန်ဖိုးထားတဲ့ ကလေးများ
ယေရှုနဲ့တူရင် ယေဟောဝါ တန်ဖိုးထားမယ်ဆိုတာ ဇာလီ သိလာတယ်။ ကလေးတို့ကော ယေဟောဝါတန်ဖိုးထားတာ ခံချင်သလား။
ကိုယ်တော့်ဆီ ပြေးလာမယ်
ယေဟောဝါဆီ ပြေးသွားလိုက်တဲ့အခါ စိတ်မကောင်းဖြစ်နေရာကနေ စိတ်ပျော်သွားအောင် ဘုရား ကူညီပေးနိုင်တယ်။
ဟောပြောဖို့ ပြင်ဆင်ခြင်း
အမှုဆောင်အတွက် အသင့်ဖြစ်အောင် ပြင်ဆင်ကြစို့။
ယေဟောဝါဟာ ဖခင်ပါ
ယေဟောဝါက မိမိကို ဖခင်တစ်ယောက်လို မှတ်ယူစေချင်တယ်။
ဘုရား ဂုဏ်ယူရသူ
မှန်ရာဘက်မှာ သတ္တိရှိရှိ ရပ်တည်ရင် ယေဟောဝါ ဂုဏ်ယူရသူတစ်ယောက် ဖြစ်နိုင်ပါတယ်။
ကြီးထွားစေသူဟာ ဘုရားသခင်ပါ
လူတစ်ယောက် ဘုရားသခင်နဲ့ တဖြည်းဖြည်း ရင်းနှီးလာပုံကို လေ့လာကြည့်ပါ။
သူငယ်ချင်း တိုးဖို့ သူငယ်ချင်း ဖြစ်စို့
ကိုယ်က သူငယ်ချင်းကောင်း ဖြစ်မယ်ဆိုရင် သူငယ်ချင်း တိုးလာမယ်။
အကြီးမားဆုံး မေတ္တာ လုပ်ရပ်
ဇာလီလိုပဲ သင့်ကလေး ယေရှုရဲ့ ရွေးဖိုးကို လေးမြတ်တန်ဖိုးထားလာအောင် သင်ယူနိုင်ပါတယ်။
ဧည့်ဝတ်ကျေပွန်ပါ
မိသားစုလိုက် ဧည့်ဝတ်ကျေပွန်နိုင်ပုံကို လေ့လာပါ။
ရှေ့ဆောင် လုပ်နိုင်တယ်
ကိုယ့်ကလေးတွေ ရှေ့ဆောင်ပန်းတိုင်ထားဖို့ ကူညီပေးပါ။

