၂၀၁၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်

ဒိုမီနီကန်သမ္မတနိုင်ငံ

မြန်မာ
ဒိုမီနီကန်သမ္မတနိုင်ငံ
https://cms-imgp.jw-cdn.org/img/p/302015000/univ/art/302015000_univ_sqr_xl.jpg
yb15 စာ. ၈၀-၈၁

ဒိုမီနီကန်သမ္မတနိုင်ငံ

ဒိုမီနီကန်သမ္မတနိုင်ငံ

၁၄၉၂ ခုနှစ်မှာ ခရစ္စတိုဖာ ကိုလံဘတ်စ်ဟာ ကမ္ဘာသစ်ဆီ ရွက်လွှင့်ခဲ့တယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အဲဒီနယ်မြေသစ်တွေမှာ အဖိုးတန်အရာတွေ၊ စိတ်လှုပ်ရှားစရာတွေ အပြည့်ပဲ။ သူ့သင်္ဘောဆိုက်ကပ်တဲ့ ကျွန်းတစ်ကျွန်းကို လာ အီစ္စလာ အက်စ္စပါညိုလာ ဒါမှမဟုတ် ဟစ္စပေနီယိုလာ လို့နာမည်ပေးခဲ့တယ်။ အခု အဲဒီကျွန်းရဲ့သုံးပုံနှစ်ပုံလောက်က ဒိုမီနီကန်သမ္မတနိုင်ငံဖြစ်တယ်။ မကြာသေးခင်က ဒိုမီနီကန်နိုင်ငံသားများစွာဟာ ပိုထူးခြားတဲ့အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒါကတော့ အနာဂတ်မှာ ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုအောက် ဖြောင့်မတ်ခြင်းထာဝစဉ်တည်မယ့် ကမ္ဘာသစ်ပါပဲ။ (၂ ပေ. ၃:၁၃) ဒီလိုအဖိုးမဖြတ်နိုင်တဲ့အရာကို စိတ်ရိုးဖြောင့်သူတွေ ရှာဖွေတွေ့ရှိခဲ့ကြတယ်။ သူတို့ရဲ့စိတ်လှုပ်ရှားစရာသမိုင်းကြောင်းကို လေ့လာကြည့်ပါ။

ဒီအပိုင်းမှာ

ဒိုမီနီကန်သမ္မတနိုင်ငံအကြောင်း ခြုံငုံသုံးသပ်ချက်

ဒီနိုင်ငံနဲ့လူမျိုးအကြောင်း ခြုံငုံဖော်ပြထားတာကို လေ့လာကြည့်ပါ။

ရှာဖွေမှု

ဒိုမီနီကန်နိုင်ငံကို ဦးဆုံးရောက်လာတဲ့သာသနာပြုတွေဟာ ဘယ်လောက်အကြာမှာ ကျမ်းစာသင်အံမှုတစ်ခု စခဲ့သလဲ။

“သူတို့ကိုတွေ့မှာပါ”

၁၃ နှစ်ကြာပြီးနောက် ပါဘလို ဂွန်ဇာလပ်စ်ဟာ သူရှာဖွေနေသူတွေကို တွေ့ခဲ့တယ်။

ထောင်ချခံရ၊ ပိတ်ပင်ခံရ

သက်သေခံတချို့ဟာ ထောင်ထဲမှာ နှိပ်စက်ညှဉ်းပန်းခံရတဲ့နှစ်တွေတစ်လျှောက် ဘယ်လိုခံရပ်နိုင်ခဲ့သလဲ။

ဆက်ဟောပြောခြင်း

ကြေညာသူတွေက လယ်ကွင်းလုပ်ငန်းမှတ်တမ်းစာရွက်ကို စျေးစာရင်းပုံစံလုပ်ပြီး ပြန်လည်ပတ်မှု၊ နာရီအစား ဂေါ်ဖီထုပ်၊ ဒေါက်ခွရွက်ဆိုပြီး ရေးကြတယ်။

လွတ်လပ်မှုရလာပြီးနောက် ထပ်ပိတ်ပင်ခံရ

ဒိုမီနီကန်နိုင်ငံမှာ ယေဟောဝါသက်သေတွေ ခြောက်နှစ်ကြာပိတ်ပင်ခံရတာကို ၁၉၅၆ ခုနှစ်မှာ ရုပ်သိမ်းလိုက်ပေမဲ့ ၁၁ လအကြာမှာ ထပ်ပိတ်ပင်ခံရတယ်။

ကက်သလစ်ချာ့ချ်နဲ့ ထရူဟီယို

ဒိုမီနီကန်စစ်အာဏာရှင်ကို ထောက်ခံသူ မိတ်ဆွေဟောင်းဖြစ်တဲ့ ချာ့ချ်အနေနဲ့ သူ့ရပ်တည်ချက်ကို ပြောင်းလဲခဲ့ရတဲ့အပြင် ပြည်သူလူထုကိုလည်း တောင်းပန်ခဲ့ရတယ်။

ရက်ရက်စက်စက် တိုက်ခိုက်

သက်သေခံတွေဟာ ခြိမ်းခြောက်ခံခဲ့ရတယ်။ ဒါပေမဲ့ ခြိမ်းခြောက်မှုက အရာရောက်သလား။

ခေါင်းဆောင် ဘယ်သူလဲ

ဖယောင်းမိတ္တူစက်၊ ဆီပုံးကြီး၊ ဂုန်နီထည်၊ ပီလောပီနံဥတွေသုံးပြီး ပိတ်ပင်မှုကြားမှာ အချိန်တန်အစာ ထုတ်ဝေဖြန့်ချိပေးခဲ့တယ်။

အဖမ်းခံရမယ့်အန္တရာယ်

ဒိုမီနီကန်နိုင်ငံမှာ စည်းဝေးတွေကျင်းပတာကို ပိတ်ပင်ထားပေမဲ့ သက်သေခံတွေက အဖမ်းမခံရအောင် နည်းလမ်းအမျိုးမျိုးသုံးပြီး ဆက်ကျင်းပခဲ့ကြတယ်။

ဇွဲရှိရှိလုပ်ဆောင်လို့ သက်သာရာရ

နှစ်ပေါင်းများစွာ အစိုးရရဲ့ဆန့်ကျင်မှု ကြုံရပြီးနောက် ဒိုမီနီကန်နိုင်ငံက သက်သေခံတွေဟာ မမျှော်လင့်ထားတဲ့နေရာကနေ အကူအညီရခဲ့တယ်။

“ခြင်္သေ့တစ်ကောင်လို ကျွန်တော်တိုက်ခိုက်ခဲ့”

စစ်အာဏာရှင်ကိုလုပ်ကြံဖို့ နှစ်ကြိမ်ကြိုးစားခဲ့တဲ့ လူးအစ္စ အက်ဒ်ဝါဒို မွန်တော့စ်ဟာ နောက်တစ်ကြိမ်လုပ်ကြံနိုင်ဖို့ အကူအညီရှာနေတုန်းမှာ ကျမ်းစာအမှန်တရားကို တွေ့ရှိခဲ့တယ်။

“နိုင်ငံတော်မျှော်လင့်ချက်က အိပ်မက်မဟုတ်ဘူး”

အက်ဖ်ရာအန် ဒီလာခရုဇ်ဟာ သတင်းကောင်းဟောပြောတဲ့အတွက် ခုနစ်ကြိမ်ထောင်ချခံရပြီး ရက်ရက်စက်စက် အရိုက်ခံခဲ့ရတယ်။ အနှစ် ၆၀ ကျော်အတွင်း ဇွဲထက်သန်မှုမပျောက်သွားအောင် သူဘယ်လိုထိန်းသိမ်းခဲ့သလဲ။

“ယေဟောဝါသက်သေ ဖြစ်နေအုံးမှာပဲ”

ကက်သလစ်ဘုန်းကြီးက မေရီ ဂလပ်စ်ကို ကျမ်းစာဖတ်ရင် ရူးသွားလိမ့်မယ်လို့ သတိပေးပေးမဲ့ သူကျမ်းစာဖတ်ခဲ့တယ်။ ဒီအခါ သူ့ကို ဘာကြောင့် ကျမ်းစာမဖတ်ခိုင်းတာလဲဆိုတာ သိသွားတယ်။

လွတ်လပ်စွာဟောပြောခွင့်

ထရူဟီယိုလုပ်ကြံခံရပြီးနောက် သာသနာပြုတွေထပ်ရောက်လာပြီး ဟောပြောခြင်းလုပ်ငန်းကို စတင်ခဲ့တယ်။ ယေဟောဝါသက်သေတွေအပေါ်ထားတဲ့ တစ်ဖက်သတ်အစွဲတွေကို တဖြည်းဖြည်း ဖျောက်ဖျက်နိုင်ခဲ့တယ်။

အခြေချ

နိုင်ငံရေးမတည်ငြိမ်တဲ့ကြားက ဟောပြောခြင်းလုပ်ငန်းကို ဆက်လုပ်ခဲ့ကြတယ်။ ဒိုမီနီကန်နိုင်ငံမှာ သက်သေခံတွေ ‘အခြေချ’ ပြီဆိုတာ ဘာကဖော်ပြသလဲ။

ဟောပြောသူတွေ ပိုလိုအပ်လာ

လာဟောပြောပါဆိုတဲ့ ဖိတ်ခေါ်ချက်ကို လက်ခံသူတွေအကြောင်း မပြောဘဲနဲ့တော့ ဒိုမီနီကန်နိုင်ငံက ယေဟောဝါသက်သေတွေရဲ့သမိုင်းကြောင်းကို ပြောရတာ ပြည့်စုံမယ်မထင်ဘူး။

သူတို့ညီအစ်ကိုတွေကိုချစ်တယ်

၁၉၉၈ ခုနှစ်မှာတိုက်ခတ်တဲ့ ဟာရီကိန်းမုန်တိုင်းဂျော့ဂ်ျကြောင့် ဒိုမီနီကန်နိုင်ငံမှာ အကြီးအကျယ်ပျက်စီးဆုံးရှုံးခဲ့ပြီးနောက် သက်သေခံတွေရဲ့ မေတ္တာလုပ်ရပ်တွေကြောင့် လူအများစု နှစ်သိမ့်မှုခံစားခဲ့ရပြီး ယေဟောဝါဘုရားကို ချီးမွမ်းစရာဖြစ်ခဲ့တယ်။

တိုးတက်လာတဲ့အခြေအနေကို ကိုင်တွယ်ဖြေရှင်းခြင်း

အရေအတွက် တိုးများလာတာနဲ့အမျှ ဝတ်ပြုရေးအတွက် အဆောက်အဦ အလုံအလောက်ရှိဖို့၊ ဦးဆောင်မယ့် ရင့်ကျက်တဲ့ညီအစ်ကိုတွေ အလုံအလောက်ရှိဖို့ သက်သေခံတွေ ဘယ်လိုလုပ်ဆောင်ခဲ့သလဲ။

ဟေတီ ကရီအောလ်စကားနဲ့ဟောပြောခြင်းလုပ်ငန်း

ယေဟောဝါသက်သေတွေဟာ ဟေတီ ကရီအောလ်စကားပြောသူတွေကို နိုင်ငံတော်သတင်း ဝေမျှခဲ့တယ်။ မကြာခင်မှာ အသင်းတော်တွေဖြစ်လာပြီး ဘာသာစကားသင်တန်းတွေ ဖွင့်နိုင်ခဲ့တယ်။

ဟေတီနိုင်ငံမှာ ငလျင်လှုပ်

၂၀၁၀ ခုနှစ်တုန်းက ဟေတီနိုင်ငံမှာ ငလျင်လှုပ်ပြီးနောက် ဒိုမီနီကန်နိုင်ငံကယေဟောဝါသက်သေတွေရဲ့ ဌာနခွဲဟာ ကြီးမားတဲ့ကယ်ဆယ်ရေးလုပ်ငန်းကို လုပ်ဆောင်ခဲ့တယ်။ စေတနာ့ဝန်ထမ်းများစွာက ကူညီပေးခဲ့တယ်။

တိုးတက်မယ့်အလားအလာ

၁၉၄၅ ခုနှစ်ကစပြီး ဒိုမီနီကန်နိုင်ငံမှာ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်း အကြီးအကျယ် တိုးတက်ခဲ့ပါပြီ။ တောက်ပတဲ့အနာဂတ်ကို မျှော်လင့်နေဖို့ အကြောင်းကောင်းတွေရှိပါတယ်။

လူများစွာရဲ့စိတ်နှလုံးကို ယေဟောဝါဖွင့်ပေး

လာဗီဂါမြို့မှာ လေအိုနာဒို အာမို တာဝန်ကျချိန်အတွင်း ကျမ်းစာအမှန်တရားကို တစ်ယောက်မှ စိတ်မဝင်စားဘူး။ အဲဒီလူတွေရဲ့စိတ်နှလုံး ပြောင်းလဲလာပါ့မလား။

အသင်းသား နှစ်ဆယ့်နှစ်ယောက်ချာ့ချ်ကနေနုတ်ထွက်

ယေဟောဝါသက်သေတွေက ‘နတ်ဆိုးသွန်သင်ချက်တွေ’ သင်ပေးပြီး မြို့နေလူထုကို ဖျက်လိုဖျက်ဆီးလုပ်နေတယ်လို့ သတင်းထွက်နေတယ်။ တကယ်တော့ သက်သေခံတွေက ကျမ်းချက်တွေသုံးပြီး လူတွေသိချင်တဲ့မေးခွန်းတွေကို ဖြေပေးကြတယ်။

အစွန်းရောက်သမား၊ ဘုရားမဲ့ဝါဒီအဖြစ်ကနေ ဘုရားသခင့်ကျေးကျွန်ဖြစ်လာ

ခွာန် ခရစ္စပဲန်ဟာ ဘုရားမဲ့ဝါဒီတစ်ယောက်ဖြစ်ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်မှပဲ ကမ္ဘာ့ပြဿနာတွေကိုဖြေရှင်းနိုင်မယ်လို့ ယုံကြည်ခဲ့တယ်။ ဘုရားမဲ့ဝါဒီအဖြစ်ကနေ ဘုရားသခင့်ကျေးကျွန်ဖြစ်လာအောင် သူ့ကို ဘာကပြောင်းလဲပေးခဲ့တာလဲ။

နားမကြားသူတွေထဲမှာ အမှန်တရားကိုဦးဆုံးလက်ခံခဲ့သူ

ဒိုမီနီကန်သမ္မတနိုင်ငံက ဟိုစေး ပါရက်စ်ဟာ နားမကြားသူတွေထဲမှာ ဦးဆုံးသက်သေခံဖြစ်တယ်။ ဟိုစေးက ဘယ်လိုနည်းနဲ့ ကျမ်းစာသတင်းစကားကို ‘ကြား’ ခဲ့ရပြီး ကျမ်းစာသွန်သင်ချက်တွေကို ပိုနားလည်လာသလဲ။

ဘဝရည်ရွယ်ချက်ကိုရှာတွေ့

ဟိုစေး အယ်စ်တီဘက်စ်နဲ့ သူ့မိသားစုဟာ ဘ၀ရည်ရွယ်ချက်အစစ်အမှန်ကို ရှာတွေ့ခဲ့တယ်။ ယေဟောဝါဟာ ကတိတော်တွေကို ပြည့်စုံစေတဲ့အရှင်ဖြစ်တယ်ဆိုတာ သူတို့မိသားစု ဘယ်လိုကိုယ်တွေ့ခံစားနေရသလဲ။

ဘုရားအမှုဆောင်ချင်စိတ် မရှိတော့ဘူး

မာတင် ပါရီဒက်စ်ဟာ ကက်သလစ်ဘုန်းကြီးဖြစ်ဖို့ ကျမ်းစာကျောင်းတက်ခဲ့ပေမဲ့လည်း ဘုရားအမှုဆောင်ချင်စိတ် မရှိတော့ဘူး။ ကျမ်းစာကျောင်းရဲ့စာရင်းကိုင်ဆီက ငှားလိုက်တဲ့စာအုပ်ကြောင့် သူ ဘယ်လိုစိတ်ပြောင်းသွားသလဲ။